Life style

ပ်က္စီးေနတဲ့လမ္းမေပၚရွိ ႐ႊံ႕အိုင္ထဲမွာ ေရခ်ိဳးျပကာ လမ္းေတြျပန္လည္ျပဳျပင္ေပးေအာင္ တာဝန္ရွိသူေတြကို ဆြဲေဆာင္ခဲ့တဲ့ TikTok Cele တစ္ဦး

Written by admm

ပ်က္စီးေနတဲ့လမ္းမေပၚရွိ ႐ႊံ႕အိုင္ထဲမွာ ေရခ်ိဳးျပကာ လမ္းေတြျပန္လည္ျပဳျပင္ေပးေအာင္ တာဝန္ရွိသူေတြကို ဆြဲေဆာင္ခဲ့တဲ့ TikTok Cele တစ္ဦး

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၀ ရက္ေန႕က @ suksusasn25 အမည္ရွိ TikToker တစ္ဦးဟာ ထိုင္းနိုင္ငံ Ayutthaya ႐ြိ လမ္းမႀကီးေပၚရွိေရအိုင္ထဲမွာ သူကိုယ္တိုင္ေရခ်ိဳးေနခဲ့တဲ့ဗီဒီယိုတစ္ခုကို တင္ခဲ့ပါတယ္။ထို႔ေနာက္ သူဟာ အဆိုပါဗီဒီယိုအား Facebook ေပၚမွာ ျပန္လည္မွ်ေဝကာ ထိုင္းနိုင္ငံရွိသယ္ယူပို႔ေဆာင္ဝန္ႀကီးဌာနရဲ႕Facebook page ကိုပါ tag တြဲခဲ့ပါေသးတယ္။ရက္အနည္းငယ္အၾကာမွာေတာ့ တရားဝင္ကိုယ္စားလွယ္တစ္ဦးဟာ ေဆာက္လုပ္ေရးလုပ္သားႏွင့္အတူ ထိုေနရာသို႔ေရာက္ရွိလာခဲ့ၿပီး ၎လမ္းအား ေခတၱယာယီျပင္ဆင္ထားခဲ့ပါတယ္။အဆိုပါဗီဒီယိုအား ရိုကၠဴးခဲ့တဲ့ အမ်ိဳးသားက လမ္းေပၚမွာရွိတဲ့႐ႊံ႕အိုင္ေရခ်ိဳးကန္ရဲ႕ review လို႔ဆိုကာ ထိုကဲ့သို႔ caption တပ္ခဲ့ပါတယ္။

သူဟာ ထဘီအား ရင္ဘက္ေပၚထိရစ္ပတ္ကာ ခြက္ေလးဆြဲရင္း စိတ္လႈပ္ရွားစြာျဖင့္ အိမ္မွာ မီးပ္ကၱာ ဒါမွမဟုတ္ အိမ္မွာ ေရမရွိတဲ့အခါက့်ရင္ ဒီပ်က္စီးေနတဲ့လမ္းေပၚက ႐ႊံ႕အိုင္မွာ ေရလာခ်ိဳးလို႔ရေနတာပဲ ဟု ဗီဒီယိုရဲ႕အစမွာ ထို႔ကဲ့သို႔ ေျပာဆိုေနခဲ့ပါတယ္။

ထို႔ေနာက္ သူဟာ ႐ႊံ႕အိုင္ထဲသို႔ ထိုင္ခ်လိဳက္ၿပီး ခြက္ျဖင့္ ႐ႊံ႕ေရကို ခြက္ခ်ိဳးေနရင္း ေတြ႕လား၊ ဒီနည္းနဲ႕ တိုင္းျပည္ကို ကူညီရင္း ေရကို ေခြၽတာလို႔ရၿပီ လို႔ ထပ္ေျပာေနခဲ့ပါတယ္။

ထို႔ေနာက္ အခ်ိန္အနည္းငယ္အၾကာမွာေတာ့ သူဟာ သူ႕ေရွ႕မွျဖတ္သန္းသြားတဲ့ကုန္တင္ကားႏွစ္စီးအား ဒီလမ္းမွာ အခုလို အေပါက္ျဖစ္ေနတာေတြအမ်ားႀကီး လို႔ လွမ္းေျပာေနခဲ့တာကို ေတြ႕ရမွာပါ။

