INTERNATIONAL NEWS

ဆင္းရဲႏြမ္းပါးတဲ့ အိမ္ေထာင္စုေပါင္း ၅၀ ကို ေန႕စဥ္ေန႕တိုင္း အစားအေသာက္မ်ားအား အခမဲ့ေပးပို႔ေပးေနတဲ့ အမ်ိဳးသားတစ္ဦး

Written by admm

ဆင္းရဲႏြမ္းပါးတဲ့ အိမ္ေထာင္စုေပါင္း ၅၀ ကို ေန႕စဥ္ေန႕တိုင္း အစားအေသာက္မ်ားအား အခမဲ့ေပးပို႔ေပးေနတဲ့ အမ်ိဳးသားတစ္ဦး

တစ္ခ်ိန္က မေလးရွားနိုင္ငံရဲ႕ကိုယ္ပိုင္ Rocky Balboa ကိုယ္ခံအားပညာဆိုင္ရာအႏုပညာေအာင္ျမင္မႈမ်ားေၾကာင့္ လူသိမ်ားခဲ့တဲ့ အသက္ ၅၉ ႏွစ္အ႐ြယ္ R Vairavasundaram အမည္ရွိအမ်ိဳးသားဟာ ယခုအခ်ိန္တြင္ ဆင္းရဲခ်ိဳ႕တဲ့ေသာသူမ်ားကို ကူညီျခင္းျဖင့္လူ႕အဖြဲ႕အစည္းကို ျပန္လည္ေပးဆပ္ေနၿပီျဖစ္ပါတယ္။Veera ဟု လူသိမ်ားတဲ့ငွက္ေပ်ာသီးအ႐ြက္ျဖင့္ထုပ္ပိုးေပးတဲ့အဆိုပါစားေသာက္ဆိုင္ပိုင္ရွင္ဟာ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ေန႕စဥ္ေန႕တိုင္း အနည္းဆုံး မိသားစုေပါင္း ၅၀ ကို အစားအစာအခမဲ့ပို႔ေပးလ်က္ရွိေနပါတယ္။ၿပီးခဲ့တဲ့ႏွစ္က ျဖစ္ပြါးလာခဲ့တဲ့ကူးစက္ေရာဂါေၾကာင့္ Veera ရဲ႕စီးပြါးေရးဟာ အျခားသူမ်ားႏွင့္နည္းတူ ခံစားခဲ့ရၿပီးေနာက္ သူ႕ရဲ႕စားေသာက္ဆိုင္ကို ဆက္လက္ ရွင္သန္နိုင္ရန္အတြက္ သူ႕ရဲ႕စုေဆာင္းေငြမ်ားကို အသုံးျပဳခဲ့ရပါတယ္။

Veera ဟာ ယခုလို အခမဲ့လႉဒါန္းျခင္းကို ၁၀ အိမ္စာေလာက္မွ စတင္လႉဒါန္းခဲ့ပါတယ္။Veera ဟာ ဆိုင္မွာရွိတဲ့ ပဲနို႔ ၊ အာလူးႏွင့္ အျခားမေရာင္းခ်တဲ့အပိုအစားအေသာက္မ်ားကို ေခြၽတာခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။Veera ဟာ တစ္ေလာက ပဲနို႔ေရာင္းတဲ့သူက ေရာင္းမကုန္ဘဲ က်န္ရွိေနတဲ့ပဲနို႔ဘူးမ်ားကို လမ္းေဘးမွာ လြင့္ပစ္ေနခဲ့တာကို ျမင္လိုက္ရတဲ့အခါ ၎ပဲနို႔ေတြကို လြင့္ပစ္မဲ့အစား အျခားလိုအပ္ေနတဲ့သူမ်ားကို ေပးကမ္းသင့္တယ္လို႔ဆိုခဲ့ပါတယ္။ အခုေတာ့ ပဲနို႔ေရာင္းသမားနဲ႕အျခားအစားအစာကုန္သည္သုံးေယာက္က သူတို႔ေရာင္းမကုန္တဲ့အစားအစာေတြ ကြၽန္ေတာ့္ကို လာေပးေနၾကၿပီ ဟု Veera က FMT သတင္းသို႔ ေျပာၾကားခဲ့ပါတယ္။

