အခုလိုကာလမြာ တိုက္ခန္းငွါးရမ္းသူေတြကို 3 လ ငွါးရမ္းခသက္ညႇာေပးခဲ့တဲ့အျပင္ အစားအေသာက္ေတြပါ ေထာက္ပံ့ေပးခဲ့တဲ့ အေဆာက္အဦးပိုင္ရွင္

အခုလိုကာလမြာ တိုက္ခန္းငွါးရမ္းသူေတြကို 3 လ ငွါးရမ္းခသက္ညႇာေပးခဲ့တဲ့အျပင္ အစားအေသာက္ေတြပါ ေထာက္ပံ့ေပးခဲ့တဲ့ အေဆာက္အဦးပိုင္ရွင္

အခုလို ကိုဗစ္ကူးစက္ပ်ံ႕ႏွံ႔မႈ ျမင့္မားေနတဲ့အခ်ိန္ အခ်ိဳ႕ေတြက အလုပ္လက္မဲ့ျဖစ္ၿပီး ၊ ဝင္ေငြအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရကာ လူတိုင္းလိုလို အခက္ေတြ႕ေနၾကတာပါ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြရဲ႕ သက္ႏိုင္တဲ့ဖက္က အကူအညီေပးတတ္တဲ့ စိတ္ဓာတ္ကိုေတာ့ အေတာ္ေလး ေလးစားအံ့ၾသမိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕မွာရွိတဲ့ Raminthra 99 အေဆာက္အအုံရဲ႕ပိုင္ရွင္ဟာဆိုရင္ တိုက္ခန္းငွါးရမ္းသူေတြကို 3လ ငွါးရမ္းခ သက္ညႇာေပးခဲ့တဲ့အျပင္ ၊ တိုက္ခန္းရဲ႕တံခါးေပါက္ေတြမွာ အသင့္အစားအစာေတြျဖစ္တဲ့ ေခါက္ဆြဲေျခာက္ ၊ ဆန္တစ္ထုပ္ ၊ ငါးေသတၱာ နဲ႔ အိုဗာတင္း တစ္ကပ္စီထည့္ထားတဲ့ အိတၠို ခ်ိတ္ဆြဲထားရစ္ေပးခဲ့ပါတယ္ ။

ဒါ့အျပင္ ကိုဗစ္ေၾကာင့္ ခင္ဗ်ား ေရာ အျခားငွါးရမ္းသူေတြပါ အခက္အခဲေတြ႕ေနရတာပါ ၊ အလုပ္ ၊ ဝင္ေငြ နဲ႔ က်န္းမာေရးေတြ အခက္ေတြ႕ေနလို႔ အခုလို အိမ္အတြက္အသုံးဝင္မဲ့အရာေလး ေထာက္ပံ့ေပးခ်င္လို႔ပါ ၊ ဒါေလးေတြက ခင္ဗ်ားတို႔ကို ခြန္အားျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္မိပါတယ္ ၊က်န္းမာေရး ဂ႐ုစိုက္ၾကပါ ၊ ဒါကို ကြၽန္ေတာ္တို႔အတူေက်ာ္လႊားႏိုင္မွာပါ ဆိုၿပီးေတာ့ ေရးသားထားတဲ့ စာေလးကိုပါ ခ်န္ရစ္ထားခဲ့ပါေသးတယ္ ။ တစ္ကယ့္ကို ကိုယ့္ရဲ႕တိုက္ခန္းငွါးရမ္းသူေတြအေပၚ စာနာနားလည္ေပးမႈ အျပည့္ရွိၿပီး ၊ အကူအညီေပးတတ္တဲ့ အေဆာက္အအုံပိုင္ရွင္တစ္ေယာက္လို႔ ေျပာရမွာပါပဲေလ ။

Crd

Unicode

အခုလိုကာလမွာ တိုက်ခန်းငှါးရမ်းသူတွေကို 3 လ ငှါးရမ်းခသက်ညှာပေးခဲ့တဲ့အပြင် အစားအသောက်တွေပါ ထောက်ပံ့ပေးခဲ့တဲ့ အဆောက်အဦးပိုင်ရှင်

အခုလို ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်မားနေတဲ့အချိန် အချို့တွေက အလုပ်လက်မဲ့ဖြစ်ပြီး ၊ ဝင်ငွေအခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ လူတိုင်းလိုလို အခက်တွေ့နေကြတာပါ ။ သို့ပေမဲ့လည်း အချို့သောသူတွေရဲ့ သက်နိုင်တဲ့ဖက်က အကူအညီပေးတတ်တဲ့ စိတ်ဓာတ်ကိုတော့ အတော်လေး လေးစားအံ့သြမိပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာရှိတဲ့ Raminthra 99 အဆောက်အအုံရဲ့ပိုင်ရှင်ဟာဆိုရင် တိုက်ခန်းငှါးရမ်းသူတွေကို 3လ ငှါးရမ်းခ သက်ညှာပေးခဲ့တဲ့အပြင် ၊ တိုက်ခန်းရဲ့တံခါးပေါက်တွေမှာ အသင့်အစားအစာတွေဖြစ်တဲ့ ခေါက်ဆွဲခြောက် ၊ ဆန်တစ်ထုပ် ၊ ငါးသေတ္တာ နဲ့ အိုဗာတင်း တစ်ကပ်စီထည့်ထားတဲ့ အိတ္ကို ချိတ်ဆွဲထားရစ်ပေးခဲ့ပါတယ် ။

ဒါ့အပြင် ကိုဗစ်ကြောင့် ခင်ဗျား ရော အခြားငှါးရမ်းသူတွေပါ အခက်အခဲတွေ့နေရတာပါ ၊ အလုပ် ၊ ဝင်ငွေ နဲ့ ကျန်းမာရေးတွေ အခက်တွေ့နေလို့ အခုလို အိမ်အတွက်အသုံးဝင်မဲ့အရာလေး ထောက်ပံ့ပေးချင်လို့ပါ ၊ ဒါလေးတွေက ခင်ဗျားတို့ကို ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ် ၊ကျန်းမာရေး ဂရုစိုက်ကြပါ ၊ ဒါကို ကျွန်တော်တို့အတူကျော်လွှားနိုင်မှာပါ ဆိုပြီးတော့ ရေးသားထားတဲ့ စာလေးကိုပါ ချန်ရစ်ထားခဲ့ပါသေးတယ် ။ တစ်ကယ့်ကို ကိုယ့်ရဲ့တိုက်ခန်းငှါးရမ်းသူတွေအပေါ် စာနာနားလည်ပေးမှု အပြည့်ရှိပြီး ၊ အကူအညီပေးတတ်တဲ့ အဆောက်အအုံပိုင်ရှင်တစ်ယောက်လို့ ပြောရမှာပါပဲလေ ။

Crd