INTERNATIONAL NEWS

ေဘာလုံးဆီမီးဖိုင္နယ္ၿပိဳင္ပြဲရဲ႕တိုက္ရိုက္ထုတ္လႊင့္တဲ့ TV မြာ သူမရဲ႕ ႐ုပ္ပံု ပါသြားခဲ့တာေၾကာင့္ အလုပ္ထုတ္ခံလိုက္ရတဲ့ မိန္းကေလး

Written by admm

ေဘာလုံးဆီမီးဖိုင္နယ္ၿပိဳင္ပြဲရဲ႕တိုက္ရိုက္ထုတ္လႊင့္တဲ့ TV မြာ သူမရဲ႕ ႐ုပ္ပံု ပါသြားခဲ့တာေၾကာင့္ အလုပ္ထုတ္ခံလိုက္ရတဲ့ မိန္းကေလး

Bradford ၿမိဳ႕မွ အသက္ ၃၇ ႏွစ္အ႐ြယ္ Nina Farooqi အမည္ရွိအမ်ိဳးသမီး ဟာ သူငယ္ခ်င္းတစ္ဦးထံမွ ကမ္းလွမ္းခဲ့တဲ့ England vs Denmark Euro 2020 semi-final ရဲ႕တစ္ခုတည္းသာက်န္တဲ့လက္မွတ္တစ္ေစာင္ကို လက္ခံရရွိခဲ့ၿပီးေနာက္ England နိုင္ငံရဲ႕ဆီမီးဖိုင္နယ္အနိုင္ရရွိမႈကို သြားေရာက္ၾကည့္ရႈအားေပးခဲ့ပါတယ္။အဲဒီအတြက္ေၾကာင့္ သူမဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႕မွာ သူမရဲ႕အလုပ္သို႔ သူမေနမေကာင္းေၾကာင္း ခြင့္တိုင္ခဲ့ေပမဲ့လည္း အဂၤလန္နိုင္ငံရဲ႕ပထမဆုံးရည္မွန္းခ်က္ကို ဂုဏ္ျပဳတဲ့အေနနဲ႕ တိုက္ရိုက္ထုတ္လႊင့္ျပသတဲ့ TV screen ႀကီးမွာ သူမရဲ႕႐ုပ္ပုံႀကီးပါလာခဲ့တာေၾကာင့္ အလုပ္ရွိအထက္လူႀကီးက ၎ပုံရိပၠို ျမင္သြားခဲ့ၿပီး သူမအား ဖမ္းမိသြားခဲ့ပါတယ္။

ေနာက္တစ္ေန႕မနက္မွာေတာ့ Nina ဟာ သူငယ္ခ်င္းမ်ားထံမွ မေန႕ညက TVမြာ သူမအား ေတြ႕လိုက္ရတယ္ဆိုတဲ့ မက္ေဆ့ခ္်မ်ားကို လက္ခံရရွိခဲ့တဲ့အျပင္ သူမရဲ႕သူေဌးဆီက အလုပၠို မလာေတာ့နဲ႕ ဆိုတဲ့ မက္ေဆ့ခ်္တစ္ေစာင္ကိုပါ လက္ခံရရွိခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။အဲ့ပြဲၾကည့္ဖို႔အတြက္ ကြၽန္မ မရိုးသားခဲ့တာမွန္ေပမယ့္လည္း ကြၽန္မကိုဘယ္သူမွ ကိုယ္ခ်င္းမစာခဲ့ပါဘူး။ကြၽန္မႀကိဳးစားခဲ့တဲ့အက်ိဳးဆက္ေၾကာင့္ သူတို႔ဆီကေခၚဆိုမႈရရွိခဲ့ၿပီး သူတို႔ဘဲ အလုပ္ျပန္ထုတ္သြားခဲ့တယ္။

