Pet & Love

သုံးရက္ေလာက္ေပ်ာက္သြားၿပီးမွေနာက္ဆုံး အိမ္ကိုအေႂကြးစာရင္းနဲ႕ျပန္ေရာက္လာခဲ့တဲ့ ေၾကာင္ေလး

Written by admm

သုံးရက္ေလာက္ေပ်ာက္သြားၿပီးမွေနာက္ဆုံး အိမ္ကိုအေႂကြးစာရင္းနဲ႕ျပန္ေရာက္လာခဲ့တဲ့ ေၾကာင္ေလး


ေၾကာင္ေလးေတြဟာ ပင္ကိုသဘာဝအားျဖင့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့သတၱဝါေလးေတြျဖစ္ၿပီး တခ်ိဳ႕ေသာ လြတ္လပ္မႈေတြကို ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔ ပိုင္ရွင္လူသားေတြရဲ႕ကေလးေလးအျဖစ္ ေနထိုင္ရတာကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ေၾကာင္အမ်ားစုမွာ မတူညီတဲ့စရိုက္အမ်ိဳးမ်ိဳးရွိၾကေပမဲ့ ထိုင္းနိုင္ငံရွိဒီခ်စ္ေမြးႀကီးနဲ႕ေၾကာင္ဆိုးေလးကေတာ့ အျပင္မထြက္ရမေနနိုင္တဲ့ဆႏၵတစ္ခုျပင္းျပေနပုံရပါတယ္။Chang Phuakဆိုတဲ့အေကာင့္ပိုင္ရွင္ရဲ႕ပို႔စ္မွာ ထိုင္းနိုင္ငံရွိေၾကာင္ေလးတစ္ေကာင္ဟာ သူ႕ရဲ႕သုံးရက္တာခရီးစဥ္အၿပီး အိမ္ကိုျပန္လာၿပီးေနာက္ သူ႕အေၾကာင္းလူသိမ်ားထင္ရွားသြားခဲ့ပါတယ္။ပုံေတြထဲအရၾကည့္ရင္ေတာ့ အိမ္ကို ေကာင္းေကာင္းမြန္မြန္ျပန္ေရာက္လာေတာ့ သူ႕ကိုယ္သူဂုဏ္ယူအားရေနပုံပါဘဲ။

ဒါေပမဲ့ ပိုင္ရွင္ျဖစ္သူက သူ႕ေကာ္လန္မွာ တစ္ခုခုပါလာတာကို သတိထားမိၿပီး အေသအခ်ာၾကည့္လိုက္ေတာ့ ေဈးတစ္ခုကေန ငါးကို အလကားစားခဲ့တာေၾကာင့္ အေႂကြးေတာင္းခံစာပါတဲ့ကတ္ထူျပားတစ္ခုျဖစ္ေနခဲ့ပါတယ္။

ေရးထားတဲ့စာကေတာ့ နင့္ေၾကာင္က ငါ့ရဲ႕စတိုးဆိုင္က မက္ကရယ္ငါးေတြကို တစိပ္စိပ္ၾကည့္ေနလို႔ ငါသုံးခုေကြၽးလိုက္တယ္ ပုံ အန္တီေမ၊လမ္းၾကားအမွတ္ ၂ဆိုၿပီး ဖုန္းနံပါတ္ေလးပါထည့္ေပးထားလိုက္ပါေသးတယ္။ခ်စ္ဖို႔ေကာင္းတဲ့ေၾကာင္ေလးရဲ႕ပိုင္ရွင္လည္း မၾကာမီအခ်ိန္တြင္း ေၾကာင္ေလးရဲ႕အေႂကြးကို အျမန္ျပန္သြားဆပ္ေပးလိမ့္မယ္လို႔လည္းေမွ်ာ္လင့္ရင္း သေဘာေကာင္းတဲ့အန္တီေမလည္း ေၾကာင္ေလးကို အစာေကြၽးတဲ့အတြက္ေၾကာင့္ သူမရဲ႕စီးပြါးေရးလည္း ပိုေကာင္းမြန္လာပါေစလို႔လည္း ဆုေတာင္းမိပါတယ္။စာဖတ္သူတို႔ရဲ႕အခ်စ္ေတာ္ေလးေတြေကာ သုံး၊ေလးရက္ေလာက္ ႐ုတ္တရက္ေပ်ာက္သြားၿပီး အိမ္ကို စပရိုက္အႀကီးႀကီးေတြ သယ္ျပန္လာဖူးပါသလား။

