NEWS

အပူခ်ိန္ ၅၀ဒီဂရီကို ေလွ်ာ့ခ်ဖို႔ မိုးအတု ဖန္တီးျပလိုက္တဲ့ ဒူဘိုင္း (နည္းပညာအစြမ္း အံ့မခန္းပါလားေနာ္)

Written by admm

အပူခ်ိန္ ၅၀ဒီဂရီကို ေလွ်ာ့ခ်ဖို႔ မိုးအတု ဖန္တီးျပလိုက္တဲ့ ဒူဘိုင္း
(နည္းပညာအစြမ္း အံ့မခန္းပါလားေနာ္)

အပူခ်ိန္ျမင့္မားတဲ့ၿမိဳ႕လို႔ လူသိမ္ားတဲ့ ဒူဘိုင္းဟာ နိုင္ငံတြင္း အပူခ်ိန္ကိုေလွ်ာ့ခ်ဖိဳ႕ မိုးအတုဖန္တီးနိုင္ခဲ့တယ္လို႔ သိရပါတယ္။ သဘာအတိုင္း႐ြာတဲ့မိုးမဟုတ္ဘဲ လူသားေတြဖန္တီးထားတဲ့ မိုးကို႐ြာေစခဲ့တာျဖစ္လို႔ ဒူဘိုင္းရဲ႕နည္းပညာက ကမၻာကိုအံ့အားသင့္ေစခဲ့ပါတယ္။

ဒူဘိုင္းၿမိဳ႕ရွိတဲ့ ယူေအအီးနိုင္ငံရဲ႕အပူခ်ိန္ဟာ အျမင့္ဆုံးအခ်ိန္မွာ ၅၀ ဒီဂရီဆဲစီးရပ္အထိကိုရွိပါတယ္။ တႏွစ္ပတ္လုံးမွာမွ မိုးေရခ်ိန္ ေလးလက္မပဲရွိတဲ့အျပင္ ပူလြန္းတဲ့အတြက္ အပူခ်ိန္ကိုအံ့တုဖို႔ နည္းပညာလိုလာပါတယ္။ ရာသီဉတုကို ကိုယ္တိုင္ပဲထိန္းခ်ဳပ္ဖို႔ပါ။

ရာသီဉတုကိုထိန္းခ်ဳပ္မယ့္ဒ႐ုန္းပေရာဂ်က္ကိုဖန္တီးခဲ့ၿပီး၊ အဆိုပါပေရာဂ်က္အတြက္ အေမရိကန္ေဒၚလာ ၁၅ သန္း သုံးခဲ့ပါတယ္။ ဒ႐ုန္းေတြရဲ႕ရည္႐ြယ္ခ်က္က တိမ္ေတြထဲမွာ မိုး႐ြာတဲ့အဆင့္ထိျဖစ္လာေအာင္ မိုးေရစက္ေတြဖန္တီးေပးနိုင္ဖို႔ပါပဲ။

ဒ႐ုန္းေတြထဲမွာ ပတ္ဝန္းက်င္ကို ထိခိုက္ေစတဲ့ ဓာတုပစၥည္းေတြမပါဘဲ ဖန္တီးထားတာျဖစ္တဲ့အတြက္ စိတ္ခ်ရတယ္လို႔ ပေရာဂ်က္ကိုဖန္တီးတဲ့ပညာရွင္တဉီးကဆိုပါတယ္။ ဒူဘိုင္းၿမိဳ႕ေကာင္းကင္မွာ မိုး႐ြာေစနိုင္မယ့္အထိႀကီးမားတဲ့တိမ္စိုင္ေတြကို ဒ႐ုန္းနဲ႕ဖန္တီးလိုက္ၿပီး၊ ဇူလိုင္ ၁၅ ရက္ေန႕မွာ စ႐ြာေစခဲ့ပါတယ္။

