Life style

၅ႏွစ္အ႐ြယ္ ကေလးရဲ႕အသက္ကို ကယ္တင္ေပးဖို႔ မိုးေရထဲမွာ နာရီေပါင္းမ်ားစြာ တန္းစီေစာင့္ေနခဲ့တဲ့ အလႉရွင္မ်ား

Written by admm

၅ႏွစ္အ႐ြယ္ ကေလးရဲ႕အသက္ကို ကယ္တင္ေပးဖို႔ မိုးေရထဲမွာ နာရီေပါင္းမ်ားစြာ တန္းစီေစာင့္ေနခဲ့တဲ့ အလႉရွင္မ်ား

UK နိုင္ငံ Worcester ၿမိဳ႕ရွိ အသက္ ၅ႏွစ္အ႐ြယ္ Oscar Saxelby-Lee အမည္ရွိေကာင္ေလးဟာ အလြန္ရွားပါးတဲ့ကင္ဆာေရာဂါတစ္မ်ိဳးကို ခံစားေနရၿပီး သူ႕ရဲ႕မိဘမ်ားက သူ႕ဘဝကို ကယ္တင္နိုင္ဖို႔ အလြန္အမင္း ႀကိဳးစားေနခဲ့ၾကပါတယ္။ဆရာဝန္မ်ားရဲ႕အဆိုအရ သနားစရာေကာင္းတဲ့ကေလးငယ္ဟာ သူ႕ရဲ႕ Acute Lymphoblastic Leukaemia (ALL) ကို ကုသရန္ လိုက္ဖက္တဲ့ပင္မဆဲလ္လႉဒါန္းသူအား ရွာေဖြရန္ အခ်ိန္ သုံးလခန႔္သာရွိပါတယ္။ထို႔ေနာက္ လူဦးေရေပါင္း ၄,၈၅၅ ဦးတို႔ဟာ လႉဒါန္းသူမ်ားအျဖစ္ အစမ္းသပ္ခံရန္ ေဆး႐ုံသို႔ ေရာက္လာၾကၿပီး မိုးေရထဲမွာ နာရီေပါင္းမ်ားစြာ ဆက္တိုက္ရပ္ေနခဲ့ၾကကာ ၎အျဖစ္အပ်က္ဟာ အင္တာနက္ကို လႈပ္ခါသြားေစခဲ့ပါတယ္။

UK မြာ ႏွစ္စဥ္ လူ ၆၅၀ ခန႔္သာ ေရာဂါျဖစ္ပြါးၿပီး လူနာရဲ႕ထက္ဝက္ခန႔္က ကေလးမ်ားျဖစ္ၾကပါတယ္။ယခုအခ်ိန္ထိ Oscar ဟာ ေသြးကို အႀကိမ္ ၂၀ သြင္းခဲ့ၿပီး ဓာတုကုထုံးျဖင့္ ေလးပတ္အၾကာ ကုသမႈခံယူခဲ့ပါတယ္။

Oscar ရဲ႕ ဆရာ Sarah Keating က သူဟာ လူအမ္ားကို အႏွစ္ ၂၀ ၾကာ ေဆးကုသေပးခဲ့ေပမဲ့ Oscar လို ေရာဂါကို ေတာင့္ခံနိုင္တဲ့ကေလးကိုေတာ့ မေတြ႕ဖူးခဲ့ေၾကာင္း ဆိုပါတယ္။

Oscarရဲ႕မိဘမ်ားျဖစ္တဲ့ Jamie ႏွင့္ Olivia တို႔ဟာ ေကာင္ေလးရဲ႕ရဲစြမ္းသတၱိကေန လႈံေဆာ္မႈယူၿပီး ဆက္ေတာင့္ထားေနခဲ့ၾကပါတယ္။မိခင္ျဖစ္တဲ့ Olivia က ဥမင္လိုဏ္ေခါင္းရဲ႕အဆုံးမွာ ကြၽန္မတို႔အလင္းေရာင္မျမင္နိုင္ေတာ့သလို ခံစားခဲ့ရတယ္၊ဒါေပမဲ့ Oscar ေလးရဲ႕ လူလည္က်တဲ့အၿပဳံး နဲ႕ ရဲရင့္မႈေတြကို ၾကည့္တဲ့အခါတိုင္း ကြၽန္မတို႔ရဲ႕အစြမ္းသတၱိကို ထပ္မံစုစည္းနိုင္ခဲ့တယ္ လို႔ဆိုခဲ့ပါတယ္။

