Life style

တစ္ကိုယ္တည္း အထီးက်န္ရလြန္းလို႔ လမ္းမေပၚရွိကားတစ္စီးထံသို႔ခ်ဥ္းကပ္ကာ သူ႕အား အိမ္သို႔ေခၚသြားေပးဖို႔ ေတာင္းပန္ေနခဲ့တဲ့ ေခြးေလး

Written by admm

တစ္ကိုယ္တည္း အထီးက်န္ရလြန္းလို႔ လမ္းမေပၚရွိကားတစ္စီးထံသို႔ခ်ဥ္းကပ္ကာ သူ႕အား အိမ္သို႔ေခၚသြားေပးဖို႔ ေတာင္းပန္ေနခဲ့တဲ့ ေခြးေလး

ၿပီးခဲ့တဲ့ဇြန္လလယ္ပိုင္းမွာ Janitor အမည္ရွိလမ္းသန႔္ရွင္းေရးသမား ႏွင့္သူ႕ရဲ႕မိတ္ေဆြတစ္ဦး ဟာ အလုပ္လုပ္ရန္ Ganzi Prefecture ၿမိဳ႕ရွိ Zheduo ေတာင္တန္းသို႔ သြားခဲ့ၾကပါတယ္။သူတို႔ဟာ အလုပ္တစ္ခုၿပီးသြားတဲ့အခါ လူတူကင္းမဲ့ေနတဲ့ေတာင္တန္းရွိ အိမ္အျပန္လမ္းမေပၚမွာ အနက္ေရာင္အစက္ကေလးတစ္ခုက သူတို႔ဆီသို႔ ေ႐ြ႕လ်ားလာေနတာကို ေတြ႕လိုက္ရပါတယ္။၎အရာက သူတို႔ကားႏွင့္တျဖည္းျဖည္းနီးကပ္လာတာႏွင့္အမွ် ၎အနက္ေရာင္အစက္ဟာ အနက္ေရာင္ Labrador ေခြးတစ္ေကာင္ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။ထိုအခ်ိန္က ၎ေဒသမွာ မိုး႐ြာေနခဲ့တာေၾကာင့္ ေခြးေလးရဲ႕ခႏၶာကိုယ္ကလည္း စို႐ြဲေနခဲ့ပါတယ္။ေခြးေလးဟာ အေဝးမွကားရပ္ေနတာကို ေတြ႕လိုက္ရၿပီးေနာက္ ေခြးေလးဟာ လိုက္မီရန္ေမွ်ာ္လင့္ခ်က္ျဖင့္ Janitor တို႔ကားဆီသို႔ ခ်က္ခ်င္း ေျပးလိုက္လာခဲ့ပုံရပါတယ္။

ထို႔ေနာက္ ေခြးေလးဟာ သူတို႔ကားဆီသို႔ေရာက္လာတဲ့အခါ ၎တို႔ရဲ႕ကားျပတင္းေပါက္ေပၚသို႔ ခုန္တက္ၿပီး သူ႕ရဲ႕ေခါင္းကို ျပတင္းေပါက္ေပၚတင္လိုက္ပါတယ္။ေခြးေလးရဲ႕ မ်က္လုံးေတြက စိုးရိမ္တႀကီးနဲ႕ တစ္ေယာက္တည္းေနရမွာကို ေၾကာက္ေနပုံရပါတယ္။Janitor တို႔လည္း အေတာ္ေလး အံ့အားသင့္သြားခဲ့ၿပီး ကားတံခါးကိုဖြင့္ကာ ကားေပၚဆင္းလိုက္တဲ့ေနာက္မွာ ထိုေခြးေလးဟာ သူ႕ရဲ႕ေခါင္းကို Janitor ရဲ႕ေပါင္ေပၚတင္ရင္း Janitor ကို မ်က္ရည္မ်ားျဖင့္ စူးစူးစိုက္စိုက္ ၾကည့္ေနခဲ့ပါတယ္။ထို႔ေနာက္ အဆိုပါေခြးေလးရဲ႕လည္ပတ္ကို ၾကည့္လိုက္ေတာ့ ထိုေခြးေလးဟာ အိမ္ေမြးေခြး ျဖစ္ေၾကာင္းကို ေတြ႕ခဲ့ရပါတယ္။ေခြးရဲ႕တုံ႕ျပန္မႈကို ျမင္ေတြ႕လိုက္ရၿပီးေနာက္ Janitor ကလည္း မ်က္ရည္မ်ားခ်က္ခ်င္း စီးက်သြားခဲ့ၿပီး ေခြးကေလးကို အိမ္သို႔ ေခၚေဆာင္သြားဖို႔ ဆုံးျဖတ္ခဲ့ပါေတာ့တယ္။

ထို႔ေနာက္ Janitor တို႔ဟာ အလုပ္ေတြမၿပီးေသးတဲ့အတြက္ ေခြးေလးကို အလုပ္လုပ္ရင္း သူတို႔ႏွင့္အတူတူ ေခၚထားလိုက္ပါတယ္။ ရိုးရွင္းတဲ့ၫႊန္ၾကားခ်က္အခ်ိဳ႕ကို ေဆာင္႐ြက္နိုင္တာေၾကာင့္ ထို labrador ေခြးေလးဟာ ေလ့က်င့္သင္ၾကားထားပုံရပါတယ္။Janitor ေနာက္လိုက္ပါသြားၿပီးကတည္းက အဆိုပါေခြးေလးဟာ သူမရဲ႕အနားမွာ အၿမဲတြယ္ကပ္ေနခဲ့တာေၾကာင့္ ေခြးေလးဟာ ေနာက္တစ္ႀကိမ္စြန႔္ပစ္ခံရမွာကို အေတာ္ေလး စိုးရိမ္ေနပုံရပါတယ္။ထို႔ေနာက္ Janitor ဟာ သူမရဲ႕အလုပ္မ်ားၿပီးဆုံးသြားၿပီးေနာက္ ေခြးေလးအား ေဆးကုသမႈခံယူရန္ ေဆး႐ုံသို႔ ခ်က္ခ်င္းေခၚေဆာင္သြားခဲ့ၿပီး ထိုေခြးေလးကို ေမြးစားလိုက္ပါေတာ့တယ္။

