Life style

အမ်ိဳးသားတစ္ေယာက္မွ ဝင္ခြင့္မရိွတဲ့ မိန္းမလွေတာအုပ္ကေလး

Written by admm

အမ်ိဳးသားတစ္ေယာက္မွ ဝင္ခြင့္မရိွတဲ့ မိန္းမလွေတာအုပ္ကေလး

အင္ဒိုနီးရွားနိုင္ငံ၊ ကြၽန္းျပည္နယ္ေလးတစ္ခုျဖစ္တဲ့ ပါပူအာျပည္နယ္မွာ ထူးဆန္းတဲ့ ေတာအုပ္ကေလး ရွိပါတယ္။ အဲဒါေကတာ့ ေဒသခံေတြ တင္စားၾကတဲ့ မိန္းမလွေတာအုပ္ေလးျဖစ္ပါတယ္။ အမ်ိဳးသမီးေတြသာ ဝင္ေရာက္ခြင့္ရွိတဲ့ ေတာအုပ္ေလးျဖစ္ပါတယ္။ မိန္းမလွေတာအုပ္ဆိုေပမယ့္ အဲဒီမြာ အိုအိုပ်ိဳပ်ိဳေတြ စုံစုံလင္လင္ ေတြ႕နိုင္ပါတယ္။

အမ်ိဳးသားေတြကို အဲဒီေတာအုပ္ထဲ ဝင္ခြင့္ မျပဳပါဘူး။ ဝင္ဖို႔ ႀကိဳးစားရင္ေတာင္ ဒဏ္ေငြတပ္ခံရနိုင္ပါတယ္။ အဲဒီေတာအုပ္ငယ္ေလးဟာ ဂ်ာယာပူရၿမိဳ႕နယ္ရဲ႕ အဝင္အပါျဖစ္ၿပီး၊ အမ်ိဳးသမီး အ႐ြယ္စုံရဲ႕ သီးျခားေနရာေလးတစ္ခုပါ။ ဒီေနရာေလးမွာ သူတို႔ အၿမဲတမ္းေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒီေနရာေလးမွာ သူတို႔ ဘဝေရွ႕ေရးေတြ တိုင္ပင္ၾကတယ္-

သူတို႔ရဲ႕ ျဖစ္ေၾကာင္းကုန္စဥ္ေတြကို ႏွီးႏွောဖလွယ္ၾကတယ္။ သူတို႔ ရထိုက္တဲ့ အခြင့္အေရးေတြ၊ အခ်င္းခ်င္း အားေပးႏွစ္သိမ့္မႈေတြအတြက္ ဒီေနရာေလးဟာ အမ်ိဳးသမီးေရးရာ ဌာနတစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲဒီေနရာကို မွားၿပီးဝင္တာပဲျဖစ္ျဖစ္ သိလိုဝင္တာပဲျဖစ္ျဖစ္ ဝင္မိတဲ့အမ်ိဳးသားကို အင္ဒို႐ူပီး တစ္သန္း ဒဏ္ရိုက္ပါတယ္။

႐ူပီးတစ္သန္းဆိုေပမယ့္ မ်ားျပားလွတဲ့ ေငြပမာဏေတာ့ မဟုတ္ပါဘူး။ လက္ရွိ ေငြေပါက္ေဈအရ အေမရိကန္ေဒၚလာ (၇၀)ဝန္းက်င္သာ ရွိပါလိမ့္မယ္။ ဒီေတာအုပ္ေလးနဲ႕ပတ္သက္တဲ့ မွတ္တမ္းဗြီဒီယိုထဲမွာ အနီးအနားမွာေနထိုင္တဲ့ ႐ြာသား Adriana Meraudje က ဒီေတာအုပ္ေလးက အမ်ိဳးသမီးသီးသန႔္ ေတာအုပ္ေပါ့ ကြၽန္ေတာ္ မေမြးခင္ကတည္းက ရွိေနတာ

