Life style
Written by admm
Crd
Unicode
တစ်နှစ်ကို ဒေါ်လာ ၅၀,၀၀၀ အထိဝင်ငွေရှိပေမဲ့ အိမ်တစ်လုံးအတွက်ငွေစုရန် အမွိုက္ပုံးထဲမွ အစာကြွင်းကျန်များကိုသာ စားသုံးခဲ့တဲ့ အမျိုးသမီးတစ်ဦး
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ Kate Hashimoto အမည်ရှိဂျပန်စာရင်းကိုင်အမျိုးသမီးတစ်ဦးဟာ သူမရဲ့အောင်မြင်တဲ့ဘဝပုံစံအကြောင်းကို ပြောပြခဲ့တဲ့အခါမှာ သူမဟာ အတော်ကို နာမည်ကြီးသွားခဲ့ပါတယ်။ Kate ဟာ ၀ငျငှကေောငျးပမေဲ့လညျး ခမ်းနားထည်ဝါတဲ့မြို့တော်မှာရှင်သန်နိုင်ရန် အမှိုက်ပုံးမှ ပရိဘောဂများကိုယူခြင်းနှင့် အမှိုက်ပုံးများရှိ အစားအစာများကိုစားသုံးခြင်းတို့ကြောင့် သူမဟာ စျေးအကြီးဆုံးမြို့တစ်မြို့ထဲမှ တိုက်ခန်းတစ်ခန်းကို ၀ယျနိုငျခဲ့ရကွောငျး ပြောပြခဲ့ပါတယ်။Kate ဟာ အိပ်ရာအတွက် ဒေါ်လာရာနှင့်ချီပေးဆပ်မဲ့အစား လမ်းပေါ်ရှိအမှိုက်ပုံးမှ ယောဂဖျာအဟောင်းများကိုကောက်ပြီး အိပ်စက်ခဲ့ကြောင်းနှင့် သူမဟာ ရှစ်နှစ်ကျော်အတွင်း အ၀တ်အစားအသစ်များ နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကိုတောင် မဝယ်သုံးခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
သို့ပေမဲ့ သူမဟာ အခမဲ့ရမဲ့ ဘယ် promotion အစီစဉ်များမဆိုမှအခမဲ့လက်ဆောင်များကို လက်ခံရယူခဲ့ပြီး သူမဟာ အခမဲ့လက်ဆောင်ဆိုင်တစ်ဆိုင်ရဲ့ပရိသတ်တစ်ဦးလည်းဖြစ်ကြောင်းကိုပါ ပြောပြထားပါတယ်။Kate က အိမ်သာသုံးစက္ကူနဲ့တစ်သျှူးများက ပစ်ထုတ်ပစ်ရမဲ့အရာတွေဖြစ်တာကြောင့် သူမက ၎င်းအရာများအတွက် ငွေမဖြုန်းခဲ့ကြောင်းပါ ဝန်ခံခဲ့ပါတယ်။
သူမဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆပ်ပြာတစ်မျိုးတည်းကိုသာ သုံးခဲ့ပြီး အများသုံးရေချိုးခန်းမှာသာ ရေချိုးကာ အဝတ်များကိုလည်း ရေချိုးကန်မှာသာလျှော်ဖွတ်ခဲ့ကြောင်းကိုပါ ပြောပြထားပါတယ်။Kate ဟာ အစားအစာအတွက်လည်း ဘယ်တော့မှငွေမသုံးပါဘူး။အလုပ်ဆင်းတဲ့အခါ Kate ဟာ သူတောင်းစားအဖြစ်ယောင်ဆောင်ပြီး အချို့ရပ်ကွက်များရှိ စားသောက်ဆိုင်များနှင့်စူပါမားကတ်များအပြင်ဘက်ရှိ အမှိုက်အိတ်များကို စစ်ထုတ်ပါတယ်။
စတိုးဆိုင်တွေက အော်ဂဲနစ်နှင့်လှပစွာပြင်ဆင်ထားတဲ့ အစားအစာများအပါအ၀င် အရည်အသွေးမြင့်အစားအစာများစွာကို မကြာခဏစွန့်ပစ်ကြတာကြောင့် သူမက စားသောက်ဆိုင်များနှင့်စူပါမားကတ်များရဲ့အပြင်ဘက်မှာသာ အမြဲစောင့်နေခဲ့ကြောင်းကိုလည်း ဆိုထားပါတယ်။Kate က အလုံပိတ်အထုပ်များနှင့် သန့်ရှင်းတဲ့ အစားအစာများကိုသာ ထုတ်ယူခဲ့ကြောင်း ဆိုထားပါတယ်။
အဲဒီ့အတွက် သူမဟာ စပျစ်သီး၊ ထောပတ်သီးကဲ့သို့သော အဆင့်မြင့်အစားအစာများကို စားခွင့်ရခဲ့ပါတယ်။သူမသူငယ်ချင်းများက သူမကိုအပြင်ထွက်စားဖို့ဖိတ်တဲ့အခါ ၎င်းတို့အလကားဝယ်ကျွေးတာကလွဲရင် သူမအကုန်ငြင်းကြောင်းကိုလည်း ပြောပြထားပါတယ်။Kate ဟာ သူမရဲ့ကြမ်းတမ်းတဲ့ကုန်ကျစရိတ်ဖြတ်တောက်တဲ့နည်းလမ်းများကြောင့် သူမဟာ တစ်လလျှင် ဒေါ်လာ ၂၀၀ သာ ကုန်ကျခဲ့ပါတယ်။
သူမရဲ့ပတ်ဝန်းကျင်ရှိ လူတစ်ဦးအတွက် နေထိုင်မှုပျမ်းမျှကုန်ကျစရိတ်က တစ်လလျှင် ဒေါ်လာ ၁,၃၄၁ ခန့်ရှိပါတယ်။Kate ဟာ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှာ စီးပွါးရေးအခြေအနေကျဆင်းမှုကြောင့် သူမအလုပ်ပြုတ်သွားခဲ့ပြီး နောက်နှစ်ပေါင်းများစွာမှာ သူမရဲ့ချွေတာတဲ့ဘဝပုံစံကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားကြောင်း နှင့် နယူးယောက်မြို့မှာနေထိုင်နိုင်ဖို့အတွက် အသုံးစရိတ်ကို အနည်းဆုံးဖြစ်အောင် သူမရွေးချယ်ခဲ့ကြောင်းလည်း ပြောပြထားပါတယ်။
သူမ ဟာ နှစ်ပေါင်းများစွာငွေစုဆောင်းခဲ့ပြီးနောက် ကမ္ဘာပေါ်ရှိစျေးအကြီးဆုံးမြို့များထဲမှတစ်မြို့မှာ တိုက်ခန်းတစ်ခန်းကို ၀ယျယူနိုငျခဲ့ပါတယျ။အခွားသူမြားရဲ့ဝဖေနျမှုမြားနှင့ျကဲ့ရဲ့ရှုတျခမြှုမြားကွားမှ သူမဟာ သက်တောင့်သက်သာရှိတဲ့ သူမရဲ့ဘ၀ကို ဥဦးဆောင်နေခဲ့ပြီး Kate ဟာ ဘဝဆိုတာက ရုပ်ဝတ္ထုပစ္စည်းများအပေါ် မမူတည်နေကြောင်းကို သူမအပြည့်အဝယုံကြည်နေခဲ့ပါတယ်။
Crd
About the author
admm