Crd
Unicode
သုံးနှစ်အတွင်းလမ်းလျှောက်တက်အောင် မသင်ယူနိုင်ရင် သူမရဲ့မသန်စွမ်းချစ်သူကောင်လေးကို ထားခဲ့ဖို့ ဖိအားပေးခဲ့တဲ့ မိန်းကလေးရဲ့မိဘများ
ယန်နန် အမည်ရှိ ၂၃ နှစ်အရွယ်တရုတ်အမျိုးသမီးဟာ သူမရဲ့ မိဘေတြက သုံးနှစ်အတွင်း သူမရဲ့ကောင်လေး ယန်ဟောင်ဘိုက လမ်းလျှောက်တတ်အောင်သင်ယူနိုင်မယ်ဆိုရင် သူတို့နှစ်ဦးကို အတူနေရန် ခွင့်ပြုချက်နဲ့ ကောင်းချီးများကို ပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ် ။ ယန်ဟောင်ဘိုဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် အကြီးအကျယ်ဒဏ်ရာရရှိခဲ့ပြီး ရလဒ်အနေဖြင့် သူဟာ ခါးမွ အောက်ပိုင်းသေခဲ့ပါတယ် ။ ၃ နှစ်အချိန်ကုန်လွန်လာတာနဲ့အမျှ ယန်ဟောင်ဘိုဟာ ပြန်လည်မကျန်းမာသေးတာကြောင့် သူမရဲ့မိဘတွေက သူတို့ရဲ့သမီးကို ပြန်ခေါ်ခဲ့ပြီး သမီးဖြစ်သူက သူမရဲ့ရည်းစားနဲ့နေရန် တောင်းပန်ခဲ့တာကြောင့် နောက်ထပ် ၆ လအချိန်ပေးခဲ့ပါတယ် ။
ယန္နန္က အင်တာဗျူးတစ်ခုမှာ ငါဘာလုပ်ရမှန်းမသိတော့ဘူး၊ သူ့ကို ကုသပေးရင် ပြန်ကောင်းနိုင်တယ်ဆိုတာငါသိတယ်၊ ဒါပေမယ့်အခုချိန်ထိ ငါတို့မှာဆေးကုသမှုခံယူဖို့ ငွေမရှိသေးဘူး။ ကြှနျုပျတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေ အတွက်တောင် ငွေအလုံအလောက်မရှိတာပါ။ လို့ ဆိုခဲ့ပါတယ် ။ ယန်ဟောင်ဘိုက သူ့ကောင်မလေးရဲ့မိဘတွေကို အကယ်လို့ သူသာလမ်းပြန်မလျှောက်နိုင်ရင် သူတို့ရဲ့သမီးကို ပြန်ပေးမယ်ဆိုတာကိုလည်း သဘောတူခဲ့ပါတယ် ။ ယန်ဟောင်ဘိုက ကျွန်တော်နဲ့အတူနေမယ်ဆိုရင် သူမရဲ့အနာဂတ်တွေ မှောက်မိုက်သွားနိုင်တယ် ။ သူမရှေ့မှာ တောက်ပတဲ့အနာဂတ်ရှိနေပါတယ် ။ ခြောက်လပြည့်သွားလို့ ကျွန်တော့်ခြေထောက်တွေကို မကုသနိုင်ရင် သူ့မိဘတွေလိုချင်တာကို ပြန်ပေးမယ်လို့ ကျွန်တော်ကတိပေးခဲ့တယ်။ လို့ ဆိုပါတယ် ။ သူတိုစုံတွဲနှစ်ဦးအတွက် အချိန် ၆ လသာ ကျန်ရှိပါတယ် ။
Crd