ထို႔အျပင္ အဆိုပါ TikToker က ၎လမ္းရဲ႕ေဆာက္လုပ္ေရးကုန္က်စရိတ္ဟာ 103,000,000 (ေဒၚလာ 3,154,670) ကုန္က်ၿပီး ၎လမ္းက ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဩဂုတႅမြာ ေဆာက္လုပ္ၿပီးစီးခဲ့သည့္အေၾကာင္းကို သူ႕ရဲ႕ပရိသတ္မ်ားအား ေျပာျပေနခဲ့ပါတယ္။လမ္းျပင္တဲ့ထိုအခ်ိန္မွစၿပီး ယခုထိ လမ္းၾကားေတြမွာ လမ္းျပဳျပင္မႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း ယခုလို တြင္းေပါက္မ်ား ရွိေနေသးေၾကာင္းကို ထပ္မံေျပာျပခဲ့ပါေသးတယ္။

အဆိုပါ TikToker ဟာ ၎လမ္းရဲ႕အေျခအေနႏွင့္ပတ္သက္ၿပီး ျပႆနာမ်ားကို ေျဖရွင္းကာ လမ္းအားျပန္လည္ေကာင္းမြန္လာေစရန္အတြက္ သူ႕ရဲ႕ပထမဆုံးေျခလွမ္းအျဖစ္ စတင္ခဲ့ပုံရပါတယ္။

Facebook page မြာ tag တြဲခံရၿပီးေနာက္ Ayutthaya ရဲ႕ျပည္နယ္႐ုံးမွ တာဝန္ရွိသူမ်ားဟာ ၎လမ္းမႀကီးအား စစ္ေဆးရန္ သြားေရာက္ခဲ့ၾကေၾကာင္း Spring News သတင္းက ဇူလိုင္လ ၁၃ ရက္ေန႕မွာ ေဖာ္ျပထားခဲ့ပါတယ္။

ထို႔ေနာက္ Phra Nakhon Si Ayutthaya ၿမိဳ႕ရဲ႕ေက်းလက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး Mr. Surin Kakaro က ၎ျပႆနာကို ယာယီေလ်ာ့ပါးသြားေစရန္ ျပန္လည္ျပင္ဆင္မႈမ်ားျပဳလုပ္သြားမည္ဟု ေျပာၾကားခဲ့ပါေတာ့တယ္။ထို႔ေနာက္ အင္တာနက္အသုံးျပဳသူမ်ားစြာက ႐ႊံ႕ေရကို ခြက္ခ်ိဳးရင္း အမ်ားအက်ိဳးအတြက္ ထိပ္ဆဳံးက ဦးေဆာင္ေပးခဲ့တဲ့ အဆိုပါ TikToker အား ေက်းဇူးအထူးတင္ရွိေၾကာင္း ေျပာဆိုေနခဲ့ၾကပါတယ္။

Crd

Unicode

ပျက်စီးနေတဲ့လမ်းမပေါ်ရှိ ရွှံ့အိုင်ထဲမှာ ရေချိုးပြကာ လမ်းတွေပြန်လည်ပြုပြင်ပေးအောင် တာဝန်ရှိသူတွေကို ဆွဲဆောင်ခဲ့တဲ့ TikTok Cele တစ်ဦး

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က @ suksusasn25 အမည်ရှိ TikToker တစ်ဦးဟာ ထိုင်းနိုင်ငံ Ayutthaya ရွိ လမ်းမကြီးပေါ်ရှိရေအိုင်ထဲမှာ သူကိုယ်တိုင်ရေချိုးနေခဲ့တဲ့ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။ထို့နောက် သူဟာ အဆိုပါဗီဒီယိုအား Facebook ပေါ်မှာ ပြန်လည်မျှဝေကာ ထိုင်းနိုင်ငံရှိသယ်ယူပို့ဆောင်ဝန်ကြီးဌာနရဲ့Facebook page ကိုပါ tag တွဲခဲ့ပါသေးတယ်။ရက်အနည်းငယ်အကြာမှာတော့ တရားဝင်ကိုယ်စားလှယ်တစ်ဦးဟာ ဆောက်လုပ်ရေးလုပ်သားနှင့်အတူ ထိုနေရာသို့ရောက်ရှိလာခဲ့ပြီး ၎င်းလမ်းအား ခေတ္တယာယီပြင်ဆင်ထားခဲ့ပါတယ်။အဆိုပါဗီဒီယိုအား ရိုက္ကူးခဲ့တဲ့ အမျိုးသားက လမ်းပေါ်မှာရှိတဲ့ရွှံ့အိုင်ရေချိုးကန်ရဲ့ review လို့ဆိုကာ ထိုကဲ့သို့ caption တပ်ခဲ့ပါတယ်။

