INTERNATIONAL NEWS

လေမစ့ဘဲ ၂၄ ပတ္အၾကာမွာ ေမြးဖြားလာခဲ့ၿပီးေနာက္ ၅လ အၾကာမွာဘဲ ေဆး႐ုံမွဆင္းခြင့္ရခဲ့တဲ့ ကေလးငယ္

Written by admm

လေမစ့ဘဲ ၂၄ ပတ္အၾကာမွာ ေမြးဖြားလာခဲ့ၿပီးေနာက္ ၅လ အၾကာမွာဘဲ ေဆး႐ုံမွဆင္းခြင့္ရခဲ့တဲ့ ကေလးငယ္

မိခင္ဝမ္းဗိုက္ထဲမွာ ၂၄ ပတ္သာေနထိုင္ၿပီး ေမြးဖြားလာခဲ့တဲ့ လမေစ့ေသးတဲ့ကေလးငယ္ဟာ ၅လအၾကာေဆး႐ုံတက္ၿပီးေနာက္ ၿပီးခဲ့တဲ့ ဇူလိုင္ ၈ရက္ေန႕မွာဘဲ ေဆး႐ုံဆင္းခြင့္ရခဲ့ပါတယ္။အဆိုပါ Eloise Ang အမည္ရွိ ကေလးငယ္ဟာ စကၤာပူနိုင္ငံတြင္ ေမြးဖြားခ်ိန္၌ ၆၇၀ ဂရမ္အေလးခ်ိန္သာရွိေၾကာင္း One Hope Charity & Welfare သတင္းအရ သိရပါတယ္။အမ်ိဳးသမီးမ်ားရဲ႕ပုံမွန္ကိုယ္ဝန္ေဆာင္ကာလဟာ ၃၈ မြ ၄၂ ပတ္အထိ ၾကာျမင့္ပါတယ္။သို႔ေပမဲ့ ကိုယ္ဝန္ ၂၄ ပတ္ သို႔မဟုတ္ ၆ လသာရွိေသးတဲ့ Eloise ကို ေဖေဖာ္ဝါရီ ၂၂ ရက္မွာ လေမစ့ဘဲ ေမြးဖြားခဲ့ပါတယ္။ Eloise ေလးရဲ႕အဆုတ္ႏွင့္ ဦးႏွောက္အပါအ၀င္ သူမရဲ႕အဂၤါအေတာ္မ်ားမ်ားမွာအျပည့္အဝမဖြံ႕ၿဖိဳးေသးတာေၾကာင့္ ကေလးငယ္ဟာ အသက္ရႉကိရိယာကိုသာ မွီခိုေနခဲ့ရပါတယ္။

ဆရာဝႏၼ္ားက ေမြးဖြားလာၿပီးၿပီးခ်င္းမွာဘဲ ေသးငယ္လြန္းတဲ့ Eloise ေလးအား incubator စက္ထဲသို႔ ထည့္သြင္းထားခဲ့ရပါတယ္။၎ incubator က ေမြးကင္းစကေလးအား ရက္ေပါင္း ၁၆၀ ခန့္အထိ ႏြေးေထြးေစမွာျဖစ္သလို Eloise ဟာ ၎အတြင္း သူမရဲ႕အေျခေနမ်ား တည္ၿငိမ္သြားတဲ့အထိ ေနထိုင္ရမည္ျဖစ္ပါတယ္။သို႔ေပမဲ့ ၁၃၇ ရက္ သို႔မဟုတ္ ၅ လနီးပါးၾကာၿပီးေနာက္ Eloise ဟာ ဇူလိုင္ ၈ ရက္တြင္ေဆး႐ုံမွဆင္းသြားခဲ့ပါတယ္။One Hope Charity & Welfare သတင္းရဲ႕အဆိုအရ ၎အခ်ိန္မွာ Eloise ဟာ ၄ ကီလိုဂရမ္အေလးခ်ိန္ရွိၿပီးအရပ္ ၅၀.၅ စင္တီမီတာ ရွိေနပါတယ္။

Eloise ေလးအား မိဘမ်ားျဖစ္တဲ့ Ang Theam Seah ႏွင့္ Koh Pei Ying တို႔က ေမြးဖြားခဲ့ပါတယ္။မေလးရွားနိုင္ငံသားမ်ားျဖစ္တဲ့မိဘမ်ားဟာ စကၤာပူနိုင္ငံတြင္ အလုပ္လုပ္ေနၾကပါတယ္။Ang ႏွင့္ Koh တို႔ဟာ Eloise အား ရွစ္လၾကာကိုယ္ဝန္ေဆာင္ၿပီးမွ သူမရဲ႕ေမြးဖြားျခင္းအတြက္ မေလးရွားနိုင္ငံသို႔ျပန္ရန္ ရည္႐ြယ္ခဲ့ၾကပါတယ္။သို႔ေပမဲ့ ေဖေဖၚဝါရီလ ၂၁ ရက္ေန႕တြင္ သူမ၏ဝမ္းဗိုက္နာက်င္မႈအတြက္ ေဆးစစ္ေနစဥ္ Koh ဟာ ေျဖးညွင္းႏွေးေကြးစြာ လႈပ္ရွားေနတဲ့ Eloise ကို အျမန္ကယ္ထုတ္ေပးနိုင္ခဲ့ပါတယ္။

