Life style
မိခင်ဖြစ်သူ နှင့် ကွဲ ကွာ သွားသော ၂ နှစ် အရွယ် က လေးငယ် ကံကောင်းထောက်မစွာ ဖြင့် နယ်စပ်နား မှာပြန်တွေ့
Written by admm
မိခင်ဖြစ်သူ နှင့် ကွဲ ကွာ သွားသော ၂ နှစ် အရွယ် က လေးငယ် ကံကောင်းထောက်မစွာ ဖြင့် နယ်စပ်နား မှာပြန်တွေ့
Credit
Unicode
ပြီးခဲ့တဲ့ဇွန်လမှာ Veracruz ပြည်နယ်မှတဆင့် မက္ကဆီကိုနှင့်အမေရိကန်နယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများအားသယ်ဆောင်တဲ့ကုန်တင်ထရပ်ကား
တစ်စီးရဲ့အနီးမှာ တစ်ယောက်တည်းရပ်နေခဲ့တဲ့ အသက် ၂နှစ်သားအရွယ် Wilder အမည်ရှိကောင်လေးတစ်ဦးကို တွေ့ရှိခဲ့ရပြီးနောက် Wilder ရဲ့အခြေအ
နေကို နိုင်ငံတကာမီဒီယာများက သတိပြုမိခဲ့ကြပါတယ်။ခန္ဓာကိုယ်ထက်ဝက်အား ဟောင်းနွမ်းတဲ့အဝတ်များနှင့်အမှိုက်များဖြင့် ပတ်ထားခဲ့တဲ့ Wilder ကို
မက္ကဆီကိုလုံခြုံရေးအေဂျင်စီများက တွေ့ရှိခဲ့ပြီးနောက် မက္ကဆီကိုအာဏာပိုင်များက Wilder ကို ရက်ပေါင်း ၂၀ နီးပါးခန့် ထိန်းသိမ်းစောင့်ရှောက်ထားခဲ့
ရပါတယ်။ထို့နောက် Wilder ရဲ့မိခင်ဖြစ်သူ အသက်၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lorena Garcia က ဇူလိုင် ၁၆ ရက် သောကြာနေ့ မှာ San Pedro Sula ပြည်
နယ် Honduran မြောက်ပိုင်းမြို့မှာရှိနေတဲ့ Wilder ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။Wilder ကိုပြန်တွေ့ရလို့ ဝမ်းသာပီတိဖြစ်မိကြောင်းနှင့် ဖြစ်ပျက်ခဲ့တာ
တွေနဲ့ပတ်သက်ပြီး သူမ တော်တော် ခံစားခဲ့ရကြောင်းကိုလည်း Garcia က သူမရဲ့သားနှင့်တွေ့ဆုံရန် သွားနေစဉ်အတွင်း ဖုန်းဖြင့် ဖြေကြားခဲ့ပါသေးတယ်။
Mexico’s National Migration Institute ဟာ အဆိုပါကောင်လေးအား သောကြာနေ့မှာ Honduran အရာရှိများက သူ့ရဲ့မိသားစုထံသို့လွှဲပြောင်းပေးခဲ့
ကြောင်း အတည်ပြုပေးခဲ့ပါတယ်။လုံခြုံရေးအေဂျင်စီများက ကျန်းမာနေပုံရတဲ့ Wilder ရဲ့ဓါတ်ပုံများ နှင့် အခြားကလေးများရဲ့၎င်းတို့ရဲ့မိသားစုများနှင့်ပြန်
လည်ဆုံဆည်းရန်သွားနေတဲ့ ဓာတ်ပုံများကိုပါ မျှဝေပေးခဲ့ပါတယ်။ညစာအတွက် သူမသားကြိုက်တဲ့ ကြက်ပေါင်းကို ချက်ပြုတ်ထားကြောင်းနှင့် မိသားစုများ
ကလည်း Wilder အိမ်အပြန်ကို အိမ်မှာ စုရုံးကာ ထိုင်စောင့်နေခဲ့ကြကြောင်း Lorena Garcia က ဆိုခဲ့ပါတယ်။Wilder ကို မက္ကဆီကိုအာဏာပိုင်များထံ
မှ မတွေ့ရှိခင်က Wilder နဲ့သူ့အဖေဖြစ်သူတို့ဟာ United States ကို ရောက်ရှိဖို့နဲ့ အလုပ်ကောင်းကောင်းရဖို့အတွက် Guatemala နယ်စပ်နားက Copan
မြို့ ရှိ မိသားစုရဲ့နေအိမ်မှ ထွက်ခွါခဲ့ကြကြောင်း Lorena Garcia က ရှင်းပြခဲ့ပါတယ်။ Wilder ရဲ့ဖခင်ကလည်း လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းခံထားရ
ကြောင်း သူမက Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
Credit
About the author
admm