Life style
Written by admm
သို့ပေမဲ့ ခဏအကြာတော့ မိသားစုဝင်များက အဆိုပါ delivery သမားရဲ့မျက်နှာဖုံးကို ဖယ်ရှားပေးဖို့ သူမအား တောင်းဆိုခဲ့ကြပြီးနောက် သူမဟာ ၎င်းက သူမအား လှည့်စားနေတဲ့ ထောင်ချောက်တစ်ခုဖြစ်ကြောင်းကို သိသွားခဲ့ရပါတယ်။
Crd
Unicode
Delivery သမားတစ်ဦးလို ဟန်ဆောင်ကာ သမီးဖြစ်သူအား အိမ်ပြန်ရောက်စပရိုက်လုပ်ခဲ့တဲ့ ရေမြေရပ်ခြားလုပ်သားဖခင်တစ်ဦး
ယနေ့ခေတ်မှာ online မွ ပစ္စည်းတစ်ခုခုကို မှာယူရန် လွယ်ကူပြီး ကြိုတင်ငွေရှင်းစရာမလိုဘဲ cash on delivery စနစ္ကို အသုံးပြုနိုင်ပါတယ်။Online မွ ဈေးဝယ်ခြင်းဟာ အလွန်လွယ်ကူတာကြောင့် လူကြီးတွေသာမက ကလေးတွေပါ မှာယူနိုင်ပါတယ်။သို့ပေမဲ့ သင့်ကလေးများကို ပစ္စည်းများအား ကိုယ်တိုင်မှာယူစေခြင်းအတွက်ကတော့ သင့်အနေနဲ့ သတိထားသင့်ပါတယ်။ဘာလို့ဆိုတော့ ပစ္စည်းက အိမ်ရောက်လာခဲ့ရင် သင် ငွေအများကြီးရှင်းလိုက်ရမှာကို စိုးရိမ်လို့ပါ။
သို့ပေမဲ့ ရေမြေရပ်ခြားမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားဖခင်တစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံရှိ လူကြိုက်များတဲ့ online shop တစ်ခုဖြစ်တဲ့ Lazada မွ delivery သမားအဖြစ် ဟန်ဆောင်ကာ သူ့ရဲ့သမီးအား အံ့အားသင့်သွားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျန်မိသားစုဝင်များက ပြီးခဲ့တဲ့ရက်များကတည်းက အံ့အားသင့်ခဲ့ကြပြီး ရက်အနည်းငယ်အကြာမှာ ၎င်းတို့ဟာ အဆိုပါသမီးဖြစ်သူအား onlineမွ ပစ္စည်း order တင်ခိုင်းခဲ့ကြပါတယ်။ပစ္စည်းက အိမ်သို့ရောက်လာတဲ့နေ့မှာတော့ မိသားစုမ်ားက အဆိုပါ Mikaela Ashley Ignacio အမည်ရှိတဲ့သမီးလေးကို ၎င်းတို့ရဲ့ကုန်စုံဆိုင်ရှေ့မှာ စောင့်နေတဲ့ delivery သမားထံသို့ ခေါ်ဆောင်သွားခဲ့ကြပါတယ်။
သူ့ရဲ့မျက်နှာတစ်ဝက်အား လက်ကိုင်ပုဝါဖြင့် ဖုံးအုပ္ထားခဲ့တဲ့ ဖခင်ဖြစ်သူ Rodel Ignacio ဟာ သမီးဖြစ်သူအား Lazada မွ delivery သမားအဖြစ် အကောင်းဆုံး လှည့်စားနိုင်ခဲ့ပါတယ်။ထို့နောက် သမီးလေး Ashley ဟာ သေးငယ်တဲ့အထုပ်လေးကို လက်ခံခဲ့ပေမဲ့ Php 300 ပြန်ပေးရမဲ့အချိန်မှာတော့ သူမဟာ အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။
သူမဟာ ပိုက်ဆံပေးရမယ်လို့ မမျှော်လင့်ထားပုံပါဘဲ။ Ashley ဟာ အခြားကလေးများကဲ့သို့ပင် online မွ ပစ္စည်းမှာယူနိုင်ပြီး ၎င်းတို့အတွက် ငွေပေးချေစရာမလိုသလို အိမ်သို့လာပို့ရင် လက်ခံလိုက်ယုံဘဲလို့ ထင်ခဲ့ပုံရပါတယ်။
မိနစ်အနည်းငယ်အကြာမှာတော့ စိတ်ရှုပ်ထွေးနေတဲ့ Ashley ဟာ သူမထံမွ ငွေပေးချေမှုကို ရယူရန် စောင့်ဆိုင်းနေတဲ့ delivery သမားကြီးပျောက်သွားဖို့ကို မျှော်လင့်နေတာကြောင့် သူမဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေခဲ့ရပါတယ်။အဲ့ဒီအစား သူမဟာ သူမမှာယူခဲ့တုန်းက အရုပ်တစ်ရုပ်ကို မှာယူခဲ့ပေမဲ့ အိမ်ရောက်လာတာက နာရီဖြစ်နေတာကြောင့် ၎ order က သူမပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုနေခဲ့ရပါတယ်။
သို့ပေမဲ့ ခဏအကြာတော့ မိသားစုဝင်များက အဆိုပါ delivery သမားရဲ့မျက်နှာဖုံးကို ဖယ်ရှားပေးဖို့ သူမအား တောင်းဆိုခဲ့ကြပြီးနောက် သူမဟာ ၎က သူမအား လှည့်စားနေတဲ့ ထောင်ချောက်တစ်ခုဖြစ်ကြောင်းကို သိသွားခဲ့ရပါတယ်။
အဆိုပါ delivery သမားက သူမရဲ့ဖခင်ဖြစ်နေတာကြောင့် သူမငွေပေးချေစရာမလိုတော့သလို ဖခင်ဖြစ်သူက အိမ်ပြန်လာတာကြောင့် ဝမ်းသာကာ သူမဟာ ဖခင်ဖြစ်သူကို လှမ်းဖက်လိုက်ပါတော့တယ်။ရေမြေရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့အဖေက အခုလို စပရိုက်လုပ်လိုက်တော့ ကေလးမေလးကေတာ့ အတော်လေး ပျော်ရွှင်နေမှာပါ။ ဟုတ်ပါတယ် ၊ အဲ့ကလေးမလေးနေရာမှာ ကျွန်တော်ဖြစ်နေခဲ့ရင်လည်း အတော်လေး စိတ်လှုပ်ရှားပြီး ပျော်နေမိမှာအမှန်ပါဘဲဗျာ။
Crd
About the author
admm