Life style
Written by admm
Crd
Unicode
အမေဖြစ်သူရဲ့ ၇၂ နှစ်ပြည့်မွေးနေ့မှာ ၂၃သိန်းကျော်တန်ဖိုးရှိတဲ့ ပိုက်ဆံပန်းစည်း နှင့်အခြားလက်ဆောင်ပစ္စည်းတို့ဖြင့် စပရိုက်လုပ်ပေးခဲ့တဲ့ အမျိုးသမီး
ဂျပန်နိုင်ငံရှိ အထူးအံ့အားသင့်စရာအစီအစဉ်များကိုကမ်းလှမ်းတဲ့ ရေမြေရပ်ခြားလုပ်သားများအဖွဲ့တစ်ခုဟာ ဝေးလံတဲ့ကိုယ့်ဇာတိရပ်ရှိဒေသများမှ ကိုယ့်နှင့်သက်ဆိုင်တဲ့နေထိုင်သူတစ်ဦးတစ်ယောက်ကို အံ့အားသင့်စေလိုသူများအတွက် အထူးပြု လုပ်ကိုင်ပေးပါတယ်။ဖိလစ်ပိုင်နိုင်ငံရှိ Nanay Simeona အမည်ရှိအမျိုးသမီးရဲ့ ၇၂ နှစ်ပြည့်မွေးနေ့ကို ဂျပန်နိုင်ငံရှိ သမီးဖြစ်သူက စုစုပေါင်း Php72k (မြန်မာငွေ ၂၃သိန်း ၆သောင်း)နီးပါး တန်ဖိုးရှိတဲ့ ပိုက်ဆံပန်းစည်း၊ ချောကလက် ပန်းစည်း၊ ဝက်ဝံ၊ ချောကလက်သေတ္တာနှင့် သစ်သီးခြင်းတောင်းတို့ ဖြင့် မိခင်ဖြစ်သူရဲ့ ၇၂ နှစ်မြောက်မွေးနေ့ကို အံ့အားသင့်စေခဲ့ပါတယ်။BFC အမည်ရှိပန်းဆိုင်ရဲ့ဆိုင်ဝန်ထမ်းအဖွဲ့များက မွေးနေ့ပွဲအတွက် အံ့သြစရာကောင်းလောက်အောင် ပြင်ဆင်ပေးခဲ့ပြီး sweetဖြစ်တဲ့လက်ဆောင်များကို ပေးပို့ရန် ဖိလစ်ပိုင်နိုင်ငံရှိ Nueva Ecija ပြည်နယ်သို့ တစ်ခေါက် သွားခဲ့ကြပါတယ်။
၎င်းတို့ရောက်သွားတဲ့ အချိန်မှာတော့ Nanay Simeona ရဲ့မိသားစုမွေးနေ့ ပါတီပွဲဟာ ပြီးဆုံးနေပြီးဖြစ်ပါတယ်။ထို့နောက် ၎င်းအဖွဲ့က Nanay Simeona အား ကားဆီသို့ ဖိတ်ခေါ်ခဲ့ကြပြီး သူမအား ကားနောက်ဖုံးကို ဖွင့်ခိုင်းလိုက်ပါတယ်။ကားတံခါးဖွင့်လိုက်တဲ့အခါ Nanay Simeona ဟာ သူမအတွက်ပြင်ဆင်ထားတဲ့ သမီးဖြစ်သူ ရဲ့မွေးနေ့လက်ဆောင်ကို အံ့အားသင့်ကာ မျက်ရည်များကျသွားခဲ့ပါတယ်။ထို့နောက် Nanay Simeona ဟာ BFC ပန်းပွင့်ဆိုင်မှတဆင့် သမီးဖြစ်သူရဲ့သတင်းစကားကို ကြားသိခဲ့ရပြီး အခြားသူမိသားစုများကလည်း မျက်ရည်များကျနေခဲ့ကြပါတယ်။
အချို့သော အင်တာနက်အသုံးပြုသူများက အစပိုင်းမှာ ၎င်း BFC Flowers and Gift ပန်းဆိုင်မှ ပြန်လည်မျှဝေထားတဲ့ ၎င်းလက်ဆောင်ဟာ ယောကျ်ားတစ်ယောက်က သူ့ရဲ့ရည်းစား (သို့) ဇနီးဖြစ်သူကိုပေးတယ်လို့ ထင်နေခဲ့ကြပါတယ်။သို့ပေမဲ့ ၎င်းက ရေမြေရပ်ခြားမှာအလုပ်လုပ်နေတဲ့သူရဲ့မိခင်အတွက် သာဖြစ်နေပါတယ်။သမီးဖြစ်သူရဲ့ မိခင်အတွက် မွေးနေ့လက်ဆောင်လေးက အရမ်းကို sweet ဖြစ်လွန်းပါတယ်။ဟုတ်ပါတယ် ၊ တကယ်လည်း မွေးနေ့များ၊ အခြားအထူးပွဲများအတွက် အံ့အားသင့်စရာကောင်းတဲ့လက်ဆောင်တစ်ခုပေးခြင်းက အတော်လေးကောင်းတဲ့ အကြံတစ်ခုပါဘဲ။
Crd
About the author
admm