Love & Relationship

ခ်စ္သူအမ်ိဳးသားတစ္ေယာက္တည္းနဲ႕ တစ္ခ်ိန္တည္းကိုယ္ဝန္ေဆာင္မယ့္ အႁမြာညီအစ္မ

Written by admm

ခ်စ္သူအမ်ိဳးသားတစ္ေယာက္တည္းနဲ႕ တစ္ခ်ိန္တည္းကိုယ္ဝန္ေဆာင္မယ့္ အႁမြာညီအစ္မ

ၾသစေၾတးလ်နိဳ္င္ငံ၊ Perth ၿမိဳ႕က ႐ုပ္ခ်င္းခြဲမရေအာင္တူညီတဲ့ အႁမႊာညီအစ္မႏွစ္ဦးဟာ ၁၀ ႏွစ္ေက်ာ္ တြဲခုတ္ခဲ့တဲ့ သူတို႔ရဲ႕ ခ်စ္သူအမ်ိဳးသားနဲ႕ ေစ့စပ္ၿပီးေနာက္ တခ်ိန္တည္းမွာပဲ ကိုယ္ဝန္ေဆာင္ဖို႔ စီစဥ္ထားေၾကာင္း ေျပာဆိုလိုက္ပါတယ္

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Anna နဲ႕ Lucy တို႔ အႁမြာညီအစ္မဟာ အသက္ ၄ဝအ႐ြယ္ Ben Byrne ဆိုတဲ့ အမ်ိဳးသားတစ္ဦးတည္းနဲ႕ ခ်စ္သူေတြအျဖစ္ ရွိေနခဲ့ၾကတာျဖစ္ပါတယ္။

အတူတူစား၊ အတူတူအိပ္စက္ၿပီး အတူတူေရခ်ိဳးၾကတဲ့ အႁမြာညီအစ္မႏွစ္ဦးရဲ႕ ဇာတ္လမ္းက အားလုံးအတြက္ေတာ့ စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။

Ann က သူမအေနနဲ႕ In vitro fertilisation လို႔ေခၚတဲ့ IVF နည္းလမ္းနဲ႕ ကိုယ္ဝန္ေဆာင္ဖို႔ကို ႀကံစည္ထားတာျဖစ္ပါတယ္။

IVF ကတောာ ့မ်ိဳးဥတစ္ခုျဖစ္ၿပီးကိုယ္ခႏၶာျပင္ပမွာရွိတဲ့ သုက္ပိုးနဲ႕ေပါင္းစပ္ကာ ကိုယ္ဝန္ေဆာင္နိုင္မွာလည္းျဖစ္ပါတယ္။

သူတို႔ညီအစ္မႏွစ္ဦးဟာ သဘာဝအတိုင္းေမြးဖြားဖို႔အတြက္ ေဆြးႏြေးတိုင္ပင္မႈေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။

၂၀၁၉ ခုႏွစ္အတြင္းက အေမကေတာ့ ကြၽန္မတို႔ကို သဘာဝအတိုင္းေမြးဖြားဖို႔ကိုပဲ ေျပာပါတယ္၊ အဲဒါကအလုပ္ျဖစ္မလားေတာ့မသိဘူး၊ စိန္ေခၚမႈတစ္ခုလည္းျဖစ္ပါတယ္ လို႔ Today Show ကို Anna က ေျပာဆိုခဲ့ဖူးတာပါ။

ေစ့စပ္ဖို႔အတြက္ Ben က လက္စြပ္နဲ႕တူညီတဲ့ လက္စြပ္ေတြကို ျပဳလုပ္ကာ Reality TV စီးရီးတစ္ခုျဖစ္တဲ့ TLC က ထုတ္လႊင့္ေနတဲ့ Extreme Sisters ရဲ႕ ေနာက္ဆုံးအပိုင္းမွာေတာင္းဆိုခဲ့တာျဖစ္ၿပီး သူတို႔ ၃ ဦးရဲ႕ ထူးျခားတဲ့ဆက္ဆံေရးသေကၤတျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၁၂ မွာ Ben နဲ႕ စတင္ေတြ႕ရွိခဲ့ၾကတာျဖစ္ေပမယ့္ ၁၉၆၁ ခုႏွစ္ ၾသစေၾတးလ်လက္ထပ္ထိမ္းျမားမႈဥပေဒအရ မိန္းမအမ်ားအျပားယူမႈကို တားျမစ္ထားတာေၾကာင့္ သူတို႔ဟာ အျခားတိုင္းျပည္တစ္ခုမွာသာ လက္ထပ္ပြဲဆင္ႏႊဲရမွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ သူတို႔ ၃ ဦးစလုံးက မိခင္နဲ႕အတူ ေနထိုင္ေနၾကၿပီး အိပ္ယာတစ္ခုတည္းမွာပဲ အိပ္စက္ၾကကာ Ben က အလယ္မွာေနၿပီး လက္ထပ္ဖို႔ခြင့္ျပဳနိုင္မယ့္ မေလးရွား၊ အင္ဒိုနီးရွား ဒါမွမဟုတ္ အေမရိကန္ကို သြားေရာက္ဖို႔ စဥ္းစားေနၾကပါတယ္။

ဒီအႁမြာညီအစ္မႏွစ္ဦးဟာ စိတ္ခ်င္းဆက္သြယ္မႈေတြပါ ရွိေနၿပီး အိမ္သာကိုေတာင္ အတူတကြသြားၾကသလို အစားအေသာက္ကိုလည္း တူညီတဲ့ပမာဏသာ စားသုံးၾကတယ္လို႔ Daily Mail က ဆိုပါတယ္။