Oscar ဟာ ေပ်ာ္စရာေကာင္းၿပီး ခ္စၱတ္သလို အင္အားျပည့္ဝတဲ့ ၅ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႕ရဲ႕ကေလးဘဝကို ပိုင္ဆိုင္နိုင္ဖို႔ တစ္စုံတစ္ေယာက္က သူ႕ကို ကယ္တင္ေပးဖို႔လိုေၾကာင္း Olivia က လုအမ္ားကို ေတာင္းဆိုေနခဲ့ပါတယ္။

ထို႔အျပင္ ဆရာ Laura Senter က ထိတ္လန႔္စရာေကာင္းတဲ့ Oscarရဲ႕ေရာဂါအေျခအေနကို ေဖာ္ျပခဲ့ၿပီး Oscar ေလးအတြက္ အိမၼက္ဆိုးတစၡဳလိုပါဘဲ ၊ အခုခ်ိနမွာ အလႉရွင္ရွာဖို႔ကလႊဲရင္ ကြၽန္ေတာ္တို႔ ဘာမွမလုပ္ေပးနိုင္ေတာ့တာေၾကာင့္ အျမန္ဆုံးရွာေတြ႕ဖို႔ လုပ္ေဆာင္ေနတယ္ လို႔ ဆိုခဲ့ပါတယ္။

ကံေကာင္းေထာက္မစြာနဲ႕ ျပည္သူလူထုဟာ အလႉရွင္မ်ားကို ဖိတ္ၾကားျခင္းအေပၚ ခ်က္ခ်င္းတုံ႕ျပန္ေပးခဲ့ၾကၿပီး လူေပါင္းမ်ားစြာနဲ႕ လာေရာက္တန္းစီေနခဲ့ၾကပါတယ္။ထို႔ေနာက္ မိုးေရထဲမွာ တန္းစီေနတဲ့ ျပည္သူေတြကို ေစတနာ့ ဝန္ထမ္းအေယာက္ ၈၀ေလာက္က ကူညီေပးခဲ့ၾကၿပီး သိပၸံပညာရွင္မ်ားက ၎တို႔ထဲမွ Oscar ေလးနဲ႕ အလားတူေသြးဖြဲ႕စည္းမႈရွိသူတစ္ဦးကို ေတြ႕ရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကရပါတယ္။

DKMS ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Sarah Gray က ဒါဟာ ထီေပါက္သြားသလိုပါဘဲ ၊ နည္းနည္းေတာ့ အခက္ေတြ႕ေစေပမဲ့ အလႉရွင္ေတြကို စစ္ေဆးနိုင္ေလေလ Oscar အျပင္ Oscar လို လူနာေတြရဲ႕အသက္ကို ကယ္တင္ေပးဖို႔ အခြင့္အေရးမ်ားေလေလပါဘဲ လို႔ ဆိုခဲ့ပါတယ္။

Crd

Unicode

၅နှစ်အရွယ် ကလေးရဲ့အသက်ကို ကယ်တင်ပေးဖို့ မိုးရေထဲမှာ နာရီပေါင်းများစွာ တန်းစီစောင့်နေခဲ့တဲ့ အလှူရှင်များ

UK နိုင်ငံ Worcester မြို့ရှိ အသက် ၅နှစ်အရွယ် Oscar Saxelby-Lee အမည်ရှိကောင်လေးဟာ အလွန်ရှားပါးတဲ့ကင်ဆာရောဂါတစ်မျိုးကို ခံစားနေရပြီး သူ့ရဲ့မိဘများက သူ့ဘဝကို ကယ်တင်နိုင်ဖို့ အလွန်အမင်း ကြိုးစားနေခဲ့ကြပါတယ်။ဆရာဝန်များရဲ့အဆိုအရ သနားစရာကောင်းတဲ့ကလေးငယ်ဟာ သူ့ရဲ့ Acute Lymphoblastic Leukaemia (ALL) ကို ကုသရန် လိုက်ဖက်တဲ့ပင်မဆဲလ်လှူဒါန်းသူအား ရှာဖွေရန် အချိန် သုံးလခန့်သာရှိပါတယ်။ထို့နောက် လူဦးရေပေါင်း ၄,၈၅၅ ဦးတို့ဟာ လှူဒါန်းသူများအဖြစ် အစမ်းသပ်ခံရန် ဆေးရုံသို့ ရောက်လာကြပြီး မိုးရေထဲမှာ နာရီပေါင်းများစွာ ဆက်တိုက်ရပ်နေခဲ့ကြကာ ၎င်းအဖြစ်အပျက်ဟာ အင်တာနက်ကို လှုပ်ခါသွားစေခဲ့ပါတယ်။

