NEWS

အဆူးမပါေတာ့တဲ့ ဒူရင္းသီးမ်ိဳးစိတ္ကြဲပင္မ်ားကို ေအာင္ျမင္စြာ ေဖာ္စပ္နိုင္ခဲ့ၾကသူမ်ား

Written by admm

အဆူးမပါေတာ့တဲ့ ဒူရင္းသီးမ်ိဳးစိတ္ကြဲပင္မ်ားကို ေအာင္ျမင္စြာ ေဖာ္စပ္နိုင္ခဲ့ၾကသူမ်ား

Indonesia နိုင္ငံရွိ လယ္ယာစိုက္ပ်ိဳးေရးအဖြဲ႕မ်ားက ၁၂ ႏွစ္ၾကာဖန္တီးခဲ့တဲ့ အဆူးမ်ားမပါေတာ့တဲ့ ဒူရင္းသီးမ်ိဳးစိတ္ကြဲပင္ရဲ႕ႀကီးထြားမႈဟာ ေအာင္ျမင္စြာ ႀကီးထြားလာခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။အခု Durian သီးရဲ႕ပုံသ႑န္ဟာ ေခ်ာေမြ႕ၿပီး ၎ရဲ႕အဆူးမ်ားကို သတိမထားမိေလာက္ေတာ့တဲ့အထိျဖစ္ေနတာကို ပုံမွာေတြ႕ျမင္ရမွာပါ။၎အဖြဲ႕မ်ားက ဒီ Durian ရဲ႕အသားက ပိုမိုပါးလႊာၿပီး အရသာပိုခ်ိဳေၾကာင္း ႏွင့္ ကိုင္တြယ္ရာမွာလည္း ပိုၿပီးလြယ္ကူေၾကာင္းကို ေျပာၾကားခဲ့ပါတယ္။သို႔ေပမဲ့ ၎ဖန္တီးမႈက အင္ဒိုနီးရွားရဲ႕စိုက္ပ်ိဳးေရးအဖြဲ႕မ်ားအတြက္ မၾလယၠဴခဲ့ရပါဘူး။၎ အဆူးမ်ားမရွိေတာ့တဲ့ Durian မ်ိဳးစိတ္ကြဲမ်ားဖန္တီးမႈကို ၂၀၀၇ ခုႏွစ္မွာ Rinjani ေတာင္တန္းရွိ Trenggaluh ေက်း႐ြာမွာ စတင္ေဖာ္စပ္ခဲ့ၾကပါတယ္။၎ ေဒသခံစိုက္ပ်ိဳးေရးအဖြဲ႕က အသီးေျပာင္တဲ့အပင္ေပါက္တစ္မ်ိဳးမ်ိဳးကို Durian ပင္ႏွင့္ သစ္ကိုင္းဆက္ျခင္းမ်ားျဖင့္ ျပဳလုပ္ခဲ့ပါတယ္။

၎ Durian သီးကို အဆိပ္ရွိတယ္လို႔ ထင္မွတ္သြားရေလာက္တဲ့အထိ ၎အသီးကို သူတို႔ သံသယဝင္ခဲ့ၾကေၾကာင္း လယ္ယာပိုင္ရွင္တစ္ဦးက ဆိုပါတယ္။သို႔ေပမဲ့ ၎ဖန္တီးမႈက ေအာင္ျမင္လာခဲ့တာေၾကာင့္ အဆိုပါ Durian ရဲ႕မ်ိဳးေစ့မ်ားကို ပိုမိုထုတ္လုပ္ၿပီး ထိုကဲ့သို႔ေသာ နည္းစနစ္ျဖင့္ စိုက္ပ်ိဳးရန္ စတင္အသုံးျပဳလာခဲ့ၾကပါတယ္။၎မ်ိဳးေစ့ဟာ ၂ ရာခိုင္ႏႈန္းခန့္သာ အမ်ိဳးေအာင္နိုင္ၿပီး ၎ကို Durian Gundul လို႔ အမည္ေပးခဲ့ၾကပါတယ္။ေလ့လာေတြ႕ရွိခ်က္အေပၚ အေျခခံျခင္းအာျဖင့္ ၎ထူးျခားတဲ့ႀကီးထြားမႈက အမပန္းမ်ားႏွင့္အထီးပန္းမ်ားက အခ်င္းခ်င္း နီးကပ္ထိစပ္သြားတဲ့အခါ မ်ိဳးပြါးနိုင္တဲ့မ်ိဳးရိုးဗီဇရဲ႕ ရလဒ္ေၾကာင့္ ၎မ်ိဳးစိတ္ကြဲမ်ားျဖစ္ေပၚလာေၾကာင္း ခန့္မွန္းကာ ထိုကဲ့သို႔ ယုံၾကည္ခဲ့ၾကပါတယ္။အင္ဒိုနီးရွားစိုက္ပ်ိဳးေရးအဖြဲ႕ဟာ အသီးမ်ိဳးေပါင္း ၄၀ႏွင့္ သစ္ကိုင္းဆက္ကာ ရ႐ြိလာတဲ့ ၎ Durian ပ်ိဳးပင္ အပင္၂၃,၀၀၀ ေက်ာ္ကို ထြန္ယက္စိုက္ပ်ိဳးနိုင္ခဲ့ၾကပါတယ္။

