Love & Relationship

ရည္းစားလိုခ်င္လို့ပါဆိုင္းဘုတ္ကိုင္ျပီး ႐ြာခဲ့သူ အမ်ိဳးသား ေျခာက္ႏွစ္အၾကာမွာ ေကာင္မေလးရခဲ့ၿပီျဖစ္

Written by admm

ရည္းစားလိုခ်င္လို့ပါဆိုင္းဘုတ္ကိုင္ျပီး ႐ြာခဲ့သူ အမ်ိဳးသား ေျခာက္ႏွစ္အၾကာမွာ ေကာင္မေလးရခဲ့ၿပီျဖစ္

ဘဝမွာဝါရင့္ အက္ဖ္ေအ၊ ေကာင္မေလးမရွိလို႔အႏွိမ္ခံရတဲ့ ဘဒိုေတြအတြက္ေတာ့ အခုသတင္းေလးက အားတကၥရာပါ။ ရည္းစားလိုခ်င္လို႔ပါေရးၿပီး၊ ဆိုင္းဘုတ္ေလးနဲ႕ ဘဝလက္တြဲေဖာ္ရွာခဲ့တဲ့ အမ်ိဳးသားတဦးဟာ ေကာင္မေလးတေယာက္ကို ရခဲ့ၿပီျဖစ္လို႔ပါပဲ။

သူ႕နာမည္က အဒမ္လို႔ေခၚပါတယ္။ အဒမၠ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေလာက္တုန္းက လန္ဒန္၊ ကိန္းဘရစ္ခ်္ တကၠသိုလ္နားမွာ လူတိုင္းမလုပ္နိုင္တဲ့ ကိစၥတခုကိုလုပ္ခဲ့ပါတယ္။ ရည္းစားမရွိတဲ့အတြက္ ရည္းစားရေအာင္ဆိုင္းဘုတ္ေလးကိုင္ၿပီးရွာခဲ့တာပါ။

ဆိုင္းဘုတ္မွာေရးထားတာက ဟိုင္းပါ၊ လမ္းသြားလမ္းလာေတြေရ၊ ကြၽန္ေတာ္က အဒမ္ပါ။ ကြၽန္ေတာ္ ရည္းစားတေယာက္ရွာေနပါတယ္။ ကြၽန္ေတာ္က ေယာက္်ားေလးႀကီးပဲ ၈၅ ရာခိုင္ႏႈန္းေလာက္ရွိတဲ့ ပတ္ဝန္းက်င္မွာ အလုပ္လုပ္ပါတယ္။ အက်ိဳးဆက္က ကြၽန္ေတာ္အဲဒီမွာ ဘဝလက္တြဲေဖာ္ရွာဖို႔ အခြင့္အေရးနည္းလြန္းတာပါ။

ဒါေပမဲ့ အခုကြၽန္ေတာ္ ဒီမွာေရာက္ေနၿပီေလ၊ ေအာက္မွာျပထားတဲ့နည္းလမ္းေလးအတိုင္း စမ္းသပ္ၿပီးလုပ္ရမယ့္အခ်ိန္ပါပဲလို႔ေရးခဲ့ပါတယ္။ သူျပထားတဲ့နည္းလမ္းဆိုတာက သူ႕အေၾကာင္းနဲ႕ သူလိုခ်င္တဲ့ မိန္းကေလးပုံစံကို ေရးထားတာပါ။ ေသဘာက စိတ္ဝင္စားရင္ သူ႕ကိုလာႀကိဳက္ဖို႔ေပါ့။

တကယ္လို႔ ေကာင္မေလးကေပၚတင္မေျပာရဲတာမ်ိဳးျဖစ္ေနမွာစိုးရိမ္ရင္လည္း အီးေမးလ္လိပ္စာေပးထားပါေသးတယ္။ ဒါက ၂၀၁၅ တုန္းက အဒမ္ ေကာင္မေလးရွာခဲ့တဲ့နည္းပါ။ အလုပ္ျဖစ္ခဲ့လား၊ မျဖစ္ခဲ့လားမသိေပမဲ့ ႐ုတ္တရက္ဆိုသလို ၂၀၂၁ မွာေတာ့ ကံေကာင္းျခင္းေတြက အဒမ္ဆီေရာက္လာခဲ့ပါၿပီ။

အဒမ္ဟာ အက္ဇတာဆိုတဲ့မိန္းကေလးနဲ႕ ေစ့စပ္လိုက္ၿပီျဖစ္တဲ့အျပင္ လာမယ့္ေအာက္တိုဘာလထဲမွာ လက္ပါထပ္ေတာ့မွာျဖစ္ပါတယ္။ တခု႐ြိတာက အက္ဇတာနဲ႕အဒမ္က အီးေမးလ္မွာ လာေျပာလို႔ႀကိဳက္တာမဟုတ္ပါဘူး။ ကိုဗစ္ေလာ့ေဒါင္းေတြၿပီးလို႔ ပါတီေတြလုပ္ခ်ိန္မွာေတြ႕ခဲ့တာပါ။

