NEWS
Written by admm
Crd
Unicode
ဖျားနာနေတဲ့ဖခင်ကိုအနီးကပ်ပြုစုစောင့်ရှောက်ချင်လို့ အလုပ်ကမ်းလှမ်းမှုတွေအကုန် ငြင်းဆန်ခဲ့တဲ့ ဘွဲ့ရဆရာဝန်သားလိမ္မာလေး
Ireland နိုင်ငံမှ ဘွဲ့ရခဲ့တဲ့ မလေးရှားဆရာဝန်တစ်ဦးဟာ ဖျားနာနေတဲ့ဖခင်ကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် ကမ်းလှမ်းမှု ငြင်းပယ်ခဲ့ကြောင့်ကို netizens မှသိရှိပြီးနောက် မကြာမီတွင် ပျံ့နှံ့သွားပြီး လူအမ်ားက ဝေဖန်နေကြပါတယ် ။ Ireland နိုင်ငံ၊ Dublin ရွိ တော်ဝင်ခွဲစိတ်ဆရာဝန်ကောလိပ်မှ Faiq Syukri ဟာ ဆေးဘက်ဆိုင်ရာဘွဲ့ရရှိခဲ့ပါတယ် ။ ၎ဟာ သူအမြဲလိုချင်ခဲ့တဲ့ အရာတစ်ခုဖြစ်ပြီး သူဟာ မလေးရှားနိုင်ငံ၊ Johor ပြည်နယ်၊ Batu Pahat ရွိ သူ့ရဲ့ မွေးရပ်မြေ Batu Pahat ဆေးရုံမှာ အလုပ်လုပ်ရန် အိပ်မက်မက်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပင် Syukri ဟာ ဆရာဝန်ဖြစ်လာပြီး သူ့ရဲ့ ဖခင် ဖျားနာခဲ့ပါတယ် ။ ဖျားနာနေတဲ့ ဖခင်ကို ပြုစုစောင့်ရှောက်ဖို့က သူ့ရဲ့မိခင်ရှိသော်လည်း ဆရာဝန်တစ်ယောက်အနေနဲ့ Syukri က သူ့ရဲ့အဖေကို စောင့်ရှောက်ပေးချင်ခဲ့တာပါ ။
သူ့ကို Batu Pahat ဆေးရုံမှာ အလုပ်ကမ်းလှမ်းခဲ့စဉ်က သူ့အဖေကိုဂရုစိုက်ဖို့လိုတာကြောင့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ် ။ သူငြင်းပယ်ခဲ့တာကို သူ့ပတ်ဝန်းကျင်က လူအမ်ားဟာ ရှုပ်ထွေးပြီး ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ သူက နှစ်ပေါင်းများစွာ ဆရာဝန်တစ်ဦး အဖြစ် လေ့လာခဲ့ပြီး Ireland နိုင်ငံအထိပင် တက်ရောက်ခဲ့ပြီး ဘွဲ့ရရှိခဲ့ပေမဲ့ Syukri ဟာ သူငြင်းလိုက်တာကို နောင်တမရခဲ့ပါဘူး ။ သူသိတာက သူ့ဖခင် နေမကောင်းဖြစ်နေတယ်ဆိုတာပါဘဲ ။ သူက သူ့အဖေကို ဂရုစိုက်ဖို့အချိန်ပိုပေးရတဲ့အကြောင်းရင်းက သူဆေးကျောင်းတက်နိုင်ဖို့အတွက် သူ့ဖခင်က ပိုက်ဆံတွေ အများကြီးကုန်ခဲ့ရလို့ပါဘဲ ။ ဆရာဝန်အနေနဲ့သာ ဝင်ငွေပိုရခြင်းကြောင့် ဖခင်ကိုပိုပြီးကူညီနိုင်လိမ့်မယ်လို့ ပြောတဲ့လူတွေရှိသော်လည်း၊ Syukri က သေဘာမတူခဲ့ပါဘူး ။ အကယ်လို့ သူသာ ဆရာဝန်အလုပ်လုပ်မယ်ဆိုရင် အခြားလူနာတွေကို ဂရုစိုက်ဖို့ ဆေးရုံမှာ အချိန်ပိုပေးရမာဖြစ်တဲ့အတွက် သူရဲ့ဖခင်ကို အချိန်အနည်းငယ်သာ ပေးနိုင်မာဖြစ်တာကြောင့် သူငြင်းဆိုခဲ့လိုက်တာပါ ။
Crd
About the author
admm