INTERNATIONAL NEWS

၆ ႏွစ္သားေကာင္ေလးရဲ႕ 6 Pack Abs က နိုင္ငံတကာပရိသတ္မ်ားကိုအံ့အားသင့္ေစခဲ့

Written by admm

၆ ႏွစ္သားေကာင္ေလးရဲ႕ 6 Pack Abs က နိုင္ငံတကာပရိသတ္မ်ားကိုအံ့အားသင့္ေစခဲ့

Iran နိုင္ငံရွိ အသက္ ၆ ႏွစ္အ႐ြယ္ Arat Hosseini အမည္ရွိေကာင္ေလးတစ္ဦးဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က လယ္ကြင္းထဲမွမိန္းကေလးတစ္ဦးရဲ႕ဗီဒီယိုထဲတြင္ ပါဝင္ခဲ့ၿပီးေနာက္ Arat ရဲ႕ပုံရိပ္ဟာ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ့ႏွံ႕သြားၿပီးေနာက္ ကမၻာႀကီးအႏွံ႕ရွိလူအမ်ားရဲ႕အာ႐ုံစူးစိုက္ျခင္းကို ခံခဲ့ရပါတယ္။Mohammed Hosseini အမည္ရွိ Arat ရဲ႕ဖခင္ဟာ ၉ လသားအ႐ြယ္သာရွိေသးတဲ့ သားျဖစ္သူကို ကြၽမ္းဘားကစားျခင္းျဖင့္ စတင္သင္ၾကားေပးခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အသက္ ၂ ႏွစ္အ႐ြယ္မွာ Arat ဟာ နိုင္ငံတကာကေလးၿပိဳင္ပြဲမ်ားမွာ ပါ၀င္ခဲ့ၿပီး အသက္ ၃ ႏွစ္အ႐ြယ္မွာေတာ့ Arat ဟာ နံရံေပၚတက္ျခင္း ႏွင့္ ဘားကို လက္တစ္ဖက္ကေန တစ္ဖက္ဆီသို႔ လ်င္ျမန္စြာ လႊဲေျပာင္းနိုင္ေနခဲ့ၿပီျဖစ္ပါတယ္။

၎ကြၽမ္းက်င္မႈအတြက္ လိုအပ္တဲ့ခြန္အားမ်ားေၾကာင့္ Arat ဟာ ၎ကိုျပဳလုပ္နိုင္ေပမဲ့ ၎အရာက အ႐ြယ္ေရာက္ၿပီးတဲ့သူတိုင္း ျပဳလုပ္ရန္အတြက္ မလြယ္ကူသလို မျဖစ္နိုင္ေၾကာင္းလည္း ဖခင္ျဖစ္သူက ဆိုထားခဲ့ပါတယ္။

Arat ဟာ ရွည္လ်ားတဲ့ဆံပင္ရွိၿပီး ႐ုပ္ပိုင္းဆိုင္ရာအရလည္း အထင္ႀကီးစရာေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္ပါ။Arat ရဲ႕ ပုခုံး၊ ပခုံးႂကြက္သားနဲ႕ရင္ဘတ္ႂကြက္သားမ်ားက အရမ္းသန္မာပါတယ္။Aratဟာ သူ႕ရဲ႕ဝါသနာက ေဘာလုံးကန္ျခင္းျဖစ္တယ္လို႔လည္း ဆိုထားပါေသးတယ္။

အီရန္နိုင္ငံမွာ ေမြးဖြားလာခဲ့ၿပီး Arat ဟာ ယခုအခါ Liverpool Academy မွာ ပညာသင္ၾကားရန္အတြက္ ၿဗိတိန္မွာ ေနထိုင္ပါတယ္။Arat က သူအျဖစ္ခ်င္ဆုံးအိမ္မက္ဟာ စပိန္ေဘာလုံးအသင္း Barcelona မွာ တစ္ရက္သာ ကစားနိုင္ရမယ္လို႔ ေျပာခဲ့ၿပီး သူ႕ရဲ႕အႀကိဳက္ဆုံးကစားသမားျဖစ္တဲ့ Lionel Messi ကိုလည္း ခ်ီးက်ဴးခဲ့ပါေသးတယ္။