ဟိုတုန္းကတည္းကေန အခုအခ်ိန္ထိ ေတာအုပ္နဲ႕ပတ္သက္တဲ့ စည္းမ်ဥ္းေတြကေတာ့ မေျပာင္းလဲဘူး အမ်ိဳးသမီးေတြ ဒီအထဲဝင္မယ္ဆို အဝတ္ေတြ ခြၽတ္ရတယ္ ဘာမြ ဝတ္လို႔မရဘူးေနာ္ မဟုတ္ရင္ ေယာက္်ားေလးေတြနဲ႕ မွားယြင္းနိုင္တယ္ေလ ဝင္တဲ့ေယာက္်ား မိရင္ နယ္ေျမခံတရား႐ုံးမွာ ႐ုံးတင္ခံရတယ္ လို႔ ေျပာပါတယ္။

အမ်ိဳးႀကီးတစ္ဦးျဖစ္တဲ့ Ari Rumboyrusi က အေၾကာင္းတစ္ခုခုရွိရင္ ဒီမြာ ကြၽန္မတို႔ စုေဝးတယ္ အနီးအနားက မိတ္ေဆြသူငယ္ခ်င္းေတြကို ဖိတ္လိုက္တယ္ ေခ်ာင္းကို စက္ေလွနဲ႕ ကူးၾကတယ္ ေတာထဲေရာက္တာနဲ႕ ကြၽန္မတို႔ လြတ္လပ္သြားၿပီ ဒီမြာက ေယာက္်ားဆို တစ္ေယာက္မွ မရွိဘူးေလ လို႔ ေျပာပါတယ္။

ေတာထဲမွာ သူတို႔အခက္အခဲေတြကို ေခါင္းေဆာင္ေတြနဲ႕ တိုင္ပင္ၾကေၾကာင္း၊ ပင္လယ္ေရထဲမွာ ကိုယႅဳံးတီး ေရကူးၾကသလို၊ စိတ္တည္ၿငိမ္ဖို႔ ႐ႊံ႕ေတြထဲမွာ ခ႐ုေကာက္ၾကေၾကာင္း၊ ယင္းေနာက္ အနီးအနားက ေဈးေတြကိုသြားေရာက္ၿပီး ခ႐ုေတြ၊ ေယာက္သြားေတြကို ေရာင္းခ်ၾကတယ္လို႔ ဆိုပါတယ္။ ဒီနယ္ေျမမွာေတာ့ ဒီေတာအုပ္ကေလးသာမရွိရင္ သူမတို႔ အခက္အခဲေတြ ရင္ဆိုင္ရမယ္လို႔ သူမက ေျပာပါတယ္။

Crd

Unicode

အမျိုးသားတစ်ယောက်မှ ဝင်ခွင့်မရှိတဲ့ မိန်းမလှတောအုပ်ကလေး

အင်ဒိုနီးရှားနိုင်ငံ၊ ကျွန်းပြည်နယ်လေးတစ်ခုဖြစ်တဲ့ ပါပူအာပြည်နယ်မှာ ထူးဆန်းတဲ့ တောအုပ်ကလေး ရှိပါတယ်။ အဲဒါကေတာ့ ဒေသခံတွေ တင်စားကြတဲ့ မိန်းမလှတောအုပ်လေးဖြစ်ပါတယ်။ အမျိုးသမီးတွေသာ ဝင်ရောက်ခွင့်ရှိတဲ့ တောအုပ်လေးဖြစ်ပါတယ်။ မိန်းမလှတောအုပ်ဆိုပေမယ့် အဲဒီမွာ အိုအိုပျိုပျိုတွေ စုံစုံလင်လင် တွေ့နိုင်ပါတယ်။

အမျိုးသားတွေကို အဲဒီတောအုပ်ထဲ ဝင်ခွင့် မပြုပါဘူး။ ဝင်ဖို့ ကြိုးစားရင်တောင် ဒဏ်ငွေတပ်ခံရနိုင်ပါတယ်။ အဲဒီတောအုပ်ငယ်လေးဟာ ဂျာယာပူရမြို့နယ်ရဲ့ အဝင်အပါဖြစ်ပြီး၊ အမျိုးသမီး အရွယ်စုံရဲ့ သီးခြားနေရာလေးတစ်ခုပါ။ ဒီနေရာလေးမှာ သူတို့ အမြဲတမ်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီနေရာလေးမှာ သူတို့ ဘဝရှေ့ရေးတွေ တိုင်ပင်ကြတယ်-

