ညဖက္ ေဖာက္သည္ေတြတန္းစီၿပီးေစာင့္ရေလာက္တဲ့အထိ အိမ္လုပ္ေရခဲမုန႔္ကို တြန္းလွည္းျဖင့္ ဆယ္စုႏွစ္ႏွင့္ခ်ီၾကာ ေရာင္းခ်ခဲ့တဲ့ ဦးေလး

ညဖက္ ေဖာက္သည္ေတြတန္းစီၿပီးေစာင့္ရေလာက္တဲ့အထိ အိမ္လုပ္ေရခဲမုန႔္ကို တြန္းလွည္းျဖင့္ ဆယ္စုႏွစ္ႏွင့္ခ်ီၾကာ ေရာင္းခ်ခဲ့တဲ့ ဦးေလး

စင္ကာပူနိုင္ငံ Hougangၿမိဳ႕ HDB အိမ္ၿခံေျမတစ္ေလွ်ာက္လုံးရွိလူမ်ားဟာ အကြၽမ္းတဝင္ရွိတဲ့ ေရခဲမုန႔္တြန္းလွည္းေခါင္းေလာင္းသံကို ၾကားသည္ႏွင့္တစ္ၿပိဳင္နက္ ေရခဲမုန႔္ ဦးေလးရဲ႕တြန္းလွည္းမွာ လ်င္ျမန္စြာ တန္းစီမႈမ်ားျဖစ္ေပၚလာတဲ့အေၾကာင္းကို ၿပီးခဲ့တဲ့တနလၤာေန႕ မြာ MP Dennis Tan အမည္ရွိအမ်ိဳးသားက မွ်ေဝခဲ့ပါတယ္။Tan ဟာ ထိုဦးေလးရဲ႕ အိမ္လုပ္ေရခဲမုန႔္ႏွင့္ ေဖာ္ေ႐ြတဲ့ အျပဳအမူမ်ားေၾကာင့္ လူသိမ်ားေၾကာင္းႏွင့္ အဆိုပါဦးေလးရဲ႕ေရခဲမုန႔္ က ၎ရပ္ကြက္တစ္ခုလုံးရဲ႕ အႀကိဳက္ဆုံးေရခဲမုန႔္လည္းျဖစ္တယ္လို႔ ဆိုပါတယ္။အဆိုပါဦးေလး ဟာ ေရခဲမုန႔္ကို Hougang ၿမိဳ႕မွာ ဆယ္စုႏွစ္မ်ားစြာ ေရာင္းခ်လာခဲ့ၿပီး Hougang ႐ြိ ေနထိုင္သူမ်ားစြာကလည္း တစ္ေန႕တစ္ေန႕ အဆိုပါဦးေလးရဲ႕ ေရခဲမုန႔္ေခါင္းေလာင္းသံကိုၾကားရန္ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။Tan ဟာ ေရခဲမုန့္ စားဖို႔ ေရွ႕တန္းသို႔ေရာက္သြားတဲ့အခ်ိန္မွာ သူရဲ႕အႀကိဳက္ဆုံးေပါင္မုန႔္ေရာင္းထြက္သြားခဲ့တာေၾကာင့္ ဦးေလးက အျခားေရခဲမုန႔္တစ္မ်ိဳးကို အစားထိုးေပးခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။

Tanက သူစားခ်င္တဲ့ေရခဲမုန့္မရွိေတာ့ေပမဲ့ တန္းစီေနသူမ်ားႏွင့္ စကားစျမည္မ်ားေျပာခဲ့ရတာေၾကာင့္ သူေပ်ာ္႐ႊင္ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။အဆိုပါရပ္ကြက္ရွိေနထိုင္သူတစ္ဦးက ဦးေလးရဲ႕ေရခဲမုန႔္ဟာ သူမေက်ာင္းတက္ေနစဥ္က သူမအတြက္အေကာင္းဆုံးျဖစ္ခဲ့ၿပီး အခုေတာ့ သူမကေလးရဲ႕ အႀကိဳက္ဆုံးေရခဲမုန႔္ ျဖစ္ေနၿပီျဖစ္ေၾကာင္း မွ်ေဝခဲ့ပါတယ္။ေနာက္ထပ္ ေနထိုင္သူအမ်ိဳးသမီးတစ္ဦးက ဦးေလးကိုကူညီရန္ လူမ်ားမ်ားလာၾကရန္ ေတာင္းခံခဲ့ပါတယ္။တနလၤာေန႕၊ ၾကာသပေတးေန႕ႏွင့္တနဂၤႏြေ ည ၇ နာရီမြည ၈ နာရီအၾကားမွာ ဦးေလးကို Block 309 Hougang ရိပ္သာလမ္း ၅ မြာ ေတြ႕ရွိနိုင္တယ္ လို႔လည္း ဆက္ေျပာထားပါေသးတယ္။

