Life style

သေဒဏ်ချခံထားရတဲ့ သား ၄ ယောက်ထဲက သားအငယ်လေး သူ့အမေဆီ ရေးလိုက်တဲ့စာ( အေဖ့ကို အရက်တွေ မသောက်ပါနဲလို့ ပြောပေးပါ )

Written by admm

သေဒဏ်ချခံထားရတဲ့ သား ၄ ယောက်ထဲက သားအငယ်လေး သူ့အမေဆီ ရေးလိုက်တဲ့စာ( အေဖ့ကို အရက်တွေ မသောက်ပါနဲလို့ ပြောပေးပါ )






Credit

Unicode

သေဒဏ်ချခံထားရတဲ့ သား ၄ ယောက်ထဲက သားအငယ်လေး သူ့အမေဆီ ရေးလိုက်တဲ့စာ( အေဖ့ကို အရက်တွေ မသောက်ပါနဲလို ့့့ ပြောပေးပါ )

အမေနေကောင်းလားကျန်းမာရေးဂရုစိုက်နော်သားသတိရလို့စာရေးလိုက်ပါတယ် အဖေ့ကိုလည်းပြောလိုက်ပါဖေကြီးကျန်းမာရေးဂရုစိုက်ပြီးနေပါလို့ အရက်တွေလည်းအရမ်းမသောက်ပါနဲ့လို့ ဖေကြီးတို့ သားတို့ညီအကိုလေးယောက်စလုံးအတွက် ဘာမှစိတ်မပူပါနဲ့နော် သားတို့အတွက်အကုန်လုံးအဆင်ပြေတယ် ညီမလေးနဲ့ယောက်ဖကိုလည်းပြောလိုက်ပါနော်သားတို့သတိရပါတယ်လို့

ကိုကြီးကျောင်းဆရာကိုလည်းပြောလိုက်ပါနော် သားတို့လေးယောက်စလုံးအတွက် အင်္ကျီတစ်ယောက်တစ်စုံစီထည့်ပေးလိုက်နော်မေကြီး သားတို့အချိန်တန်ရင်အဖေနဲ့အမေဆီ ရောက်အောင်ပြန်လာခဲ့မယ် သားရဲ့မိန်းမကိုလည်းပြောလိုက်ပါ သားအရမ်းသတိရပါတယ်လို့ သားအဓိကထားပြီးမှာချင်တာက အဖေနဲ့အမေ ကျန်းမာရေးကိုသာအဓိကထားပြီး အစစအရာရာဂရုစိုက်ပါနော်မေကြီး ကြက်ဖ အင်္ကျီအဆင်းကားလေးကို သေခါသိမ်းထားပေးပါနော် မေကြီး

သားတို့ အချိန်တန်ရင် အဖေနဲ့အမေဆီကို ရောက်အောင်ပြန်လာခဲ့မယ် တဲ့။

အန်တီကြီးက ပျော်လွန်းလို့ ကနေတာမဟုတ်ပါဘူး သူ့သား လေးယောက်စလုံး သေဒဏ်ပေးခံရလို့ ရူးမတတ်ငိုကြွေးကာ စိတ်လွတ်ပြီးသွေးရူးသွေးတန်းနဲ့ ကေနတာပါ။

သားတွေဆုံးရှုံးသွားလို့ မိခင်ခံစားရတဲ့ ဝေဒနာနဲ့ထပ်တူ နာကျင်ရပါတယ်။

Credit

About the author

admm