ထို႔ေနာက္ ေမြးကင္းစကေလးငယ္၏ေမြးဖြားျခင္းဟာ ေဆးကုသမႈကုန္က်စရိတ္အတြက္ ရင္းဂစ္ ၁.၂ သန္း (ေဒၚလာ ၃၈၇,၀၀၀) အထိ က်သင့္ေစၿပီး သက္သာေစမည့္ကုသမႈႏွင့္ေစာင့္ေရွာက္မႈမ်ား လိုအပ္လာခဲ့ပါတယ္။၎ကုန္က်စရိတ္ဟာ သူမရဲ႕မိဘမ်ားအတြက္ မ်ားျပားလြန္းေစခဲ့တာေၾကာင့္ ကုန္က်စရိတ္မ်ားကိုကူညီရန္ One Hope Charity & Welfare သတင္းဟာ ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ ရန္ပုံေငြရွာေဖြေရးလႈပ္ရွားမႈကို စတင္ေပးခဲ့ပါတယ္။ထို႔ေနာက္ စင္ကာပူ၊ ေမလး႐ြား၊ အေမရိကန္၊ ထိုင္ဝမ္၊ ဘ႐ူနိုင္းႏွင့္အျခားနိုင္ငံမ်ားမွအလႉရွင္မ်ားက အလႉေငြမ်ားလႉဒါန္းခဲ့ၾကၿပီး ၂၉ နာရီအတြင္းမွာဘဲ လိုအပ္ေနတဲ့ပမာဏကို ရရွိခဲ့ရပါတယ္။

ေက်းဇူးတုန႔္ျပန္တဲ့အေနျဖင့္ Ang ႏွင့္ Koh တို႔ဟာ အလႉရွင္မ်ားအား သူတို႔၏ၾကင္နာမႈႏွင့္ရက္ေရာမႈမ်ားအတြက္ အလြန္ပင္ ေက်းဇူးတင္ေၾကာင္းကို ဗီဒီယိုျဖင့္ ရိုက္ကူးေဖာ္ျပခဲ့ၾကပါတယ္။

လက္ရွိမွာေတာ့ One Hope Charity & Welfare သတင္းအရ Ang ႏွင့္ Koh တို႔ဟာ Eloise ေလးရဲ႕မေလးရွားနိုင္ငံကူးလက္မွတ္ကို ေလွ်ာက္ထားေၾကာင္း သိရၿပီး လုပ္ထုံးလုပ္နည္းမ်ား ၿပီးဆုံးသြားေသာအခါ အဆိုပါမိသားစု၀င္သုံးဦးဟာ မေလးရွားနိုင္ငံသို႔ ျပန္ၾကလိမ့္မည္လို႔လည္း သိထားရပါတယ္။

Crd

Unicode

လမေစ့ဘဲ ၂၄ ပတ်အကြာမှာ မွေးဖွားလာခဲ့ပြီးနောက် ၅လ အကြာမှာဘဲ ဆေးရုံမှဆင်းခွင့်ရခဲ့တဲ့ ကလေးငယ်

မိခင်ဝမ်းဗိုက်ထဲမှာ ၂၄ ပတ်သာနေထိုင်ပြီး မွေးဖွားလာခဲ့တဲ့ လမစေ့သေးတဲ့ကလေးငယ်ဟာ ၅လအကြာဆေးရုံတက်ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၈ရက်နေ့မှာဘဲ ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။အဆိုပါ Eloise Ang အမည်ရှိ ကလေးငယ်ဟာ စင်္ကာပူနိုင်ငံတွင် မွေးဖွားချိန်၌ ၆၇၀ ဂရမ်အလေးချိန်သာရှိကြောင်း One Hope Charity & Welfare သတင်းအရ သိရပါတယ်။အမျိုးသမီးများရဲ့ပုံမှန်ကိုယ်ဝန်ဆောင်ကာလဟာ ၃၈ မွ ၄၂ ပတ်အထိ ကြာမြင့်ပါတယ်။သို့ပေမဲ့ ကိုယ်ဝန် ၂၄ ပတ် သို့မဟုတ် ၆ လသာရှိသေးတဲ့ Eloise ကို ဖေဖော်ဝါရီ ၂၂ ရက်မှာ လမေစ့ဘဲ မွေးဖွားခဲ့ပါတယ်။ Eloise လေးရဲ့အဆုတ်နှင့် ဦးနှောက်အပါအ၀င် သူမရဲ့အင်္ဂါအတော်များများမှာအပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ကလေးငယ်ဟာ အသက်ရှူကိရိယာကိုသာ မှီခိုနေခဲ့ရပါတယ်။