ေကာင္ေလးမွာ Follower ေပါင္း ၄ သန္းေက်ာ္ရွိၿပီး ဓာတ္ပုံအသစ္တစ္ပုံတင္လိုက္တိုင္း Likeေပါင္း ၁ သန္းေက်ာ္အထိကို ပုံမွန္ရရွိေလ့ရွိပါတယ္။ ကြၽန္ေတာ့္သားရဲ႕အရည္အခ်င္းကို သေဘာေပါက္သြားခဲ့ၿပီးတဲ့ေနာက္ ကြၽန္ေတာ့္ပတ္၀န္းက်င္ကလူေတြရဲ႕အႀကံေပးခ်က္ေတြအရ ကြၽန္ေတာ္ သူ႕အတြက္ Instagram အေကာင့္တစ္ခုဖြင့္ေပးလိုက္ေတာ့ လူအမ်ားက သူ႕ကို ႀကိဳဆိုခဲ့ၾကတယ္ အထူးသျဖင့္ အီရန္မွာ သာမက ျပည္ပနိုင္ငံေတြကပါ ႀကိဳဆိုခဲ့ၾကတယ္ လို႔ Arat ရဲ႕အေဖက ေျပာၾကားခဲ့ပါတယ္။

ဖခင္ျဖစ္သူ Mohammed ဟာ Arat ကို တက္ႂကြတဲ့ကေလးတစ္ေယာက္အျဖစ္ သတ္မွတ္ထားၿပီး Arat ကလည္း သူ႕ရဲ႕အားကစားလႈပ္ရွားမႈမ်ားကို အေတာ္ေလး ႏွစ္သက္ပါတယ္။ဖခင္တစ္ဦး အေနႏွင့္ Mohammed ဟာ ေရွ႕ကေနလမ္းျပေပးျခင္းျဖင့္ Arat ကိုကူညီေပးေလ့ရွိတဲ့အျပင္ Mohammed ဟာ သားျဖစ္သူရဲ႕အက်ိဳးစီးပြါးအတြက္လည္း ပါဝင္ေဆာင္႐ြက္ေပးေနလ်က္ရွိပါတယ္။

Arat ေလးက ခ်စ္ဖို႔ေကာင္းသေလာက္ အသက္အ႐ြယ္နဲ႕မလိုက္ေအာင္ 6 packs Abs ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။အင္တာနက္သုံးစြဲသူမ်ားက ခ်စ္ဖို႔ေကာင္းတဲ့ Arat ေလးရဲ႕အားကစားလုပ္ေနတဲ့ပုံရိပ္အခ်ိဳ႕ေၾကာင့္ Arat ေလးကို သေဘာက်မဆုံးျဖစ္ေနခဲ့ၾကပါတယ္။

Crd

Unicode

၆ နှစ်သားကောင်လေးရဲ့ 6 Pack Abs က နိုင်ငံတကာပရိသတ်များကိုအံ့အားသင့်စေခဲ့

Iran နိုင်ငံရှိ အသက် ၆ နှစ်အရွယ် Arat Hosseini အမည်ရှိကောင်လေးတစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လယ်ကွင်းထဲမှမိန်းကလေးတစ်ဦးရဲ့ဗီဒီယိုထဲတွင် ပါဝင်ခဲ့ပြီးနောက် Arat ရဲ့ပုံရိပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားပြီးနောက် ကမ္ဘာကြီးအနှံ့ရှိလူအများရဲ့အာရုံစူးစိုက်ခြင်းကို ခံခဲ့ရပါတယ်။Mohammed Hosseini အမည်ရှိ Arat ရဲ့ဖခင်ဟာ ၉ လသားအရွယ်သာရှိသေးတဲ့ သားဖြစ်သူကို ကျွမ်းဘားကစားခြင်းဖြင့် စတင်သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၂ နှစ်အရွယ်မှာ Arat ဟာ နိုင်ငံတကာကလေးပြိုင်ပွဲများမှာ ပါ၀င်ခဲ့ပြီး အသက် ၃ နှစ်အရွယ်မှာတော့ Arat ဟာ နံရံပေါ်တက်ခြင်း နှင့် ဘားကို လက်တစ်ဖက်ကနေ တစ်ဖက်ဆီသို့ လျင်မြန်စွာ လွှဲပြောင်းနိုင်နေခဲ့ပြီဖြစ်ပါတယ်။