သူတို့ရဲ့ ဖြစ်ကြောင်းကုန်စဉ်တွေကို နှီးနှောဖလှယ်ကြတယ်။ သူတို့ ရထိုက်တဲ့ အခွင့်အရေးတွေ၊ အချင်းချင်း အားပေးနှစ်သိမ့်မှုတွေအတွက် ဒီနေရာလေးဟာ အမျိုးသမီးရေးရာ ဌာနတစ်ခုလို့တောင် ပြောလို့ရပါတယ်။ အဲဒီနေရာကို မှားပြီးဝင်တာပဲဖြစ်ဖြစ် သိလိုဝင်တာပဲဖြစ်ဖြစ် ဝင်မိတဲ့အမျိုးသားကို အင်ဒိုရူပီး တစ်သန်း ဒဏ်ရိုက်ပါတယ်။

ရူပီးတစ်သန်းဆိုပေမယ့် များပြားလှတဲ့ ငွေပမာဏတော့ မဟုတ်ပါဘူး။ လက်ရှိ ငွေပေါက်ဈေအရ အမေရိကန်ဒေါ်လာ (၇၀)ဝန်းကျင်သာ ရှိပါလိမ့်မယ်။ ဒီတောအုပ်လေးနဲ့ပတ်သက်တဲ့ မှတ်တမ်းဗွီဒီယိုထဲမှာ အနီးအနားမှာနေထိုင်တဲ့ ရွာသား Adriana Meraudje က ဒီတောအုပ်လေးက အမျိုးသမီးသီးသန့် တောအုပ်ပေါ့ ကျွန်တော် မမွေးခင်ကတည်းက ရှိနေတာ

ဟိုတုန်းကတည်းကနေ အခုအချိန်ထိ တောအုပ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကတော့ မပြောင်းလဲဘူး အမျိုးသမီးတွေ ဒီအထဲဝင်မယ်ဆို အဝတ်တွေ ချွတ်ရတယ် ဘာမွ ဝတ်လို့မရဘူးနော် မဟုတ်ရင် ယောက်ျားလေးတွေနဲ့ မှားယွင်းနိုင်တယ်လေ ဝင်တဲ့ယောက်ျား မိရင် နယ်မြေခံတရားရုံးမှာ ရုံးတင်ခံရတယ် လို့ ပြောပါတယ်။

အမျိုးကြီးတစ်ဦးဖြစ်တဲ့ Ari Rumboyrusi က အကြောင်းတစ်ခုခုရှိရင် ဒီမွာ ကျွန်မတို့ စုဝေးတယ် အနီးအနားက မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်လိုက်တယ် ချောင်းကို စက်လှေနဲ့ ကူးကြတယ် တောထဲရောက်တာနဲ့ ကျွန်မတို့ လွတ်လပ်သွားပြီ ဒီမွာက ယောက်ျားဆို တစ်ယောက်မှ မရှိဘူးလေ လို့ ပြောပါတယ်။

တောထဲမှာ သူတို့အခက်အခဲတွေကို ခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြကြောင်း၊ ပင်လယ်ရေထဲမှာ ကိုယ္လုံးတီး ရေကူးကြသလို၊ စိတ်တည်ငြိမ်ဖို့ ရွှံ့တွေထဲမှာ ခရုကောက်ကြကြောင်း၊ ယင်းနောက် အနီးအနားက ဈေးတွေကိုသွားရောက်ပြီး ခရုတွေ၊ ယောက်သွားတွေကို ရောင်းချကြတယ်လို့ ဆိုပါတယ်။ ဒီနယ်မြေမှာတော့ ဒီတောအုပ်ကလေးသာမရှိရင် သူမတို့ အခက်အခဲတွေ ရင်ဆိုင်ရမယ်လို့ သူမက ပြောပါတယ်။

Crd

About the author

admm