သူ အိမ္သာသြားတဲ့အခ်ိန္ဆို ကြၽန္မလည္း သူနဲ႕အတူသြားပါတယ္၊ သူမေရခ်ိဳးခ်ိန္ဆိုလည္း ကြၽန္မပါတယ္ လို႔ Anna က New York Post ကို ေျပာခဲ့ပါတယ္။

ဒီအတြက္ေၾကာင့္ပဲ အမ်ိဳးသားတစ္ဦးတည္းကို ညီအစ္မႏွစ္ဦးစလုံး ခ်စ္ႀကိဳက္ခဲ့တာျဖစ္မယ္ဆိုတဲ့ ယူဆခ်က္ေတြလည္း ရွိေနခဲ့ပါတယ္။

Ref: Daily Mail

Credit

Unicode

ချစ်သူအမျိုးသားတစ်ယောက်တည်းနဲ့ တစ်ချိန်တည်းကိုယ်ဝန်ဆောင်မယ့် အမြွာညီအစ်မ

သြစတြေးလျနို်င်ငံ၊ Perth မြို့က ရုပ်ချင်းခွဲမရအောင်တူညီတဲ့ အမြွှာညီအစ်မနှစ်ဦးဟာ ၁၀ နှစ်ကျော် တွဲခုတ်ခဲ့တဲ့ သူတို့ရဲ့ ချစ်သူအမျိုးသားနဲ့ စေ့စပ်ပြီးနောက် တချိန်တည်းမှာပဲ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားကြောင်း ပြောဆိုလိုက်ပါတယ်

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Anna နဲ့ Lucy တို့ အမြွာညီအစ်မဟာ အသက် ၄ဝအရွယ် Ben Byrne ဆိုတဲ့ အမျိုးသားတစ်ဦးတည်းနဲ့ ချစ်သူတွေအဖြစ် ရှိနေခဲ့ကြတာဖြစ်ပါတယ်။

အတူတူစား၊ အတူတူအိပ်စက်ပြီး အတူတူရေချိုးကြတဲ့ အမြွာညီအစ်မနှစ်ဦးရဲ့ ဇာတ်လမ်းက အားလုံးအတွက်တော့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

Ann က သူမအနေနဲ့ In vitro fertilisation လို့ခေါ်တဲ့ IVF နည်းလမ်းနဲ့ ကိုယ်ဝန်ဆောင်ဖို့ကို ကြံစည်ထားတာဖြစ်ပါတယ်။

IVF ကတောာ ့မျိုးဥတစ်ခုဖြစ်ပြီးကိုယ်ခန္ဓာပြင်ပမှာရှိတဲ့ သုက်ပိုးနဲ့ပေါင်းစပ်ကာ ကိုယ်ဝန်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

သူတို့ညီအစ်မနှစ်ဦးဟာ သဘာဝအတိုင်းမွေးဖွားဖို့အတွက် ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်းက အမေကတော့ ကျွန်မတို့ကို သဘာဝအတိုင်းမွေးဖွားဖို့ကိုပဲ ပြောပါတယ်၊ အဲဒါကအလုပ်ဖြစ်မလားတော့မသိဘူး၊ စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ် လို့ Today Show ကို Anna က ပြောဆိုခဲ့ဖူးတာပါ။

စေ့စပ်ဖို့အတွက် Ben က လက်စွပ်နဲ့တူညီတဲ့ လက်စွပ်တွေကို ပြုလုပ်ကာ Reality TV စီးရီးတစ်ခုဖြစ်တဲ့ TLC က ထုတ်လွှင့်နေတဲ့ Extreme Sisters ရဲ့ နောက်ဆုံးအပိုင်းမှာတောင်းဆိုခဲ့တာဖြစ်ပြီး သူတို့ ၃ ဦးရဲ့ ထူးခြားတဲ့ဆက်ဆံရေးသင်္ကေတဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၂ မှာ Ben နဲ့ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပေမယ့် ၁၉၆၁ ခုနှစ် သြစတြေးလျလက်ထပ်ထိမ်းမြားမှုဥပဒေအရ မိန်းမအများအပြားယူမှုကို တားမြစ်ထားတာကြောင့် သူတို့ဟာ အခြားတိုင်းပြည်တစ်ခုမှာသာ လက်ထပ်ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ ၃ ဦးစလုံးက မိခင်နဲ့အတူ နေထိုင်နေကြပြီး အိပ်ယာတစ်ခုတည်းမှာပဲ အိပ်စက်ကြကာ Ben က အလယ်မှာနေပြီး လက်ထပ်ဖို့ခွင့်ပြုနိုင်မယ့် မလေးရှား၊ အင်ဒိုနီးရှား ဒါမှမဟုတ် အမေရိကန်ကို သွားရောက်ဖို့ စဉ်းစားနေကြပါတယ်။

ဒီအမြွာညီအစ်မနှစ်ဦးဟာ စိတ်ချင်းဆက်သွယ်မှုတွေပါ ရှိနေပြီး အိမ်သာကိုတောင် အတူတကွသွားကြသလို အစားအသောက်ကိုလည်း တူညီတဲ့ပမာဏသာ စားသုံးကြတယ်လို့ Daily Mail က ဆိုပါတယ်။

သူ အိမ်သာသွားတဲ့အချိန်ဆို ကျွန်မလည်း သူနဲ့အတူသွားပါတယ်၊ သူမရေချိုးချိန်ဆိုလည်း ကျွန်မပါတယ် လို့ Anna က New York Post ကို ပြောခဲ့ပါတယ်။

ဒီအတွက်ကြောင့်ပဲ အမျိုးသားတစ်ဦးတည်းကို ညီအစ်မနှစ်ဦးစလုံး ချစ်ကြိုက်ခဲ့တာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေခဲ့ပါတယ်။

Ref: Daily Mail
Credit

About the author

admm