၎ပ်ိဳးပင္မ်ားကိုစိုက္ပ်ိဳးရန္ အျခားစိုက္ပ်ိဳးေရးစင္တာမ်ားသို႔လည္း ေပးပို႔ခဲ့ၾကပါတယ္။သို႔ေပမယ့္ အလားတူ ဒူရင္းမ်ိဳးကြဲႏွင့္ပတ္သက္တဲ့အျဖစ္အပ်က္မ်ိဳးဟာ ပထမဆုံးအႀကိမ္ မဟုတ္ေနပါဘူး။၁၉၅၀ ျပည့္လြန္ႏွစ္မ်ားက ဖိလစ္ပိုင္နိုင္ငံရွိ Davao ၿမိဳ႕ရဲ႕ အေရွ႕ဘက္ရွိ Compostela ခ်ိဳင့္ဝွမ္းမွာ အဆူးမ႐ြိတဲ့ ဒူရင္းမ်ိဳးစိတ္ကြဲတစ္မ်ိဳးကို ေအာင္ျမင္စြာ ဖန္တီးနိုင္ခဲ့ၾကပါေသးတယ္။ဖိလစ္ပိုင္သမၼတ Diosdado P Macapagal ကိုယ္တိုင္ကလည္း ၁၉၆၄ ခုႏွစ္မွာ ၎မ်ိဳးစိတ္ကြဲပင္အခ်ိဳ႕ကို စိုက္ပ်ိဳးခဲ့ဖူးပါေသးတယ္။အဆူးမပါတဲ့ဒူရင္းသီးကို သင္ပုံေဖာ္ေတြးၾကည့္ဖူးပါသလား။အခုေတာ့ အဲ့လိုေတြးေနစရာမလိုေတာ့ဘဲ မၾကာခင္အခ်ိန္အတြင္းမွာ ၎အဆူးမပါေတာ့တဲ့ဒူရင္းသီးေတြကို ဝယ္စားနိုင္ေတာ့မွာပါ။ဒီေတာ့ အဆူးမပါတဲ့ဒူရင္းသီးရဲ႕ဓာတ္ပုံကိုလည္း တစ္ခ်က္ၾကည့္ရႈသြားခဲ့ၾကပါအုံး။

Crd

Unicode

အဆူးမပါတော့တဲ့ ဒူရင်းသီးမျိုးစိတ်ကွဲပင်များကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြသူများ

Indonesia နိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးအဖွဲ့များက ၁၂ နှစ်ကြာဖန်တီးခဲ့တဲ့ အဆူးများမပါတော့တဲ့ ဒူရင်းသီးမျိုးစိတ်ကွဲပင်ရဲ့ကြီးထွားမှုဟာ အောင်မြင်စွာ ကြီးထွားလာခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။အခု Durian သီးရဲ့ပုံသဏ္႑န်ဟာ ချောမွေ့ပြီး ၎င်းရဲ့အဆူးများကို သတိမထားမိလောက်တော့တဲ့အထိဖြစ်နေတာကို ပုံမှာတွေ့မြင်ရမှာပါ။၎င်းအဖွဲ့များက ဒီ Durian ရဲ့အသားက ပိုမိုပါးလွှာပြီး အရသာပိုချိုကြောင်း နှင့် ကိုင်တွယ်ရာမှာလည်း ပိုပြီးလွယ်ကူကြောင်းကို ပြောကြားခဲ့ပါတယ်။သို့ပေမဲ့ ၎င်းဖန်တီးမှုက အင်ဒိုနီးရှားရဲ့စိုက်ပျိုးရေးအဖွဲ့များအတွက် မလြယ္ကူခဲ့ရပါဘူး။၎ အဆူးများမရှိတော့တဲ့ Durian မျိုးစိတ်ကွဲများဖန်တီးမှုကို ၂၀၀၇ ခုနှစ်မှာ Rinjani တောင်တန်းရှိ Trenggaluh ကျေးရွာမှာ စတင်ဖော်စပ်ခဲ့ကြပါတယ်။၎င်း ဒေသခံစိုက်ပျိုးရေးအဖွဲ့က အသီးပြောင်တဲ့အပင်ပေါက်တစ်မျိုးမျိုးကို Durian ပင်နှင့် သစ်ကိုင်းဆက်ခြင်းများဖြင့် ပြုလုပ်ခဲ့ပါတယ်။