ဆရာဝန္မ်ားက မွေးဖွားလာပြီးပြီးချင်းမှာဘဲ သေးငယ်လွန်းတဲ့ Eloise လေးအား incubator စက်ထဲသို့ ထည့်သွင်းထားခဲ့ရပါတယ်။၎င်း incubator က မွေးကင်းစကလေးအား ရက်ပေါင်း ၁၆၀ ခန့်အထိ နွေးထွေးစေမှာဖြစ်သလို Eloise ဟာ ၎င်းအတွင်း သူမရဲ့အခြေနေများ တည်ငြိမ်သွားတဲ့အထိ နေထိုင်ရမည်ဖြစ်ပါတယ်။သို့ပေမဲ့ ၁၃၇ ရက် သို့မဟုတ် ၅ လနီးပါးကြာပြီးနောက် Eloise ဟာ ဇူလိုင် ၈ ရက်တွင်ဆေးရုံမှဆင်းသွားခဲ့ပါတယ်။One Hope Charity & Welfare သတင်းရဲ့အဆိုအရ ၎င်းအချိန်မှာ Eloise ဟာ ၄ ကီလိုဂရမ်အလေးချိန်ရှိပြီးအရပ် ၅၀.၅ စင်တီမီတာ ရှိနေပါတယ်။

Eloise လေးအား မိဘများဖြစ်တဲ့ Ang Theam Seah နှင့် Koh Pei Ying တို့က မွေးဖွားခဲ့ပါတယ်။မလေးရှားနိုင်ငံသားများဖြစ်တဲ့မိဘများဟာ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြပါတယ်။Ang နှင့် Koh တို့ဟာ Eloise အား ရှစ်လကြာကိုယ်ဝန်ဆောင်ပြီးမှ သူမရဲ့မွေးဖွားခြင်းအတွက် မလေးရှားနိုင်ငံသို့ပြန်ရန် ရည်ရွယ်ခဲ့ကြပါတယ်။သို့ပေမဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် သူမ၏ဝမ်းဗိုက်နာကျင်မှုအတွက် ဆေးစစ်နေစဉ် Koh ဟာ ဖြေးညှင်းနှေးကွေးစွာ လှုပ်ရှားနေတဲ့ Eloise ကို အမြန်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

ထို့နောက် မွေးကင်းစကလေးငယ်၏မွေးဖွားခြင်းဟာ ဆေးကုသမှုကုန်ကျစရိတ်အတွက် ရင်းဂစ် ၁.၂ သန်း (ဒေါ်လာ ၃၈၇,၀၀၀) အထိ ကျသင့်စေပြီး သက်သာစေမည့်ကုသမှုနှင့်စောင့်ရှောက်မှုများ လိုအပ်လာခဲ့ပါတယ်။၎င်းကုန်ကျစရိတ်ဟာ သူမရဲ့မိဘများအတွက် များပြားလွန်းစေခဲ့တာကြောင့် ကုန်ကျစရိတ်များကိုကူညီရန် One Hope Charity & Welfare သတင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုကို စတင်ပေးခဲ့ပါတယ်။ထို့နောက် စင်ကာပူ၊ မေလးရွား၊ အမေရိကန်၊ ထိုင်ဝမ်၊ ဘရူနိုင်းနှင့်အခြားနိုင်ငံများမှအလှူရှင်များက အလှူငွေများလှူဒါန်းခဲ့ကြပြီး ၂၉ နာရီအတွင်းမှာဘဲ လိုအပ်နေတဲ့ပမာဏကို ရရှိခဲ့ရပါတယ်။

ကျေးဇူးတုန့်ပြန်တဲ့အနေဖြင့် Ang နှင့် Koh တို့ဟာ အလှူရှင်များအား သူတို့၏ကြင်နာမှုနှင့်ရက်ရောမှုများအတွက် အလွန်ပင် ကျေးဇူးတင်ကြောင်းကို ဗီဒီယိုဖြင့် ရိုက်ကူးဖော်ပြခဲ့ကြပါတယ်။

လက်ရှိမှာတော့ One Hope Charity & Welfare သတင်းအရ Ang နှင့် Koh တို့ဟာ Eloise လေးရဲ့မလေးရှားနိုင်ငံကူးလက်မှတ်ကို လျှောက်ထားကြောင်း သိရပြီး လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသွားသောအခါ အဆိုပါမိသားစု၀င်သုံးဦးဟာ မလေးရှားနိုင်ငံသို့ ပြန်ကြလိမ့်မည်လို့လည်း သိထားရပါတယ်။

Crd

About the author

admm