ယခုအခ်ိန္မွာေတာ့ Veera ဟာ Taman Free School ရဲ႕အစားအေသာက္ဧရိယာ၌သာ အစားအစာမ်ားကို ပို႔ေဆာင္ေပးနိုင္ပါေတာ့တယ္။Veera ဟာ ၅၁ ႏွစ္အ႐ြယ္ ဇနီးျဖစ္သူ Rathina အျပင္ သမီးႏွစ္ေယာက္ႏွင့္အတူ သူ႕ရဲ႕စားေသာက္ဆိုင္ကို စီမံခန႔္ခြဲရန္လိုအပ္ေနဆဲျဖစ္ၿပီး သမီးႏွစ္ေယာက္ကလည္း သူတို႔ရဲ႕အခ်ိန္ပိုင္းအလုပ္မ်ားအၾကား မတည္မၿငိမ္မႈမ်ားျဖစ္ေနတာေၾကာင့္ဘဲ ျဖစ္ပါတယ္။

Veera ဟာ သူ႕ရဲ႕အားလပ္ခ်ိန္ေတြမွာ George Town ရွိ အိုးမဲ့အိမ္မဲ့မ်ားကို ကူညီေပးတတ္ပါေသးတယ္။ ကြၽန္ေတာ္ အိမ္ေျခရာမဲ့ေတြကို အစားအေသာက္ေကြၽးနိုင္ဖို႔ ကြၽန္ေတာ့္ကို ေငြေၾကးလႉဒါန္းေပးဖို႔လိုပါတယ္ ၊ ဒါေၾကာင့္ ကူညီခ်င္ရင္ ကြၽန္ေတာ့္ကို ဆက္သြယ္လိုက္ပါ ဟု Veera က ဆိုခဲ့ပါတယ္။

Veera ရဲ႕ သမီးမ်ားျဖစ္တဲ့ ၂၄ ႏွစ္အ႐ြယ္ Priyanka ႏွင့္ ၂၁ ႏွစ္အ႐ြယ္ Kowsalya တို႔ကလည္း အေဖ့ေျခရာကို နင္းေနခဲ့သူမ်ားျဖစ္ပါတယ္။ Priyanka ဟာ ဆင္းရဲခ်ိဳ႕တဲ့ေသာေက်ာင္းသားမ်ားအား ပညာေရးဆိုင္ရာလမ္းၫႊန္မႈမ်ားႏွင့္လႈံ႕ေဆာ္ေပးမႈမ်ားတြင္ သူမ၏ေအာင္ျမင္မႈမ်ားအတြက္ United Kingdom မွခ်ီးျမင့္တဲ့ Diana Award ကိုရရွိခဲ့ေသာ မေလးရွားနိုင္ငံသားသုံးဦးအနက္မွ တစ္ဦးဘဲ ျဖစ္ပါတယ္။ Kowsalya ကေတာ့ Zero to Hero ဟု မိမိကိုယ္ကိုလႈံ႕ေဆာ္သည့္အစီအစဥ္တြင္သူမ၏ဖခင္အား ကူညီေပးခဲ့ၿပီး သူတို႔၏ရည္႐ြယ္ခ်က္မွာ ဆင္းရဲႏြမ္းပါးေသာလူငယ္မ်ားကိုလ်စ္လ်ဴရႈျခင္းမွကာကြယ္ရန္ဘဲ ျဖစ္ပါတယ္။

ယခုအခ်ိန္အထိ ၎အစီအစဥ္ဟာ ေက်ာင္းသားေပါင္း ၁၀,၀၀၀ ေက်ာ္ကို ကူညီေပးနိုင္ခဲ့ပါတယ္။လြန္ခဲ့ေသာ ၁၀ ႏွစ္နီးပါးက ထိုအခ်ိန္မွာ အသက္ ၄၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Veera ဟာ Pulau Pinang ပြဲေတာ္၌က်င္းပေသာ kickboxing ခ်န္ပီယံၿပိဳင္ပြဲတြင္ ထိုင္းနိုင္ငံမွအသက္ ၂၂ ႏွစ္အ႐ြယ္ ၿပိဳင္ဘက္ကို အနိုင္ရရွိနိုင္ခဲ့ပါတယ္။

