Crd
Unicode
စစ်မှန်တဲ့အချစ်နဲ့ တစ်ဦးကိုတစ်ဦး ဖေးမကူညီကာ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ မသန်စွမ်းဇနီးမောင်နှံနှစ်ဦး
တရုတ်ပြည်က မသန်စွမ်းတဲ့စုံတွဲနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပြီး နားလည်းမှုတွေ ထားရွိမွသာ ချစ်ခြင်းမေတ္တာဟာ ကြာရှည်စွာ ခိုင်မြဲကြောင်းကို သက်သေပြလာခဲ့ပါတယ် ။ သူတို့မှာ အားနည်းချက်ကိုယ်စီရှိနေကြသော်လည်း တစ်ဦးကိုတစ်ဦး ဖေးမကူညီပြီး ဘဝကို ဖြတ်သန်းခဲ့ကြပါတယ် ။ ခင်ပွန်းဖြစ်သူက ခြေထောက်မပါဘဲ မွေးဖွားလာခဲ့ပြီး ဇနီးဖြစ်သူက ခြေထောက်တွေကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် ချိုင်းထောက်နှစ်စုံနဲ့ အသုံးပြုနေရပါတယ် ။ သူတို့အိမ်မှာ သက်သောင့်သက်သာ နဲ့ စီမံခန့်ခွဲနိုင်တဲ့ အွန်လိုင်းဆိုင်တစ်ဆိုင် ပိုင်ဆိုင်ထားပါတယ် ။ ထိုစုံတြဲက တစ်ဦးချင်းစီး မသန်စွမ်းဖြစ်သော်လည်း သူတို့ဟာ ချစ်ခြင်းမေတ္တာရှိတဲ့ အခြားသောသာမှန်စုံတွဲတွေလိုပါဘဲ ။
သူတို့နှစ်ဦးစလုံးက ဂီတကို အလွန်နှစ်သက်ကြတာကြောင့် ၎ဟာ သူတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပြီး သူတို့ရဲ့နှောင်ကြိုးကို ခိုင်မာစေပါတယ် ။ သူတို့ရဲ့ အိမ်မှာ ဂီတနဲ့ ပြည့်နေပြီး တခါတေလမွာ သူတို့ အတူတကွသီချင်း ဆိုလေ့ရှိပါတယ် ။ သူတို့က တစ်ယောက်ကိုတစ်ယောက် အလွန်ရိုသေလေးစားကြပြီး တစ်ယောက်ကိုတစ်ယောက် အရမ်းလည်းဂရုစိုက်တာကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ် ။ ခင်ပွန်းကို ဂရုစိုက်နိုင်ရန်အတွက် သူမရဲ့ခြေထောက်ကို လေ့ကျင့်ရန် အတက်နိုင်ဆုံးကြိုးစားနေပါတယ် ။ ကျန်ရှိတဲ့ဘဝအတွက် တစ်ဦးကိုတစ်ဦး ဂရုစိုက်စောင့်ရှောက်မယ်လို့ သူတို့တွေ ကတိပေးခဲ့ကြပါတယ် ။ ထိုစုံတွဲ့တွေက နေသာတဲ့နေ့တွေဆိုရင် အတူတကြ အပြင်ထွက်လမ်းလျှောက်လေ့ရှိပြီး လူအမ်ားက စိုက်ကြည့်နေကြပေမဲ့ သူတို့တွေ လျစ်လျူရှုနေလိုက်ပါတယ် ။ ဒီစုံတွဲရဲ့အကြောင်းဟာ တကယ့်ကိုလှုံ့ဆော်မှုတစ်ခုပါဘဲ ။ သူတို့နှစ်ယောက်စလုံး မသန်စွမ်းဖြစ်နေကြပေမဲ့ စိတ်ဓာတ်မကျဘဲ ၎အစား သူတို့က တစ်ဦးကို တစ်ဦး ဂရုစိုက်ပြီး တောက်ပတဲ့ဘဝကို ပျော်ရွှင်စွာတည်ဆောက်နေကြတာပါ ။
Crd