Life style

ေရာဂါကူးစက္ခံရေပမယ့္ စိတ္ဓာတ္မက်ဘဲ စိတ္ခြန္အားအျပည့္နဲ႔ စားေသာက္ေနထိုင္ရင္း ကိုဗစ္ေရာဂါပိုးကို တိုက္ထုတ္နိုင္ခဲ့တဲ့ အဘြားအိုတစ္ဦး

Written by admm

ေရာဂါကူးစက္ခံရေပမယ့္ စိတ္ဓာတ္မက်ဘဲ စိတ္ခြန္အားအျပည့္နဲ႔ စားေသာက္ေနထိုင္ရင္း ကိုဗစ္ေရာဂါပိုးကို တိုက္ထုတ္နိုင္ခဲ့တဲ့ အဘြားအိုတစ္ဦး

ျမန္မာနိုင္ငံမွာ ကိုဗစ္ကူးစက္မွုေတြ တစ္ျဖည္းျဖည္းမ်ားျပားလာေနၿပီး ကူးစက္ခံရတဲ့လူနာေတြလည္း အမ်ားအျပားေသဆုံးေနပါတယ္။ ေအာက္ဆီဂ်င္အေရးေပၚလိုအပ္ေနေပမယ့္ မရ႐ြိဘဲ အသက္ေသဆုံးသြားတဲ့သတင္းေတြ၊ ကိုဗစ္ကူးစက္ခံရတဲ့သတင္းေတြကို ေန႔စဥ္နဲ႔အမၽွ လူမွုကြန္ယက္စာမ်က္ႏွာထက္မွာ ၾကားသိေနရတာေၾကာင့္ ကိုဗစ္လူနာေတြအပါအဝင္ ျပည္သူအခ်ိဳ့ဟာ စိတ္ဓာတ္က်ေနၾကပါတယ္။

စိတ္ဓာတ္က်ေနသူေတြအတြက္ ျပည္သူအခ်ိဳ့က စိတ္ခြန္အားျဖစ္ေစမယ့္ သတင္းေတြမၽွေဝေပးတာမ်ိဳး၊အခ်င္းခ်င္းအားေပးစကားေျပာဆိုတာမ်ိဳးေတြ ျပဳလုပ္ေနၾကပါတယ္။
ယခုမွာေတာ့ ကိုဗစ္ကူးစက္ခံထားရတဲ့ အဘြားအိုတစ္ေယာက္ဟာ လူႀကီးျဖစ္ေပမယ့္ စိတ္ဓာတ္မက်ဘဲ စိတ္အားထက္သန္မွုအျပည့္နဲ႔ စားေသာက္ေနထိုင္ရင္း ကိုဗစ္ေရာဂါပိုးကို တိုက္ထုတ္နိုင္ခဲ့ေၾကာင္းသိရပါတယ္။

အဘြားအိုေတာင္အခုလို တိုက္ထုတ္နိုင္တာမို့ ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့ လူေတြအေနနဲ႔စိတ္ဓာတ္မက်ဖို့နဲ႔ အားမငယ္ၾကဖို့ ျပည္သူေတြက တိုက္တြန္းေျပာဆိုေနၾကပါတယ္။ အဆိုပါအၾဘားအိုရဲ႕ သားျဖစ္သူကေတာ့ စိတ္ဓာတ္မာေက်ာတဲ့ မိခင္ျဖစ္သူရဲ့ အေၾကာင္းကို ျပည္သူေတြစိတ္ခြန္အားျဖစ္ေစဖို့အတြက္ ေျပာျပလာခဲ့တာျဖစ္ပါတယ္။

အဆိုပါအၾဘားအိုက ကိုဗစ္ေရာဂါကူးစက္ခံထားရလို့ မစားခ်င္မေသာက္ခ်င္ျဖစ္ေနေပမယ့္လည္း အားရွိဖို့အတြက္ ႐ြိတဲ့ အစားအစာေတြကို အကုန္စားေသာက္ၿပီးက်န္းမာေအာင္ေနထိုင္ခဲ့တာျဖစ္ပါတယ္။ အၾဘားအိုက ကိုဗစ္ေရာဂါကို တိုက္ထုတ္နိုင္ခဲ့တဲ့ သူ႔အတြက္စိတ္မပူဖို့ သားျဖစ္သူကိုမွာၾကားရင္း