ေနာင္တအနည္းငယ္ရေပမဲ့ ကြၽန္မ ေနာက္တဖန္ ထပ္ႀကိဳးစားလို႔ရပါေသးတယ္ ဟု Nina က ဆိုခဲ့ပါတယ္။Nina အလုပ္လုပ္ခဲ့တဲ့ Composite Prime ကုမၸဏီက England vs Denmark Euro 2020 semi-final ကိုၾကည့္ရႈရန္ Wembley သို႔ခရီးသြားျခင္းႏွင့္ပတ္သက္ၿပီးလိမ္လည္ခဲ့ျခင္းေၾကာင့္ Nina အားအလုပ္ထုတ္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ၿပီးေနာက္တနဂၤႏြေေန႕မွာ England က Italy ကိုအနိုင္ရသြားခဲ့ရင္ေတာ့ တနၤလာေန႕မနက္မွာဘဲ ၀န်ထမ်းအသစ်များအား အလုပ္ကမ္းလွမ္းမယ္လို႔လည္း ၎ကုမၸဏီက ထပ္မံေျပာၾကားခဲ့ပါေသးတယ္။

Crd

Unicode

ဘောလုံးဆီမီးဖိုင်နယ်ပြိုင်ပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့ TV မွာ သူမရဲ့ ရုပ်ပုံ ပါသွားခဲ့တာကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ မိန်းကလေး

Bradford မြို့မှ အသက် ၃၇ နှစ်အရွယ် Nina Farooqi အမည်ရှိအမျိုးသမီး ဟာ သူငယ်ချင်းတစ်ဦးထံမှ ကမ်းလှမ်းခဲ့တဲ့ England vs Denmark Euro 2020 semi-final ရဲ့တစ်ခုတည်းသာကျန်တဲ့လက်မှတ်တစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက် England နိုင်ငံရဲ့ဆီမီးဖိုင်နယ်အနိုင်ရရှိမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။အဲဒီအတွက်ကြောင့် သူမဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သူမရဲ့အလုပ်သို့ သူမနေမကောင်းကြောင်း ခွင့်တိုင်ခဲ့ပေမဲ့လည်း အင်္ဂလန်နိုင်ငံရဲ့ပထမဆုံးရည်မှန်းချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ TV screen ကြီးမှာ သူမရဲ့ရုပ်ပုံကြီးပါလာခဲ့တာကြောင့် အလုပ်ရှိအထက်လူကြီးက ၎ပုံရိပ္ကို မြင်သွားခဲ့ပြီး သူမအား ဖမ်းမိသွားခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာတော့ Nina ဟာ သူငယ်ချင်းများထံမှ မနေ့ညက TVမွာ သူမအား တွေ့လိုက်ရတယ်ဆိုတဲ့ မက်ဆေ့ခ်ျများကို လက်ခံရရှိခဲ့တဲ့အပြင် သူမရဲ့သူဌေးဆီက အလုပ္ကို မလာတော့နဲ့ ဆိုတဲ့ မက်ဆေ့ချ်တစ်စောင်ကိုပါ လက်ခံရရှိခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။အဲ့ပွဲကြည့်ဖို့အတွက် ကျွန်မ မရိုးသားခဲ့တာမှန်ပေမယ့်လည်း ကျွန်မကိုဘယ်သူမှ ကိုယ်ချင်းမစာခဲ့ပါဘူး။ကျွန်မကြိုးစားခဲ့တဲ့အကျိုးဆက်ကြောင့် သူတို့ဆီကခေါ်ဆိုမှုရရှိခဲ့ပြီး သူတို့ဘဲ အလုပ်ပြန်ထုတ်သွားခဲ့တယ်။

နောင်တအနည်းငယ်ရပေမဲ့ ကျွန်မ နောက်တဖန် ထပ်ကြိုးစားလို့ရပါသေးတယ် ဟု Nina က ဆိုခဲ့ပါတယ်။Nina အလုပ်လုပ်ခဲ့တဲ့ Composite Prime ကုမ္ပဏီက England vs Denmark Euro 2020 semi-final ကိုကြည့်ရှုရန် Wembley သို့ခရီးသွားခြင်းနှင့်ပတ်သက်ပြီးလိမ်လည်ခဲ့ခြင်းကြောင့် Nina အားအလုပ်ထုတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ပြီးနောက်တနင်္ဂနွေနေ့မှာ England က Italy ကိုအနိုင်ရသွားခဲ့ရင်တော့ တင်္နလာနေ့မနက်မှာဘဲ ၀နျထမျးအသဈမြားအား အလုပ်ကမ်းလှမ်းမယ်လို့လည်း ၎င်းကုမ္ပဏီက ထပ်မံပြောကြားခဲ့ပါသေးတယ်။

Crd

About the author

admm