Credit-Jasmine (Mckzoe Daily)

Unicode

သုံးရက်လောက်ပျောက်သွားပြီးမှနောက်ဆုံး အိမ်ကိုအကြွေးစာရင်းနဲ့ပြန်ရောက်လာခဲ့တဲ့ ကြောင်လေး
ကြောင်လေးတွေဟာ ပင်ကိုသဘာဝအားဖြင့် စိတ်ဝင်စားဖို့ကောင်းတဲ့သတ္တဝါလေးတွေဖြစ်ပြီး တချို့သော လွတ်လပ်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ပိုင်ရှင်လူသားတွေရဲ့ကလေးလေးအဖြစ် နေထိုင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ကြောင်အများစုမှာ မတူညီတဲ့စရိုက်အမျိုးမျိုးရှိကြပေမဲ့ ထိုင်းနိုင်ငံရှိဒီချစ်မွေးကြီးနဲ့ကြောင်ဆိုးလေးကတော့ အပြင်မထွက်ရမနေနိုင်တဲ့ဆန္ဒတစ်ခုပြင်းပြနေပုံရပါတယ်။Chang Phuakဆိုတဲ့အကောင့်ပိုင်ရှင်ရဲ့ပို့စ်မှာ ထိုင်းနိုင်ငံရှိကြောင်လေးတစ်ကောင်ဟာ သူ့ရဲ့သုံးရက်တာခရီးစဉ်အပြီး အိမ်ကိုပြန်လာပြီးနောက် သူ့အကြောင်းလူသိများထင်ရှားသွားခဲ့ပါတယ်။ပုံတွေထဲအရကြည့်ရင်တော့ အိမ်ကို ကောင်းကောင်းမွန်မွန်ပြန်ရောက်လာတော့ သူ့ကိုယ်သူဂုဏ်ယူအားရနေပုံပါဘဲ။

ဒါပေမဲ့ ပိုင်ရှင်ဖြစ်သူက သူ့ကော်လန်မှာ တစ်ခုခုပါလာတာကို သတိထားမိပြီး အသေအချာကြည့်လိုက်တော့ ဈေးတစ်ခုကနေ ငါးကို အလကားစားခဲ့တာကြောင့် အကြွေးတောင်းခံစာပါတဲ့ကတ်ထူပြားတစ်ခုဖြစ်နေခဲ့ပါတယ်။

ရေးထားတဲ့စာကတော့ နင့်ကြောင်က ငါ့ရဲ့စတိုးဆိုင်က မက်ကရယ်ငါးတွေကို တစိပ်စိပ်ကြည့်နေလို့ ငါသုံးခုကျွေးလိုက်တယ် ပုံ အန်တီမေ၊လမ်းကြားအမှတ် ၂ဆိုပြီး ဖုန်းနံပါတ်လေးပါထည့်ပေးထားလိုက်ပါသေးတယ်။ချစ်ဖို့ကောင်းတဲ့ကြောင်လေးရဲ့ပိုင်ရှင်လည်း မကြာမီအချိန်တွင်း ကြောင်လေးရဲ့အကြွေးကို အမြန်ပြန်သွားဆပ်ပေးလိမ့်မယ်လို့လည်းမျှော်လင့်ရင်း သဘောကောင်းတဲ့အန်တီမေလည်း ကြောင်လေးကို အစာကျွေးတဲ့အတွက်ကြောင့် သူမရဲ့စီးပွါးရေးလည်း ပိုကောင်းမွန်လာပါစေလို့လည်း ဆုတောင်းမိပါတယ်။စာဖတ်သူတို့ရဲ့အချစ်တော်လေးတွေကော သုံး၊လေးရက်လောက် ရုတ်တရက်ပျောက်သွားပြီး အိမ်ကို စပရိုက်အကြီးကြီးတွေ သယ်ပြန်လာဖူးပါသလား။

Credit-Jasmine (Mckzoe Daily)

About the author

admm