အေရးေတာ္ပုံ ေအာင္ရမည္ ဟဲ့ ဆိုၿပီးလက္(၃)ေခ်ာင္းေထာင္ျပခဲ့တာျဖစ္ပါတယ္။ ေရာဂါကူးစက္ခံထားရၿပီး စိတ္ဓာတ္က်ေနတဲ့ ျပည္သူေတြအေနနဲ႔ အဆိုပါအၾဘားအိုလိုပဲ စိတ္ခြန္အားအျပည့္နဲ႔ ကိုဗစ္ေရာဂါပိုးကို တိုက္ထုတ္ၾကဖို့ တိုက္တြန္းေျပာဆိုလိုက္ရပါတယ္။

Crd

Unicode

ရောဂါကူးစက်ခံရပေမယ့် စိတ်ဓာတ်မကျဘဲ စိတ်ခွန်အားအပြည့်နဲ့ စားသောက်နေထိုင်ရင်း ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်နိုင်ခဲ့တဲ့ အဘွားအိုတစ်ဦး

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ တစ်ဖြည်းဖြည်းများပြားလာနေပြီး ကူးစက်ခံရတဲ့လူနာတွေလည်း အများအပြားသေဆုံးနေပါတယ်။ အောက်ဆီဂျင်အရေးပေါ်လိုအပ်နေပေမယ့် မရရွိဘဲ အသက်သေဆုံးသွားတဲ့သတင်းတွေ၊ ကိုဗစ်ကူးစက်ခံရတဲ့သတင်းတွေကို နေ့စဉ်နဲ့အမျှ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြားသိနေရတာကြောင့် ကိုဗစ်လူနာတွေအပါအဝင် ပြည်သူအချို့ဟာ စိတ်ဓာတ်ကျနေကြပါတယ်။

စိတ်ဓာတ်ကျနေသူတွေအတွက် ပြည်သူအချို့က စိတ်ခွန်အားဖြစ်စေမယ့် သတင်းတွေမျှဝေပေးတာမျိုး၊အချင်းချင်းအားပေးစကားပြောဆိုတာမျိုးတွေ ပြုလုပ်နေကြပါတယ်။

ယခုမှာတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ အဘွားအိုတစ်ယောက်ဟာ လူကြီးဖြစ်ပေမယ့် စိတ်ဓာတ်မကျဘဲ စိတ်အားထက်သန်မှုအပြည့်နဲ့ စားသောက်နေထိုင်ရင်း ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။

အဘွားအိုတောင်အခုလို တိုက်ထုတ်နိုင်တာမို့ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူတွေအနေနဲ့စိတ်ဓာတ်မကျဖို့နဲ့ အားမငယ်ကြဖို့ ပြည်သူတွေက တိုက်တွန်းပြောဆိုနေကြပါတယ်။ အဆိုပါအဘြားအိုရဲ့ သားဖြစ်သူကတော့ စိတ်ဓာတ်မာကျောတဲ့ မိခင်ဖြစ်သူရဲ့ အကြောင်းကို ပြည်သူတွေစိတ်ခွန်အားဖြစ်စေဖို့အတွက် ပြောပြလာခဲ့တာဖြစ်ပါတယ်။

အဆိုပါအဘြားအိုက ကိုဗစ်ရောဂါကူးစက်ခံထားရလို့ မစားချင်မသောက်ချင်ဖြစ်နေပေမယ့်လည်း အားရှိဖို့အတွက် ရွိတဲ့ အစားအစာတွေကို အကုန်စားသောက်ပြီးကျန်းမာအောင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ အဘြားအိုက ကိုဗစ်ရောဂါကို တိုက်ထုတ်နိုင်ခဲ့တဲ့ သူ့အတွက်စိတ်မပူဖို့ သားဖြစ်သူကိုမှာကြားရင်း

အရေးတော်ပုံ အောင်ရမည် ဟဲ့ ဆိုပြီးလက်(၃)ချောင်းထောင်ပြခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရပြီး စိတ်ဓာတ်ကျနေတဲ့ ပြည်သူတွေအနေနဲ့ အဆိုပါအဘြားအိုလိုပဲ စိတ်ခွန်အားအပြည့်နဲ့ ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။

Crd

About the author

admm