၎ Durian သီးကို အဆိပ်ရှိတယ်လို့ ထင်မှတ်သွားရလောက်တဲ့အထိ ၎အသီးကို သူတို့ သံသယဝင်ခဲ့ကြကြောင်း လယ်ယာပိုင်ရှင်တစ်ဦးက ဆိုပါတယ်။သို့ပေမဲ့ ၎င်းဖန်တီးမှုက အောင်မြင်လာခဲ့တာကြောင့် အဆိုပါ Durian ရဲ့မျိုးစေ့များကို ပိုမိုထုတ်လုပ်ပြီး ထိုကဲ့သို့သော နည်းစနစ်ဖြင့် စိုက်ပျိုးရန် စတင်အသုံးပြုလာခဲ့ကြပါတယ်။၎င်းမျိုးစေ့ဟာ ၂ ရာခိုင်နှုန်းခန့်သာ အမျိုးအောင်နိုင်ပြီး ၎ကို Durian Gundul လို့ အမည်ပေးခဲ့ကြပါတယ်။လေ့လာတွေ့ရှိချက်အပေါ် အခြေခံခြင်းအာဖြင့် ၎င်းထူးခြားတဲ့ကြီးထွားမှုက အမပန်းများနှင့်အထီးပန်းများက အချင်းချင်း နီးကပ်ထိစပ်သွားတဲ့အခါ မျိုးပွါးနိုင်တဲ့မျိုးရိုးဗီဇရဲ့ ရလဒ်ကြောင့် ၎င်းမျိုးစိတ်ကွဲများဖြစ်ပေါ်လာကြောင်း ခန့်မှန်းကာ ထိုကဲ့သို့ ယုံကြည်ခဲ့ကြပါတယ်။အင်ဒိုနီးရှားစိုက်ပျိုးရေးအဖွဲ့ဟာ အသီးမျိုးပေါင်း ၄၀နှင့် သစ်ကိုင်းဆက်ကာ ရရွိလာတဲ့ ၎ Durian ပျိုးပင် အပင်၂၃,၀၀၀ ကျော်ကို ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။

၎င်းပျိုးပင်များကိုစိုက်ပျိုးရန် အခြားစိုက်ပျိုးရေးစင်တာများသို့လည်း ပေးပို့ခဲ့ကြပါတယ်။သို့ပေမယ့် အလားတူ ဒူရင်းမျိုးကွဲနှင့်ပတ်သက်တဲ့အဖြစ်အပျက်မျိုးဟာ ပထမဆုံးအကြိမ် မဟုတ်နေပါဘူး။၁၉၅၀ ပြည့်လွန်နှစ်များက ဖိလစ်ပိုင်နိုင်ငံရှိ Davao မြို့ရဲ့ အရှေ့ဘက်ရှိ Compostela ချိုင့်ဝှမ်းမှာ အဆူးမရွိတဲ့ ဒူရင်းမျိုးစိတ်ကွဲတစ်မျိုးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြပါသေးတယ်။ဖိလစ်ပိုင်သမ္မတ Diosdado P Macapagal ကိုယ်တိုင်ကလည်း ၁၉၆၄ ခုနှစ်မှာ ၎င်းမျိုးစိတ်ကွဲပင်အချို့ကို စိုက်ပျိုးခဲ့ဖူးပါသေးတယ်။အဆူးမပါတဲ့ဒူရင်းသီးကို သင်ပုံဖော်တွေးကြည့်ဖူးပါသလား။အခုတော့ အဲ့လိုတွေးနေစရာမလိုတော့ဘဲ မကြာခင်အချိန်အတွင်းမှာ ၎င်းအဆူးမပါတော့တဲ့ဒူရင်းသီးတွေကို ဝယ်စားနိုင်တော့မှာပါ။ဒီတော့ အဆူးမပါတဲ့ဒူရင်းသီးရဲ့ဓာတ်ပုံကိုလည်း တစ်ချက်ကြည့်ရှုသွားခဲ့ကြပါအုံး။

Crd

About the author

admm