INTERNATIONAL NEWS
Written by admm
Unicode
ဇနီးသည်များကို ဘုရင်မ တစ်ပါးလို ထားသော မိန်းမချစ်ကျေးရွာ
မိန်းကလေးတစ်ယောက်ဧ။် ကံကောင်းခြင်းသည် မိဘအိမ်တွင် ဇိမ်နဲ့နေရခြင်းမဟုတ်ပဲ ကိုယ်ရဲ့အိမ်ထောင်ဖက်အမျိုးသားနှင့် သက်ဆိုင်သည်ဟု ဆိုကြသည်ကို ကြားဖူးကြပါလိမ့်မည်။
ယခုအခါမှာတော့ ဗီယက်နမ်နိုင်ငံ Thua Thien Hue ပြည်နယ်ရှိ Cong Luongကျေးရွာတွင် နေထိုင်သော အမျိုးသမီးများသည် ခင်ပွန်းတွေဧ။် အချစ်ကိုခံရပြီး နေပူထဲပင်ပင်ပန်းပန်း အလုပ်များထွက်မလုပ်ရသည့်အပြင် အိမ်မှုကိစ္စများကိုလည်း ခင်ပွန်းများမှ ဝိုင်းလုပ်ကူကြ၍ ဇိမ်ကျကျနေရသည်။
ထိုသို့ အချစ်ခံရသည်မှာ အမျိုးသမီးတစ်ယောက် နှစ်ယောက်တည်းမဟုတ်ပဲ တစ်ရွာလုံးတွင်ရှိသော ဇနီးသည်အားလုံးဖြစ်ပြီး အဆူခံ အရိုက်ခံရခြင်းများမရှိသည့်အပြင် ကွာရှင်းကြသည်ဆိုတာမျိုးလည်း ရွာကိုစတည်ထောင်ကတည်းက တစ်ကြိမ်တစ်ခါမျှ မဖြစ်သေးပါ။
အမျိုးသမီးများအနေနှင့် အိမ္ကေန ကလေးထိန်းခြင်း အိမ်မွေးတိရစ်ဆာန်လေးများအား ကျွေးမွေးစောင့်ရှောက်ခြင်းကိုသာ လုပ်ကိုင်ကြရသည်။တစ်ခါတစ်ရံ ထမင်းဟင်းချက်ပြုတ်သည့်အခါတွင်လည်း ခင်ပွန်းများက လုပ်ကူခဲ့ကြသည်ဟု သိရသည်။
Credit : Hlaing (Love Feeling )
About the author
admm