Pet & Love

ကယ္တင္ေပးခဲ့တဲ့သခင္ကို ေက်းဇူးဆပ္နိုင္ဖို႔ နံနက္တိုင္းလိုလို ႂကြက္တစ္ေကာင္ဖမ္းလာေပးတတ္တဲ့ ဇီးကြက္ေလး

Written by admm

ကယ္တင္ေပးခဲ့တဲ့သခင္ကို ေက်းဇူးဆပ္နိုင္ဖို႔ နံနက္တိုင္းလိုလို ႂကြက္တစ္ေကာင္ဖမ္းလာေပးတတ္တဲ့ ဇီးကြက္ေလး

လြန္ခဲ့တဲ့ ၂၀၁၁ခုႏွစ္တုန္းက ေတာင္အာဖရိကနိုင္ငံသားတစ္ဦးဟာ ဒဏ္ရာရေနခဲ့တဲ့ဇီးကြက္တစ္ေကာင္ကို ေတြ႕ရွိခဲ့ရပါတယ္။သူဟာ တိရိစ္ဆာန္မ်ားကို အလြန္ခ်စ္ႏွစ္သက္သူတစ္ဦးျဖစ္တာေၾကာင့္ သူဟာ အဆိုပါဇီးကြက္ကို အိမ္သို႔ ခ်က္ခ်င္းေခၚ ေဆာင္ကာ ၂ လေက်ာ္ ထိန္းေက်ာင္းေစာင့္ေရွာက္ေပးခဲ့ပါတယ္။၎ကာလအတြင္း ဇီးကြက္ႏွင့္ထိုလူတို႔၏ဆက္ဆံေရးဟာ ပိုမိုခိုင္ၿမဲလာခဲ့ၿပီး အဆိုပါဇီးကြက္ဟာ အိမ္အတြင္းရွိ ေၾကာင္မ်ား၊ငွက္မ်ားႏွင့္လည္းရင္းႏွီးတဲ့ မိတ္ေဆြမ်ားျဖစ္လာခဲ့ပါေတာ့တယ္။

ထို႔ေနာက္ အဆိုပါဇီးကြက္ဟာ အခ်ိန္အတန္ၾကာ ျပန္လည္နာလန္ထူနိုင္ခဲ့ၿပီးေနာက္ ၎အား ကယ္တင္ေပးခဲ့သူရဲ႕ေနအိမ္မွ စြန္ခြါခဲ့ေပမဲ့လည္း အဆိုပါဇီးကြက္ဟာ ၎ကယ္တင္ရွင္ရဲ႕ၾကင္နာမႈကို မေမ့မေလ်ာ့ရွိကာ ၎အိမ္သို႔ျပန္ေရာက္လာတိုင္း အိမ္ျပန္လက္ေဆာင္မ်ားကို ႏွစ္ေပါင္းမ်ားစြာၾကာသည္အထိ ယူေဆာင္လာေပးတတ္ရွိပါတယ္။

သို႔ေပမဲ့ အဆိုပါဇီးကြက္ရဲ႕ ၎အားကယ္တင္ေပးခဲ့တဲ့သခင္အတြက္ လက္ေဆာင္ကေတာ့ အနည္းငယ္ထူးဆန္းေနပါတယ္။အဲ့လက္ေဆာင္ေတြက ဘာလဲဆိုေတာ့ သူအႀကိဳက္ဆုံးျဖစ္တဲ့ ႂကြက္ေတြဘဲျဖစ္ပါတယ္။

အဆိုပါဇီးကြက္ဟာ သခင့္အိမ္မွာရွိတဲ့ ေၾကာင္မ်ားႏွင့္ဌက္မ်ားကလည္း ၎ရဲ႕သူငယ္ခ်င္းမ်ားျဖစ္တာေၾကာင့္ တစ္ခါတစ္ရံ ၎လက္ေဆာင္အား ေၾကာင္ႏွင့္ ဌက္မ်ားကို ေပးတတ္ပါေသးတယ္။

ဌက္မ်ားကလည္း ၎လက္ေဆာင္ကို အေတာ္ေလးႀကိဳက္တတ္ပါေသးတာေၾကာင့္ ၎တို႔ရဲ႕ သူငယ္ခ်င္းဆက္ဆံေရးကခည္း အၿမဲအဆင္ေျပေနပါေတာ့တယ္။

