





Unicode

ပင်ပန်းလွန်းလို့ အိပ်မောကျနေတဲ့ ကားဆရာတွေကြောင့် ကိုယ်တိုင် TAXI မောင်းခဲ့ကြရတဲ့ ခရီးသည်များ

သာမာန်လူတန်းစားတွေအနေနဲ့ အခုလိုခက်ခဲကျပ်တည်းတဲ့အချိန်မှာ နေ့ရောညပါ မရပ္မနား အလုပ်ကြိုးစားလုပ်ကိုင်နေကြရတာပါ ။ ဒါကြောင့် ဒီတစ်ခေါက်ဖော်ပြမဲ့ မိန်းကလေးဆိုရင်လည်း သူမ taxi ကား ငှါးစီးနေရင်း ကားဆရာက မခံမရပ်နိုင်အောင် အိပ်စက်ချင်လို့ သူမကိုကားပေါ်ကဆင်းပြီး အျခား taxi ကားသာငှါးစီးဖို့ပြောဆိုခဲ့ပါတယ် ။ ဒါကြောင့် သူမလည်း ခရီးတစ်ဝက်မှာ အျခားကားတစ္စီး ထပ်ငှါးလို့မရမှာ စိုးရိမ်လို့ ကားဆရာကို အနောက်မှာလိုက်စီးပြီး သူမကသာ ကားမောင်းပေးမယ်ဆိုပြီး တောင်းဆိုခဲ့ရပါတယ် ။

ကားဆရာကလည်း အနည်းငယ်ရှက်ရွံ့သွားပေမဲ့ သူမရဲ့တောင်းဆိုမှုကိုလိုက်လျောခဲ့ပါတယ် ။ ကားဆရာကလည်း အတော်လေးပင်ပန်းနေပြီး ခရီးသည်ခုံမှာ အိပ်မောကျကာ ဟောက်ပါဟောက်နေခဲ့ပါသေးတယ် ။

သူမလည်း သွားချင်တဲ့နေရာရောက်တာနဲ့ချက်ချင်း အိပ်မောကျနေတဲ့ကားဆရာကို နှိုးခဲ့ပါတယ် ။ သူမရဲ့အဖြစ်အပျက်ကို နောက်ဆုံး facebook စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါသေးတယ် ။ သူမလိုပဲ အလားတူ ဖိလစ်ပိုင်က taxi ဆရာကလည်း အရမ်းပင်ပန်းပြီး အိပ်မောကျကာ အခြားခရီးသည်အမျိုးသားတွေ ကိုယ်တိုင်ကားမောင်းခဲ့ရတဲ့ အဖြစ်မျိုးလည်းရှိခဲ့ပါသေးတယ် ။

Credit : Jasmine (Mckzone Daily)