





Crd

Unicode

ရှားပါးရောဂါကြောင့် အသက် ၁၀၀ကျော်အဖွားအိုနှင့်တူနေသော အသက် ၁၈နှစ်အရွယ် မိန်းကလေး

ဖြစ်စဉ်မှာ အင်္ဂလန်နိုင်ငံတွင် နေထိုင်သော Ashanti Smithအမည်ရှိသော အသက် ၁၈နှစ်သာ ရှိသေးသော မိန်းကလေးသည် ကံမကောင်းလှစွာဖြင့် အယောက် ၁သန်းမှာ ၁ယောက်သာ ဖြစ်စေသည့်မွေးရာပါရှားပါးရောဂါဝေဒနာကို ခံစားနေရခြင်းဖြင့် လျင်မြန်စွာ အိုမင်းရင့်ရော်နေခဲ့သည်။

မိန်းကလေးသည် သာမန်လူတစ်ယောက်ထက် ၈ဆပိုပြီးတော့ အိုမင်းခဲ့၍ အသက်၁၀၀ကျော် အဖွားအိုတစ်ယောက်နှင့်ပင် ဆင်တူနေပေသည်။

သို့သော်လည်း မိန်းကလေးသည် သူမအခြေအနေကို လူသိများပြီး ချစ်ခင်သော သူငယ်ချင်း မိတ်ဆွေများလည်း ပေါများကာ စိတ်အားငယ်ခြင်းမျိုးမရှိပဲ အမြဲတက်ကြွ ရွှင်လန်းနေခဲ့သည်။

ယခုအခါမှာတော့ မိန်းကလေးသည် သူမဧ။် အသက် ၁၈နှစ်ပြည့် မွေးနေ့တွင်ပဲ ဘဝတစ်ပါးသို့ အေးချမ်းစွာ ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။

Crd