Life style

မြောင်းထဲပြုတ်ကျသွားပြီး အခက်တွေ့နေတဲ့ ဆင်ငယ်လေးကို ကယ်တင်ခဲ့ကြတဲ့ ရထားစီးခရီးသည်များ

Written by admm

မြောင်းထဲပြုတ်ကျသွားပြီး အခက်တွေ့နေတဲ့ ဆင်ငယ်လေးကို ကယ်တင်ခဲ့ကြတဲ့ ရထားစီးခရီးသည်များ

 အခုဖော်ပြပေးမှာက ဒီချစ်စရာကောင်းတဲ့ဆင်လေးဟာ ဆင်အုပ်စုလိုက် အတူလမ်းလျှောက်နေစဉ် သူဟာ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ရထားလမ်းအောက်ဘက်က မြောင်းထဲ ကျသွားခဲ့ပါတယ်။ ကျေးဇူးတင်စရာက ရထားဟာ ရပ်တန့်သွားပြီး ရထားပေါ်က ခရီးသည်တွေ သူ့ကိုဘေးကင်းလုံခြုံအောင် ဆွဲခေါ်နိုင်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။ ဆင်လေးကို မဆွဲတင်နိုင်ခင်မှာ ဆင်လေးအတွက် အစာတွေကျွေးကြပြီး လူတွေက ကယ်တင်နိုင်ဖို့ မြောင်ဘေးမှာ နည်းလမ်းရှာပြီး ထိုင်စောင့်နေခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာ ၎င်းဆင်ငယ်လေးကို ၎င်းလူတွေက ကယ်တင်နိုင်လိုက်ပြီး သူ့ရဲ့ ဆင်အုပ်စုတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ၎င်းဆင်ငယ်လေးဟာ ကြောက်လန့်ပုံရပေမဲ့လည်း သူ့ရဲ့အုပ်စု နဲ့ ပြန်လည်ဆုံဆည်းရခြင်းကြောင့် သူဝမ်းမြောက်ခဲ့ပါတယ်။ ရထားပေါ်ရှိနေထိုင်သူတွေ နဲ့ ခရီးသည်တွေဟာ ထိုဆင်ကို ကူညီနိုင်ခဲ့တဲ့အတွက် အလွန်ပင်ကောင်းလှပါတယ်။

Credit : Rose (KB Chimmy)

Unicode

About the author

admm