အဆိုပါဇီးကြက္ဟာ အိမ္ျပန္ေရာက္လာတိုင္း ႂကြက္မ်ားအား လက္ေဆာင္အျဖစ္ ယူျပန္လာျခင္းကို ၄ႏွစ္ဆက္တိုက္ ျပဳလုပ္လာခဲ့ပါတယ္။တစ္ခါတစ္ရံ သခင္က အိပ္ေပ်ာ္ေနတတ္တဲ့အခ်ိန္ေတြမွာ အဆိုပါဇီးကြက္ဟာ ထေတာ့ ၊ ဒီမွာ လတ္ဆတ္တဲ့ ႂကြက္ကို ထစားေလ ဟု ေျပာဆိုေနပုံရတဲ့ပုံစံျဖင့္ သခင္ျဖစ္သူရဲ႕ေဘးနားမွာ ပါးစပ္ထဲမွာ ႂကြက္ကိုက္ရင္း ရပ္ေစာင့္ေနတတ္ပါေသးတယ္။

အျခားေတာေကာင္မ်ားကိုလည္း ဖမ္းလာတတ္ပါေသးတယ္။လူေတြအတြက္ ထို႔ကဲ့သို႔ေသာ လက္ေဆာင္မ်ိဳးက အလြန္ဆိုး႐ြာလွေပမဲ့ ၎ဟာ ဇီးကြက္ရဲ႕စစ္မွန္တဲ့ႏွလုံးသားမွ ေပးတဲ့လက္ေဆာင္ဘဲျဖစ္ပါတယ္။

ႏွစ္မ်ားတစ္ေလွ်ာက္ အဆိုပါဇီးကြက္ဟာ ထိုအမ်ိဳးသားရဲ႕ၾကင္နာမႈကို မေမ့ေလ်ာ့ထားခဲ့တာေၾကာင့္ ဇီးကြက္ဟာ ၎ရဲ႕သခင္ႏွင့္ ၎ရဲ႕တိရိစ္ဆာန္သူငယ္ခ်င္းမ်ားထံ လည္ပတ္တဲ့အခါတိုင္း လက္ေဆာင္မ်ားျဖင့္ အၿမဲတမ္း အိမ္ျပန္လာတတ္ပါတယ္။

အဆိုပါဇီးကြက္အိမ္ျပန္ေရာက္လာတဲ့အခ်ိန္တိုင္းမွာ အိမ္ရွိ ေၾကာင္ႏွင့္ဌက္မ်ားဟာ အလြန္ေပ်ာ္႐ႊင္ေနတတ္ၾကပါတယ္။ဘာလို႔လဲဆိုေတာ့ လက္ေဆာင္က ၎တို႔ရဲ႕ဆႏၵႏွင့္ မ်ားစြာထပ္တူက်ေနလို႔ဘဲ ျဖစ္ပါတယ္။

ဟုတ္ပါတယ္ ဇီးကြက္ရဲ႕လက္ေဆာင္က သခင္ျဖစ္သူအတြက္ မေတြးရဲစရာေကာင္းေနေပမဲ့ လက္ေဆာင္မ်ားႏွင့္အိမ္ျပန္ေရာက္လာတတ္တဲ့ဇီးကြက္ကို ျမင္တိုင္း သခင္ျဖစ္သူကလည္း အၿမဲေပ်ာ္႐ႊင္ေနခဲ့ရပါတယ္။

Crd

Unicode

ကယ်တင်ပေးခဲ့တဲ့သခင်ကို ကျေးဇူးဆပ်နိုင်ဖို့ နံနက်တိုင်းလိုလို ကြွက်တစ်ကောင်ဖမ်းလာပေးတတ်တဲ့ ဇီးကွက်လေး

လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်တုန်းက တောင်အာဖရိကနိုင်ငံသားတစ်ဦးဟာ ဒဏ်ရာရနေခဲ့တဲ့ဇီးကွက်တစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။သူဟာ တိရိစ္ဆာန်များကို အလွန်ချစ်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့် သူဟာ အဆိုပါဇီးကွက်ကို အိမ်သို့ ချက်ချင်းခေါ် ဆောင်ကာ ၂ လကျော် ထိန်းကျောင်းစောင့်ရှောက်ပေးခဲ့ပါတယ်။၎င်းကာလအတွင်း ဇီးကွက်နှင့်ထိုလူတို့၏ဆက်ဆံရေးဟာ ပိုမိုခိုင်မြဲလာခဲ့ပြီး အဆိုပါဇီးကွက်ဟာ အိမ်အတွင်းရှိ ကြောင်များ၊ငှက်များနှင့်လည်းရင်းနှီးတဲ့ မိတ်ဆွေများဖြစ်လာခဲ့ပါတော့တယ်။

 

