NEWS


Written by admm




Crd

Unicode

ဈေးဝယ်သူတွေကိုစောင့်ရင်း ပင်ပန်းလို့ အိပ်မောကျသွားခဲ့တဲ့ လမ်းဘေးဈေးသည်ကလေးငယ်

အချို့သောကလေးငယ်တွေဟာ အိမ်ခြေယာမဲ့တွေမို့ ကိုယ့်ကိုကြိုးစားရှာဖွေပြီး ဘဝကိုဖြတ်သန်းနေကြရတာပါ ။ ဒီတစ်ခေါက်မှာလည်း လမ်းဘေးဈေးသည်ကလေးငယ်ရဲ့ အိပ်မောကျနေတဲ့ ဓာတ္ပုံဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားသွားခဲ့ပါတယ် ။ ဒီလိုအဖြစ်အပျက်ကို မမြင်ရက်လို့ ဖိလစ်ပိုင်နိုင်ငံမှ အနုပညာရှင် Sharon Cuneta က သူမရဲ့ Instagram ကေန ကလေးငယ်ရဲ့ ဓာတ်ပုံကိုပြန်လည်ဝေမျှခဲ့ပါတယ် ။ ဒါ့အပြင်ကလေးငယ်ရဲ့ နေရပ်လိပ်စာကိုတွေ့ရင် သူမကိုဆက်သွယ်ပေးဖို့နဲ့ ကလေးငယ်ကိုကူညီချင်လို့ ကလေးငယ်ရောင်းတဲ့ သီးနှံတွေကို အကုန်ဝယ်ယူပြီး ကလေးငယ်ကိုပညာသင်ကြားပေးချင်ကြောင်းလည်း ရေးသားခဲ့ပါတယ် ။

သို့ပေမဲ့လည်း သူမရဲ့ပရိသတ်တွေကတော့ ကလေးငယ်ဟာ ဖိလစ်ပိုင်နိုင်ငံမှမဟုတ်ကြောင်း နှင့် ရောင်းချနေတဲ့ ကုန်စိမ်းတွေကိုကြည့်ရုံနဲ့ ဖိလစ်ပိုင်နိုင်ငံမှကလေးငယ်မဟုတ်ကြောင်း သူမကိုပြန်လည်ဖြေကြားပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့ဂရုဏာ နဲ့ ကူညီချင်စိတ်ရှိပုံကို လူအတော်အများက လေးစားသွားခဲ့ကြပါတယ် ။ ကလေးငယ်လေးမှာတော့ အရွယ်နဲ့မလိုက်အောင် ဈေးထိုင်ရောင်းနေရတဲ့ပုံစံလေးက လူအများရဲ့ရင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ် ။

Crd

About the author

admm