UK မွာ နှစ်စဉ် လူ ၆၅၀ ခန့်သာ ရောဂါဖြစ်ပွါးပြီး လူနာရဲ့ထက်ဝက်ခန့်က ကလေးများဖြစ်ကြပါတယ်။ယခုအချိန်ထိ Oscar ဟာ သွေးကို အကြိမ် ၂၀ သွင်းခဲ့ပြီး ဓာတုကုထုံးဖြင့် လေးပတ်အကြာ ကုသမှုခံယူခဲ့ပါတယ်။

Oscar ရဲ့ ဆရာ Sarah Keating က သူဟာ လူအမ်ားကို အနှစ် ၂၀ ကြာ ဆေးကုသပေးခဲ့ပေမဲ့ Oscar လို ရောဂါကို တောင့်ခံနိုင်တဲ့ကလေးကိုတော့ မတွေ့ဖူးခဲ့ကြောင်း ဆိုပါတယ်။

Oscarရဲ့မိဘများဖြစ်တဲ့ Jamie နှင့် Olivia တို့ဟာ ကောင်လေးရဲ့ရဲစွမ်းသတ္တိကနေ လှုံဆော်မှုယူပြီး ဆက်တောင့်ထားနေခဲ့ကြပါတယ်။မိခင်ဖြစ်တဲ့ Olivia က ဥမင်လိုဏ်ခေါင်းရဲ့အဆုံးမှာ ကျွန်မတို့အလင်းရောင်မမြင်နိုင်တော့သလို ခံစားခဲ့ရတယ်၊ဒါပေမဲ့ Oscar လေးရဲ့ လူလည်ကျတဲ့အပြုံး နဲ့ ရဲရင့်မှုတွေကို ကြည့်တဲ့အခါတိုင်း ကျွန်မတို့ရဲ့အစွမ်းသတ္တိကို ထပ်မံစုစည်းနိုင်ခဲ့တယ် လို့ဆိုခဲ့ပါတယ်။

Oscar ဟာ ပျော်စရာကောင်းပြီး ခ်စ္တတ္သလို အင်အားပြည့်ဝတဲ့ ၅နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ကလေးဘဝကို ပိုင်ဆိုင်နိုင်ဖို့ တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်ပေးဖို့လိုကြောင်း Olivia က လုအမ်ားကို တောင်းဆိုနေခဲ့ပါတယ်။

ထို့အပြင် ဆရာ Laura Senter က ထိတ်လန့်စရာကောင်းတဲ့ Oscarရဲ့ရောဂါအခြေအနေကို ဖော်ပြခဲ့ပြီး Oscar လေးအတွက် အိမ္မက္ဆိုးတစ္ခုလိုပါဘဲ ၊ အခုချိနမှာ အလှူရှင်ရှာဖို့ကလွှဲရင် ကျွန်တော်တို့ ဘာမှမလုပ်ပေးနိုင်တော့တာကြောင့် အမြန်ဆုံးရှာတွေ့ဖို့ လုပ်ဆောင်နေတယ် လို့ ဆိုခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ ပြည်သူလူထုဟာ အလှူရှင်များကို ဖိတ်ကြားခြင်းအပေါ် ချက်ချင်းတုံ့ပြန်ပေးခဲ့ကြပြီး လူပေါင်းများစွာနဲ့ လာရောက်တန်းစီနေခဲ့ကြပါတယ်။ထို့နောက် မိုးရေထဲမှာ တန်းစီနေတဲ့ ပြည်သူတွေကို စေတနာ့ ဝန်ထမ်းအယောက် ၈၀လောက်က ကူညီပေးခဲ့ကြပြီး သိပ္ပံပညာရှင်များက ၎င်းတို့ထဲမှ Oscar လေးနဲ့ အလားတူသွေးဖွဲ့စည်းမှုရှိသူတစ်ဦးကို တွေ့ရှိလိမ့်မယ်လို့ မျှော်လင့်နေကြရပါတယ်။

DKMS ရဲ့ပြောရေးဆိုခွင့်ရှိသူ Sarah Gray က ဒါဟာ ထီပေါက်သွားသလိုပါဘဲ ၊ နည်းနည်းတော့ အခက်တွေ့စေပေမဲ့ အလှူရှင်တွေကို စစ်ဆေးနိုင်လေလေ Oscar အပြင် Oscar လို လူနာတွေရဲ့အသက်ကို ကယ်တင်ပေးဖို့ အခွင့်အရေးများလေလေပါဘဲ လို့ ဆိုခဲ့ပါတယ်။

Crd

About the author

admm