ထို့နောက် အဆိုပါဇီးကွက်ဟာ အချိန်အတန်ကြာ ပြန်လည်နာလန်ထူနိုင်ခဲ့ပြီးနောက် ၎င်းအား ကယ်တင်ပေးခဲ့သူရဲ့နေအိမ်မှ စွန်ခွါခဲ့ပေမဲ့လည်း အဆိုပါဇီးကွက်ဟာ ၎င်းကယ်တင်ရှင်ရဲ့ကြင်နာမှုကို မမေ့မလျော့ရှိကာ ၎င်းအိမ်သို့ပြန်ရောက်လာတိုင်း အိမ်ပြန်လက်ဆောင်များကို နှစ်ပေါင်းများစွာကြာသည်အထိ ယူဆောင်လာပေးတတ်ရှိပါတယ်။

 

သို့ပေမဲ့ အဆိုပါဇီးကွက်ရဲ့ ၎င်းအားကယ်တင်ပေးခဲ့တဲ့သခင်အတွက် လက်ဆောင်ကတော့ အနည်းငယ်ထူးဆန်းနေပါတယ်။အဲ့လက်ဆောင်တွေက ဘာလဲဆိုတော့ သူအကြိုက်ဆုံးဖြစ်တဲ့ ကြွက်တွေဘဲဖြစ်ပါတယ်။

 

အဆိုပါဇီးကွက်ဟာ သခင့်အိမ်မှာရှိတဲ့ ကြောင်များနှင့်ဌက်များကလည်း ၎င်းရဲ့သူငယ်ချင်းများဖြစ်တာကြောင့် တစ်ခါတစ်ရံ ၎င်းလက်ဆောင်အား ကြောင်နှင့် ဌက်များကို ပေးတတ်ပါသေးတယ်။

 

ဌက်များကလည်း ၎င်းလက်ဆောင်ကို အတော်လေးကြိုက်တတ်ပါသေးတာကြောင့် ၎င်းတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကခည်း အမြဲအဆင်ပြေနေပါတော့တယ်။

 

အဆိုပါဇီးကွက်ဟာ အိမ်ပြန်ရောက်လာတိုင်း ကြွက်များအား လက်ဆောင်အဖြစ် ယူပြန်လာခြင်းကို ၄နှစ်ဆက်တိုက် ပြုလုပ်လာခဲ့ပါတယ်။တစ်ခါတစ်ရံ သခင်က အိပ်ပျော်နေတတ်တဲ့အချိန်တွေမှာ အဆိုပါဇီးကွက်ဟာ ထတော့ ၊ ဒီမှာ လတ်ဆတ်တဲ့ ကြွက်ကို ထစားလေ ဟု ပြောဆိုနေပုံရတဲ့ပုံစံဖြင့် သခင်ဖြစ်သူရဲ့ဘေးနားမှာ ပါးစပ်ထဲမှာ ကြွက်ကိုက်ရင်း ရပ်စောင့်နေတတ်ပါသေးတယ်။

 

အခြားတောကောင်များကိုလည်း ဖမ်းလာတတ်ပါသေးတယ်။လူတွေအတွက် ထို့ကဲ့သို့သော လက်ဆောင်မျိုးက အလွန်ဆိုးရွာလှပေမဲ့ ၎င်းဟာ ဇီးကွက်ရဲ့စစ်မှန်တဲ့နှလုံးသားမှ ပေးတဲ့လက်ဆောင်ဘဲဖြစ်ပါတယ်။

 

နှစ်များတစ်လျှောက် အဆိုပါဇီးကွက်ဟာ ထိုအမျိုးသားရဲ့ကြင်နာမှုကို မမေ့လျော့ထားခဲ့တာကြောင့် ဇီးကွက်ဟာ ၎င်းရဲ့သခင်နှင့် ၎င်းရဲ့တိရိစ္ဆာန်သူငယ်ချင်းများထံ လည်ပတ်တဲ့အခါတိုင်း လက်ဆောင်များဖြင့် အမြဲတမ်း အိမ်ပြန်လာတတ်ပါတယ်။

 

အဆိုပါဇီးကွက်အိမ်ပြန်ရောက်လာတဲ့အချိန်တိုင်းမှာ အိမ်ရှိ ကြောင်နှင့်ဌက်များဟာ အလွန်ပျော်ရွှင်နေတတ်ကြပါတယ်။ဘာလို့လဲဆိုတော့ လက်ဆောင်က ၎င်းတို့ရဲ့ဆန္ဒနှင့် များစွာထပ်တူကျနေလို့ဘဲ ဖြစ်ပါတယ်။

 

ဟုတ်ပါတယ် ဇီးကွက်ရဲ့လက်ဆောင်က သခင်ဖြစ်သူအတွက် မတွေးရဲစရာကောင်းနေပေမဲ့ လက်ဆောင်များနှင့်အိမ်ပြန်ရောက်လာတတ်တဲ့ဇီးကွက်ကို မြင်တိုင်း သခင်ဖြစ်သူကလည်း အမြဲပျော်ရွှင်နေခဲ့ရပါတယ်။

Crd

About the author

admm