ထို႔အျပင္ Veera ဟာ karate ပညာ black belt ကိုင္ထားတဲ့အျပင္ တ႐ုတ္ကိုယ္ခံပညာ san-shou ကိုလည္း ေလ့က်င့္ေလ့ရွိသလို ဂ်ဴဒိုမွာ ကြၽမ္းက်င္ၿပီး katana ကိုလည္း ေကာင္းမြန္စြာ ကိုင္တြယ္နိုင္စြမ္းရွိပါတယ္။လက္ရွိမွာေတာ့ Veera ဟာ သူ႕ရဲ႕စားေသာက္ဆိုင္ကို စီမံခန့္ခြဲကာ ဖြင့္လွစ္ထားတဲ့အျပင္ ကိုယ္ခံပညာနည္းျပမ်ားကိုလည္း သင္ၾကားေလ့က်င့္ေပးေနၿပီး အားနည္းသူမ်ားအား လႈံေဆာ္မႈမ်ားေပးတဲ့ မိန့္ခြန္းမ်ားကို ပို႔ခ်ေပးေနပါတယ္။

Crd

Unicode

ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုပေါင်း ၅၀ ကို နေ့စဉ်နေ့တိုင်း အစားအသောက်များအား အခမဲ့ပေးပို့ပေးနေတဲ့ အမျိုးသားတစ်ဦး

တစ်ချိန်က မလေးရှားနိုင်ငံရဲ့ကိုယ်ပိုင် Rocky Balboa ကိုယ်ခံအားပညာဆိုင်ရာအနုပညာအောင်မြင်မှုများကြောင့် လူသိများခဲ့တဲ့ အသက် ၅၉ နှစ်အရွယ် R Vairavasundaram အမည်ရှိအမျိုးသားဟာ ယခုအချိန်တွင် ဆင်းရဲချို့တဲ့သောသူများကို ကူညီခြင်းဖြင့်လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်နေပြီဖြစ်ပါတယ်။Veera ဟု လူသိများတဲ့ငှက်ပျောသီးအရွက်ဖြင့်ထုပ်ပိုးပေးတဲ့အဆိုပါစားသောက်ဆိုင်ပိုင်ရှင်ဟာ မော်တော်ဆိုင်ကယ်ဖြင့် နေ့စဉ်နေ့တိုင်း အနည်းဆုံး မိသားစုပေါင်း ၅၀ ကို အစားအစာအခမဲ့ပို့ပေးလျက်ရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်က ဖြစ်ပွါးလာခဲ့တဲ့ကူးစက်ရောဂါကြောင့် Veera ရဲ့စီးပွါးရေးဟာ အခြားသူများနှင့်နည်းတူ ခံစားခဲ့ရပြီးနောက် သူ့ရဲ့စားသောက်ဆိုင်ကို ဆက်လက် ရှင်သန်နိုင်ရန်အတွက် သူ့ရဲ့စုဆောင်းငွေများကို အသုံးပြုခဲ့ရပါတယ်။

Veera ဟာ ယခုလို အခမဲ့လှူဒါန်းခြင်းကို ၁၀ အိမ်စာလောက်မှ စတင်လှူဒါန်းခဲ့ပါတယ်။Veera ဟာ ဆိုင်မှာရှိတဲ့ ပဲနို့ ၊ အာလူးနှင့် အခြားမရောင်းချတဲ့အပိုအစားအသောက်များကို ချွေတာခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။Veera ဟာ တစ်လောက ပဲနို့ရောင်းတဲ့သူက ရောင်းမကုန်ဘဲ ကျန်ရှိနေတဲ့ပဲနို့ဘူးများကို လမ်းဘေးမှာ လွင့်ပစ်နေခဲ့တာကို မြင်လိုက်ရတဲ့အခါ ၎င်းပဲနို့တွေကို လွင့်ပစ်မဲ့အစား အခြားလိုအပ်နေတဲ့သူများကို ပေးကမ်းသင့်တယ်လို့ဆိုခဲ့ပါတယ်။ အခုတော့ ပဲနို့ရောင်းသမားနဲ့အခြားအစားအစာကုန်သည်သုံးယောက်က သူတို့ရောင်းမကုန်တဲ့အစားအစာတွေ ကျွန်တော့်ကို လာပေးနေကြပြီ ဟု Veera က FMT သတင်းသို့ ပြောကြားခဲ့ပါတယ်။