သူဟာ ထဘီအား ရင်ဘက်ပေါ်ထိရစ်ပတ်ကာ ခွက်လေးဆွဲရင်း စိတ်လှုပ်ရှားစွာဖြင့် အိမ်မှာ မီးပ်က္တာ ဒါမှမဟုတ် အိမ်မှာ ရေမရှိတဲ့အခါကျ့ရင် ဒီပျက်စီးနေတဲ့လမ်းပေါ်က ရွှံ့အိုင်မှာ ရေလာချိုးလို့ရနေတာပဲ ဟု ဗီဒီယိုရဲ့အစမှာ ထို့ကဲ့သို့ ပြောဆိုနေခဲ့ပါတယ်။

ထို့နောက် သူဟာ ရွှံ့အိုင်ထဲသို့ ထိုင်ချလိုက်ပြီး ခွက်ဖြင့် ရွှံ့ရေကို ခွက်ချိုးနေရင်း တွေ့လား၊ ဒီနည်းနဲ့ တိုင်းပြည်ကို ကူညီရင်း ရေကို ချွေတာလို့ရပြီ လို့ ထပ်ပြောနေခဲ့ပါတယ်။

ထို့နောက် အချိန်အနည်းငယ်အကြာမှာတော့ သူဟာ သူ့ရှေ့မှဖြတ်သန်းသွားတဲ့ကုန်တင်ကားနှစ်စီးအား ဒီလမ်းမှာ အခုလို အပေါက်ဖြစ်နေတာတွေအများကြီး လို့ လှမ်းပြောနေခဲ့တာကို တွေ့ရမှာပါ။

ထို့အပြင် အဆိုပါ TikToker က ၎င်းလမ်းရဲ့ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ 103,000,000 (ဒေါ်လာ 3,154,670) ကုန်ကျပြီး ၎င်းလမ်းက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဩဂုတ္လမွာ ဆောက်လုပ်ပြီးစီးခဲ့သည့်အကြောင်းကို သူ့ရဲ့ပရိသတ်များအား ပြောပြနေခဲ့ပါတယ်။လမ်းပြင်တဲ့ထိုအချိန်မှစပြီး ယခုထိ လမ်းကြားတွေမှာ လမ်းပြုပြင်မှုများပြုလုပ်ခဲ့သော်လည်း ယခုလို တွင်းပေါက်များ ရှိနေသေးကြောင်းကို ထပ်မံပြောပြခဲ့ပါသေးတယ်။

အဆိုပါ TikToker ဟာ ၎င်းလမ်းရဲ့အခြေအနေနှင့်ပတ်သက်ပြီး ပြဿနာများကို ဖြေရှင်းကာ လမ်းအားပြန်လည်ကောင်းမွန်လာစေရန်အတွက် သူ့ရဲ့ပထမဆုံးခြေလှမ်းအဖြစ် စတင်ခဲ့ပုံရပါတယ်။

Facebook page မွာ tag တွဲခံရပြီးနောက် Ayutthaya ရဲ့ပြည်နယ်ရုံးမှ တာဝန်ရှိသူများဟာ ၎င်းလမ်းမကြီးအား စစ်ဆေးရန် သွားရောက်ခဲ့ကြကြောင်း Spring News သတင်းက ဇူလိုင်လ ၁၃ ရက်နေ့မှာ ဖော်ပြထားခဲ့ပါတယ်။

ထို့နောက် Phra Nakhon Si Ayutthaya မြို့ရဲ့ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr. Surin Kakaro က ၎င်းပြဿနာကို ယာယီလျော့ပါးသွားစေရန် ပြန်လည်ပြင်ဆင်မှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါတော့တယ်။ထို့နောက် အင်တာနက်အသုံးပြုသူများစွာက ရွှံ့ရေကို ခွက်ချိုးရင်း အများအကျိုးအတွက် ထိပ္ဆုံးက ဦးဆောင်ပေးခဲ့တဲ့ အဆိုပါ TikToker အား ကျေးဇူးအထူးတင်ရှိကြောင်း ပြောဆိုနေခဲ့ကြပါတယ်။

Crd

About the author

admm