Crd

Unicode

ညဖက် ဖောက်သည်တွေတန်းစီပြီးစောင့်ရလောက်တဲ့အထိ အိမ်လုပ်ရေခဲမုန့်ကို တွန်းလှည်းဖြင့် ဆယ်စုနှစ်နှင့်ချီကြာ ရောင်းချခဲ့တဲ့ ဦးလေး

စင်ကာပူနိုင်ငံ Hougangမြို့ HDB အိမ်ခြံမြေတစ်လျှောက်လုံးရှိလူများဟာ အကျွမ်းတဝင်ရှိတဲ့ ရေခဲမုန့်တွန်းလှည်းခေါင်းလောင်းသံကို ကြားသည်နှင့်တစ်ပြိုင်နက် ရေခဲမုန့် ဦးလေးရဲ့တွန်းလှည်းမှာ လျင်မြန်စွာ တန်းစီမှုများဖြစ်ပေါ်လာတဲ့အကြောင်းကို ပြီးခဲ့တဲ့တနင်္လာနေ့ မွာ MP Dennis Tan အမည်ရှိအမျိုးသားက မျှဝေခဲ့ပါတယ်။Tan ဟာ ထိုဦးလေးရဲ့ အိမ်လုပ်ရေခဲမုန့်နှင့် ဖော်ရွေတဲ့ အပြုအမူများကြောင့် လူသိများကြောင်းနှင့် အဆိုပါဦးလေးရဲ့ရေခဲမုန့် က ၎င်းရပ်ကွက်တစ်ခုလုံးရဲ့ အကြိုက်ဆုံးရေခဲမုန့်လည်းဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါဦးလေး ဟာ ရေခဲမုန့်ကို Hougang မြို့မှာ ဆယ်စုနှစ်များစွာ ရောင်းချလာခဲ့ပြီး Hougang ရွိ နေထိုင်သူများစွာကလည်း တစ်နေ့တစ်နေ့ အဆိုပါဦးလေးရဲ့ ရေခဲမုန့်ခေါင်းလောင်းသံကိုကြားရန် မျှော်လင့်ခဲ့ကြပါတယ်။Tan ဟာ ရေခဲမုန့် စားဖို့ ရှေ့တန်းသို့ရောက်သွားတဲ့အချိန်မှာ သူရဲ့အကြိုက်ဆုံးပေါင်မုန့်ရောင်းထွက်သွားခဲ့တာကြောင့် ဦးလေးက အခြားရေခဲမုန့်တစ်မျိုးကို အစားထိုးပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

Tanက သူစားချင်တဲ့ရေခဲမုန့်မရှိတော့ပေမဲ့ တန်းစီနေသူများနှင့် စကားစမြည်များပြောခဲ့ရတာကြောင့် သူပျော်ရွှင်ကြောင်းလည်း ပြောပြခဲ့ပါတယ်။အဆိုပါရပ်ကွက်ရှိနေထိုင်သူတစ်ဦးက ဦးလေးရဲ့ရေခဲမုန့်ဟာ သူမကျောင်းတက်နေစဉ်က သူမအတွက်အကောင်းဆုံးဖြစ်ခဲ့ပြီး အခုတော့ သူမကလေးရဲ့ အကြိုက်ဆုံးရေခဲမုန့် ဖြစ်နေပြီဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။နောက်ထပ် နေထိုင်သူအမျိုးသမီးတစ်ဦးက ဦးလေးကိုကူညီရန် လူများများလာကြရန် တောင်းခံခဲ့ပါတယ်။တနင်္လာနေ့၊ ကြာသပတေးနေ့နှင့်တနင်္ဂနွေ ည ၇ နာရီမွည ၈ နာရီအကြားမှာ ဦးလေးကို Block 309 Hougang ရိပ်သာလမ်း ၅ မွာ တွေ့ရှိနိုင်တယ် လို့လည်း ဆက်ပြောထားပါသေးတယ်။

Crd