Crd

Unicode

တစ်ကိုယ်တည်း အထီးကျန်ရလွန်းလို့ လမ်းမပေါ်ရှိကားတစ်စီးထံသို့ချဉ်းကပ်ကာ သူ့အား အိမ်သို့ခေါ်သွားပေးဖို့ တောင်းပန်နေခဲ့တဲ့ ခွေးလေး

ပြီးခဲ့တဲ့ဇွန်လလယ်ပိုင်းမှာ Janitor အမည်ရှိလမ်းသန့်ရှင်းရေးသမား နှင့်သူ့ရဲ့မိတ်ဆွေတစ်ဦး ဟာ အလုပ်လုပ်ရန် Ganzi Prefecture မြို့ရှိ Zheduo တောင်တန်းသို့ သွားခဲ့ကြပါတယ်။သူတို့ဟာ အလုပ်တစ်ခုပြီးသွားတဲ့အခါ လူတူကင်းမဲ့နေတဲ့တောင်တန်းရှိ အိမ်အပြန်လမ်းမပေါ်မှာ အနက်ရောင်အစက်ကလေးတစ်ခုက သူတို့ဆီသို့ ရွေ့လျားလာနေတာကို တွေ့လိုက်ရပါတယ်။၎င်းအရာက သူတို့ကားနှင့်တဖြည်းဖြည်းနီးကပ်လာတာနှင့်အမျှ ၎င်းအနက်ရောင်အစက်ဟာ အနက်ရောင် Labrador ခွေးတစ်ကောင်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ထိုအချိန်က ၎င်းဒေသမှာ မိုးရွာနေခဲ့တာကြောင့် ခွေးလေးရဲ့ခန္ဓာကိုယ်ကလည်း စိုရွဲနေခဲ့ပါတယ်။ခွေးလေးဟာ အဝေးမှကားရပ်နေတာကို တွေ့လိုက်ရပြီးနောက် ခွေးလေးဟာ လိုက်မီရန်မျှော်လင့်ချက်ဖြင့် Janitor တို့ကားဆီသို့ ချက်ချင်း ပြေးလိုက်လာခဲ့ပုံရပါတယ်။

ထို့နောက် ခွေးလေးဟာ သူတို့ကားဆီသို့ရောက်လာတဲ့အခါ ၎င်းတို့ရဲ့ကားပြတင်းပေါက်ပေါ်သို့ ခုန်တက်ပြီး သူ့ရဲ့ခေါင်းကို ပြတင်းပေါက်ပေါ်တင်လိုက်ပါတယ်။ခွေးလေးရဲ့ မျက်လုံးတွေက စိုးရိမ်တကြီးနဲ့ တစ်ယောက်တည်းနေရမှာကို ကြောက်နေပုံရပါတယ်။Janitor တို့လည်း အတော်လေး အံ့အားသင့်သွားခဲ့ပြီး ကားတံခါးကိုဖွင့်ကာ ကားပေါ်ဆင်းလိုက်တဲ့နောက်မှာ ထိုခွေးလေးဟာ သူ့ရဲ့ခေါင်းကို Janitor ရဲ့ပေါင်ပေါ်တင်ရင်း Janitor ကို မျက်ရည်များဖြင့် စူးစူးစိုက်စိုက် ကြည့်နေခဲ့ပါတယ်။ထို့နောက် အဆိုပါခွေးလေးရဲ့လည်ပတ်ကို ကြည့်လိုက်တော့ ထိုခွေးလေးဟာ အိမ်မွေးခွေး ဖြစ်ကြောင်းကို တွေ့ခဲ့ရပါတယ်။ခွေးရဲ့တုံ့ပြန်မှုကို မြင်တွေ့လိုက်ရပြီးနောက် Janitor ကလည်း မျက်ရည်များချက်ချင်း စီးကျသွားခဲ့ပြီး ခွေးကလေးကို အိမ်သို့ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

ထို့နောက် Janitor တို့ဟာ အလုပ်တွေမပြီးသေးတဲ့အတွက် ခွေးလေးကို အလုပ်လုပ်ရင်း သူတို့နှင့်အတူတူ ခေါ်ထားလိုက်ပါတယ်။ ရိုးရှင်းတဲ့ညွှန်ကြားချက်အချို့ကို ဆောင်ရွက်နိုင်တာကြောင့် ထို labrador ခွေးလေးဟာ လေ့ကျင့်သင်ကြားထားပုံရပါတယ်။Janitor နောက်လိုက်ပါသွားပြီးကတည်းက အဆိုပါခွေးလေးဟာ သူမရဲ့အနားမှာ အမြဲတွယ်ကပ်နေခဲ့တာကြောင့် ခွေးလေးဟာ နောက်တစ်ကြိမ်စွန့်ပစ်ခံရမှာကို အတော်လေး စိုးရိမ်နေပုံရပါတယ်။ထို့နောက် Janitor ဟာ သူမရဲ့အလုပ်များပြီးဆုံးသွားပြီးနောက် ခွေးလေးအား ဆေးကုသမှုခံယူရန် ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး ထိုခွေးလေးကို မွေးစားလိုက်ပါတော့တယ်။

Crd

 

About the author

admm