ယခုအချိန်မှာတော့ Veera ဟာ Taman Free School ရဲ့အစားအသောက်ဧရိယာ၌သာ အစားအစာများကို ပို့ဆောင်ပေးနိုင်ပါတော့တယ်။Veera ဟာ ၅၁ နှစ်အရွယ် ဇနီးဖြစ်သူ Rathina အပြင် သမီးနှစ်ယောက်နှင့်အတူ သူ့ရဲ့စားသောက်ဆိုင်ကို စီမံခန့်ခွဲရန်လိုအပ်နေဆဲဖြစ်ပြီး သမီးနှစ်ယောက်ကလည်း သူတို့ရဲ့အချိန်ပိုင်းအလုပ်များအကြား မတည်မငြိမ်မှုများဖြစ်နေတာကြောင့်ဘဲ ဖြစ်ပါတယ်။

Veera ဟာ သူ့ရဲ့အားလပ်ချိန်တွေမှာ George Town ရှိ အိုးမဲ့အိမ်မဲ့များကို ကူညီပေးတတ်ပါသေးတယ်။ ကျွန်တော် အိမ်ခြေရာမဲ့တွေကို အစားအသောက်ကျွေးနိုင်ဖို့ ကျွန်တော့်ကို ငွေကြေးလှူဒါန်းပေးဖို့လိုပါတယ် ၊ ဒါကြောင့် ကူညီချင်ရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ ဟု Veera က ဆိုခဲ့ပါတယ်။

Veera ရဲ့ သမီးများဖြစ်တဲ့ ၂၄ နှစ်အရွယ် Priyanka နှင့် ၂၁ နှစ်အရွယ် Kowsalya တို့ကလည်း အဖေ့ခြေရာကို နင်းနေခဲ့သူများဖြစ်ပါတယ်။ Priyanka ဟာ ဆင်းရဲချို့တဲ့သောကျောင်းသားများအား ပညာရေးဆိုင်ရာလမ်းညွှန်မှုများနှင့်လှုံ့ဆော်ပေးမှုများတွင် သူမ၏အောင်မြင်မှုများအတွက် United Kingdom မှချီးမြင့်တဲ့ Diana Award ကိုရရှိခဲ့သော မလေးရှားနိုင်ငံသားသုံးဦးအနက်မှ တစ်ဦးဘဲ ဖြစ်ပါတယ်။ Kowsalya ကတော့ Zero to Hero ဟု မိမိကိုယ်ကိုလှုံ့ဆော်သည့်အစီအစဉ်တွင်သူမ၏ဖခင်အား ကူညီပေးခဲ့ပြီး သူတို့၏ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးသောလူငယ်များကိုလျစ်လျူရှုခြင်းမှကာကွယ်ရန်ဘဲ ဖြစ်ပါတယ်။

ယခုအချိန်အထိ ၎င်းအစီအစဉ်ဟာ ကျောင်းသားပေါင်း ၁၀,၀၀၀ ကျော်ကို ကူညီပေးနိုင်ခဲ့ပါတယ်။လွန်ခဲ့သော ၁၀ နှစ်နီးပါးက ထိုအချိန်မှာ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Veera ဟာ Pulau Pinang ပွဲတော်၌ကျင်းပသော kickboxing ချန်ပီယံပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှအသက် ၂၂ နှစ်အရွယ် ပြိုင်ဘက်ကို အနိုင်ရရှိနိုင်ခဲ့ပါတယ်။

ထို့အပြင် Veera ဟာ karate ပညာ black belt ကိုင်ထားတဲ့အပြင် တရုတ်ကိုယ်ခံပညာ san-shou ကိုလည်း လေ့ကျင့်လေ့ရှိသလို ဂျူဒိုမှာ ကျွမ်းကျင်ပြီး katana ကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။လက်ရှိမှာတော့ Veera ဟာ သူ့ရဲ့စားသောက်ဆိုင်ကို စီမံခန့်ခွဲကာ ဖွင့်လှစ်ထားတဲ့အပြင် ကိုယ်ခံပညာနည်းပြများကိုလည်း သင်ကြားလေ့ကျင့်ပေးနေပြီး အားနည်းသူများအား လှုံဆော်မှုများပေးတဲ့ မိန့်ခွန်းများကို ပို့ချပေးနေပါတယ်။

Crd

About the author

admm