၎င်းကျွမ်းကျင်မှုအတွက် လိုအပ်တဲ့ခွန်အားများကြောင့် Arat ဟာ ၎င်းကိုပြုလုပ်နိုင်ပေမဲ့ ၎င်းအရာက အရွယ်ရောက်ပြီးတဲ့သူတိုင်း ပြုလုပ်ရန်အတွက် မလွယ်ကူသလို မဖြစ်နိုင်ကြောင်းလည်း ဖခင်ဖြစ်သူက ဆိုထားခဲ့ပါတယ်။

Arat ဟာ ရှည်လျားတဲ့ဆံပင်ရှိပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း အထင်ကြီးစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။Arat ရဲ့ ပုခုံး၊ ပခုံးကြွက်သားနဲ့ရင်ဘတ်ကြွက်သားများက အရမ်းသန်မာပါတယ်။Aratဟာ သူ့ရဲ့ဝါသနာက ဘောလုံးကန်ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။

အီရန်နိုင်ငံမှာ မွေးဖွားလာခဲ့ပြီး Arat ဟာ ယခုအခါ Liverpool Academy မှာ ပညာသင်ကြားရန်အတွက် ဗြိတိန်မှာ နေထိုင်ပါတယ်။Arat က သူအဖြစ်ချင်ဆုံးအိမ်မက်ဟာ စပိန်ဘောလုံးအသင်း Barcelona မှာ တစ်ရက်သာ ကစားနိုင်ရမယ်လို့ ပြောခဲ့ပြီး သူ့ရဲ့အကြိုက်ဆုံးကစားသမားဖြစ်တဲ့ Lionel Messi ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

ကောင်လေးမှာ Follower ပေါင်း ၄ သန်းကျော်ရှိပြီး ဓာတ်ပုံအသစ်တစ်ပုံတင်လိုက်တိုင်း Likeပေါင်း ၁ သန်းကျော်အထိကို ပုံမှန်ရရှိလေ့ရှိပါတယ်။ ကျွန်တော့်သားရဲ့အရည်အချင်းကို သဘောပေါက်သွားခဲ့ပြီးတဲ့နောက် ကျွန်တော့်ပတ်၀န်းကျင်ကလူတွေရဲ့အကြံပေးချက်တွေအရ ကျွန်တော် သူ့အတွက် Instagram အကောင့်တစ်ခုဖွင့်ပေးလိုက်တော့ လူအများက သူ့ကို ကြိုဆိုခဲ့ကြတယ် အထူးသဖြင့် အီရန်မှာ သာမက ပြည်ပနိုင်ငံတွေကပါ ကြိုဆိုခဲ့ကြတယ် လို့ Arat ရဲ့အဖေက ပြောကြားခဲ့ပါတယ်။

ဖခင်ဖြစ်သူ Mohammed ဟာ Arat ကို တက်ကြွတဲ့ကလေးတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး Arat ကလည်း သူ့ရဲ့အားကစားလှုပ်ရှားမှုများကို အတော်လေး နှစ်သက်ပါတယ်။ဖခင်တစ်ဦး အနေနှင့် Mohammed ဟာ ရှေ့ကနေလမ်းပြပေးခြင်းဖြင့် Arat ကိုကူညီပေးလေ့ရှိတဲ့အပြင် Mohammed ဟာ သားဖြစ်သူရဲ့အကျိုးစီးပွါးအတွက်လည်း ပါဝင်ဆောင်ရွက်ပေးနေလျက်ရှိပါတယ်။

Arat လေးက ချစ်ဖို့ကောင်းသလောက် အသက်အရွယ်နဲ့မလိုက်အောင် 6 packs Abs ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။အင်တာနက်သုံးစွဲသူများက ချစ်ဖို့ကောင်းတဲ့ Arat လေးရဲ့အားကစားလုပ်နေတဲ့ပုံရိပ်အချို့ကြောင့် Arat လေးကို သဘောကျမဆုံးဖြစ်နေခဲ့ကြပါတယ်။

Crd

About the author

admm