



Crd

Unicode

ဇနီးသည်ရဲ့ကင်ဆာရောဂါတိုက်ပွဲတစ်လျှောက်လုံးကို တစ်သက်မမေ့သွားနိုင်အောင် ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ထားခဲ့တဲ့ အမျိုးသား

Angelo Merendino အမည်ရှိဓာတ်ပုံဆရာဟာ Jennifer အမည်ရှိအမျိုးသမီးနှင့် ချစ်ကျွမ်းဝင်ခဲ့ပြီးနောက် နယူးယောက်မြို့ရှိ Central Park မှာ လက်ထပ်ခဲ့ကြပါတယ်။လက်ထပ်ပြီး ငါးလအကြာမှာတော့ Jennifer မှာ ရင်သားကင်ဆာရှိကြောင်း သိခဲ့ရပါတယ်။ ငါအချိန်အတိအကျမှတ်မိတယ်၊ငါတို့တစ်ယောက်နဲ့တစ်ယောက် ဂရုဏာအပြည့်နဲ့ အချင်းချင်းကြည့်ရင်း လက်ထပ်ပွဲကျင်းပခဲ့တဲ့ အဲဒီခံစားချက်ကို ငါ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ငါတို့ အတူတကွ အတူနေရင်းနဲ့ အားလုံး အဆင်ပြေသွားမှာပါ ဆိုတဲ့ Jennifer ရဲ့တုန်ရီနေတဲ့စကားကို Angelo ရဲ့ blogမှာ တွေ့ ရမှာပါ။ထို့နောက် Angelo ဟာ Jennifer ရဲ့ကင်ဆာတိုက်ပွဲတစ်လျှောက်လုံးကို ဓာတ်ပုံများရိုက်ယူပြီး လှပတဲ့ဇနီးဖြစ်သူရဲ့မျက်နှာကို အသုံးပြုကာ စာအုပ်တစ်အုပ်ထုတ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ခေါင်းစဉ်အဖြစ် ငါတို့မရွေးချယ်ခဲ့တဲ့ တိုက်ပွဲ ၊ ရင်သားကင်ဆာနှင့်ဇနီးဖြစ်သူရဲ့တိုက်ပွဲ လို့ အမည်ပေးခဲ့ပြီး ၎င်းစာအုပ်ရောင်းချခြင်းမှရရှိလာတဲ့အကျိုးအမြတ်အား ဇနီးဖြစ်သူရဲ့ရင်သားကင်ဆာကုသမှုခံယူရင်း ၎င်းရဲ့ကျန် ၅၀ ရာခိုင်နှုန်းကို လိုအပ်နေတဲ့ အမျိုးသမီးများအတွက် ငွေကြေးထောက်ပံ့ရန် ရည်ရွယ်တဲ့ အကျိုးအမြတ်မယူတဲ့ The Love You Share အဖွဲ့သို့ လှူဒါန်းပေးမှာဘဲ ဖြစ်ပါတယ်။အဆိုပါဓါတ်ပုံများဟာ တကယ့်ကို လှပပြီး ထိထိမိမိရှိလှပါတယ်။၎င်းဓာတ်ပုံများက Angelo ဟာ အရာအားလုံးထပ် ဇနီးဖြစ်သူအား ပိုချစ်မြတ်နိုးကြောင်းကို သိသာထင်ဟပ်စေခဲ့ပါတယ်။၎င်းဓာတ်ပုံများဟာ တစ်စုံတစ်ဦးအပေါ် လေးလေးနက်နက် ချစ်မြတ်နိုးတတ်တဲ့လူများ သို့မဟုတ် မြင်ရသူတိုင်းရဲ့နှလုံးသားကို ထိမိတုန်လှုပ်သွားစေမှာ အမှန်ပါဘဲဗျာ။

Crd