ေအာင္ျမင္သြားခ်ိန္မွာ မိုးေတြအသည္းအသန္႐ြာလြန္းေနတာေၾကာင့္ မိုးေလဝသဌာနကပါ သတိျပန္ေပးခဲ့ရပါတယ္။ မိုး႐ြာခဲ့တာေၾကာင့္ အပူခ်ိန္ကို တဖက္တလမ္းကေလွ်ာ့ခ်နိဳင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ လက္ရွိအခ်ိန္မွာ ၿမိဳ႕ရဲ႕အပူခ်ိန္ကို ေလွ်ာ့ခ်ဖိဳ႕ တိမ္ေတြထပ္ဖန္တီးေနၿပီး၊ မိုး႐ြာမယ့္အခ်ိန္ကို မိုးဇလက ေတာက္ေလွ်ာက္ထုတ္ျပန္ေနတယ္လို႔ သိရပါတယ္။

Crd

Unicode

အပူချိန် ၅၀ဒီဂရီကို လျှော့ချဖို့ မိုးအတု ဖန်တီးပြလိုက်တဲ့ ဒူဘိုင်း
(နည်းပညာအစွမ်း အံ့မခန်းပါလားနော်)

အပူချိန်မြင့်မားတဲ့မြို့လို့ လူသိမ်ားတဲ့ ဒူဘိုင်းဟာ နိုင်ငံတွင်း အပူချိန်ကိုလျှော့ချဖို့ မိုးအတုဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သဘာအတိုင်းရွာတဲ့မိုးမဟုတ်ဘဲ လူသားတွေဖန်တီးထားတဲ့ မိုးကိုရွာစေခဲ့တာဖြစ်လို့ ဒူဘိုင်းရဲ့နည်းပညာက ကမ်ဘာကိုအံ့အားသင့်စေခဲ့ပါတယ်။

ဒူဘိုင်းမြို့ရှိတဲ့ ယူအေအီးနိုင်ငံရဲ့အပူချိန်ဟာ အမြင့်ဆုံးအချိန်မှာ ၅၀ ဒီဂရီဆဲစီးရပ်အထိကိုရှိပါတယ်။ တနှစ်ပတ်လုံးမှာမှ မိုးရေချိန် လေးလက်မပဲရှိတဲ့အပြင် ပူလွန်းတဲ့အတွက် အပူချိန်ကိုအံ့တုဖို့ နည်းပညာလိုလာပါတယ်။ ရာသီဉတုကို ကိုယ်တိုင်ပဲထိန်းချုပ်ဖို့ပါ။

ရာသီဉတုကိုထိန်းချုပ်မယ့်ဒရုန်းပရောဂျက်ကိုဖန်တီးခဲ့ပြီး၊ အဆိုပါပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း သုံးခဲ့ပါတယ်။ ဒရုန်းတွေရဲ့ရည်ရွယ်ချက်က တိမ်တွေထဲမှာ မိုးရွာတဲ့အဆင့်ထိဖြစ်လာအောင် မိုးရေစက်တွေဖန်တီးပေးနိုင်ဖို့ပါပဲ။

ဒရုန်းတွေထဲမှာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေမပါဘဲ ဖန်တီးထားတာဖြစ်တဲ့အတွက် စိတ်ချရတယ်လို့ ပရောဂျက်ကိုဖန်တီးတဲ့ပညာရှင်တဉီးကဆိုပါတယ်။ ဒူဘိုင်းမြို့ကောင်းကင်မှာ မိုးရွာစေနိုင်မယ့်အထိကြီးမားတဲ့တိမ်စိုင်တွေကို ဒရုန်းနဲ့ဖန်တီးလိုက်ပြီး၊ ဇူလိုင် ၁၅ ရက်နေ့မှာ စရွာစေခဲ့ပါတယ်။

အောင်မြင်သွားချိန်မှာ မိုးတွေအသည်းအသန်ရွာလွန်းနေတာကြောင့် မိုးလေဝသဌာနကပါ သတိပြန်ပေးခဲ့ရပါတယ်။ မိုးရွာခဲ့တာကြောင့် အပူချိန်ကို တဖက်တလမ်းကလျှော့ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာ မြို့ရဲ့အပူချိန်ကို လျှော့ချဖို့ တိမ်တွေထပ်ဖန်တီးနေပြီး၊ မိုးရွာမယ့်အချိန်ကို မိုးဇလက တောက်လျှောက်ထုတ်ပြန်နေတယ်လို့ သိရပါတယ်။

Crd

About the author

admm