Love & Relationship


Written by admm



Crd

Unicode

သူစိမ်းတွေက မမျှော်လင့်ဘဲမွေးနေ့ Surprise ပြုလုပ်ပေးခဲ့လို့ ငိုကြွေးခဲ့တဲ့ အဘိုးအို

စင်ကာပူနိုင်ငံက facebook စာမျက်နှာတစ်ခုမှာတော့ နိုင်ငံရေးသမား Dr Maliki Osman အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဦးနှောက်အသိဉာဏ်အားနည်းတဲ့ အဘိုးအိုတစ်ဦး၏နေအိမ်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး မွေးနေ့ Surprise ပြုလုပ်ပေးခဲ့တာကို ဝေမျှခဲ့ပါတယ် ။ အသက် 63 နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မှတ်ဉာဏ်ချို့ယွင်းနေတဲ့အဘိုးဟာ သူ့အတွက်မွေးနေ့သီချင်းသီဆိုပေးကြပြီး မွေးနေ့ပွဲကျင်းပပေးကြလို့ အတော့်ကိုဝမ်းသားပျော်ရွှင်သွားခဲ့ပြီး ငိုကြွေးခဲ့ပါတော့တယ် ။ အဆိုပါအဖြစ်အပျက်လေးက ကြည့်မြင်သူတိုင်းကို ဝမ်းသားမျက်ရည်ကျစေခဲ့လို့ နောက်ပိုင်းလည်း အလုပ်ကြိုးစားပြီး သက်ကြီးရွယ်အိုတွေကို ပိုပြီးဂရုစိုက်စောင့်ရှောက်မှုတွေပေးဖို့ အဆိုပါ facebook စာမျက်နှာက Dr Maliki Osman အတွက် ဆုတောင်းစကားကိုပါ ရေးသားပေးခဲ့ပါတယ် ။

Crd

About the author

admm