ဆိုင္းဘုတ္ကိုင္ၿပီးရွာတာက အလုပ္မျဖစ္ခဲ့ဘူးလည္းဆိုရမွာေပါ့။ ဒါေပမဲ့ ဘဒိုေတြအားတက္ဖို႔အေၾကာင္းလည္းရွိပါေသးတယ္။ အဒမ္တေယာက္ေကာင္မေလးမရွိဘဲေနခဲ့ရတာက တကယ္ေတာ့ ေျခာက္ႏွစ္မကပါဘူး။ ၂၀၁၃ ခုႏွစ္မွာ သူနဲ႕၂ႏွစ္ေတာင္တြဲလာခဲ့တဲ့ေကာင္မေလးက လမ္းခြဲသြားလို႔က်န္ရစ္ျဖစ္ေနခဲ့တာပါထည့္တြက္ရင္ ၈ႏွစ္ေတာင္ အက္ဖ္ေအျဖစ္ေနခဲ့တာျဖစ္ပါတယ္။ စိတ္အားငယ္မယ္ႀကံတိုင္း အဒမ္ရဲ႕အခုျဖစ္ရပ္ေလးနဲ႕ မိုတီယူဖို႔တိက္တြန္းလိုက္ပါတယ္။

Crd

Unicode

ရည်းစားလိုချင်လို့ပါဆိုင်းဘုတ်ကိုင်ပြီး ရွာခဲ့သူ အမျိုးသား ခြောက်နှစ်အကြာမှာ ကောင်မလေးရခဲ့ပြီဖြစ်

ဘဝမှာဝါရင့် အက်ဖ်အေ၊ ကောင်မလေးမရှိလို့အနှိမ်ခံရတဲ့ ဘဒိုတွေအတွက်တော့ အခုသတင်းလေးက အားတက္စရာပါ။ ရည်းစားလိုချင်လို့ပါရေးပြီး၊ ဆိုင်းဘုတ်လေးနဲ့ ဘဝလက်တွဲဖော်ရှာခဲ့တဲ့ အမျိုးသားတဦးဟာ ကောင်မလေးတယောက်ကို ရခဲ့ပြီဖြစ်လို့ပါပဲ။

သူ့နာမည်က အဒမ်လို့ခေါ်ပါတယ်။ အဒမ္က လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်တုန်းက လန်ဒန်၊ ကိန်းဘရစ်ချ် တက္ကသိုလ်နားမှာ လူတိုင်းမလုပ်နိုင်တဲ့ ကိစ္စတခုကိုလုပ်ခဲ့ပါတယ်။ ရည်းစားမရှိတဲ့အတွက် ရည်းစားရအောင်ဆိုင်းဘုတ်လေးကိုင်ပြီးရှာခဲ့တာပါ။

ဆိုင်းဘုတ်မှာရေးထားတာက ဟိုင်းပါ၊ လမ်းသွားလမ်းလာတွေရေ၊ ကျွန်တော်က အဒမ်ပါ။ ကျွန်တော် ရည်းစားတယောက်ရှာနေပါတယ်။ ကျွန်တော်က ယောက်ျားလေးကြီးပဲ ၈၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ပါတယ်။ အကျိုးဆက်က ကျွန်တော်အဲဒီမှာ ဘဝလက်တွဲဖော်ရှာဖို့ အခွင့်အရေးနည်းလွန်းတာပါ။

ဒါပေမဲ့ အခုကျွန်တော် ဒီမှာရောက်နေပြီလေ၊ အောက်မှာပြထားတဲ့နည်းလမ်းလေးအတိုင်း စမ်းသပ်ပြီးလုပ်ရမယ့်အချိန်ပါပဲလို့ရေးခဲ့ပါတယ်။ သူပြထားတဲ့နည်းလမ်းဆိုတာက သူ့အကြောင်းနဲ့ သူလိုချင်တဲ့ မိန်းကလေးပုံစံကို ရေးထားတာပါ။ သေဘာက စိတ်ဝင်စားရင် သူ့ကိုလာကြိုက်ဖို့ပေါ့။

တကယ်လို့ ကောင်မလေးကပေါ်တင်မပြောရဲတာမျိုးဖြစ်နေမှာစိုးရိမ်ရင်လည်း အီးမေးလ်လိပ်စာပေးထားပါသေးတယ်။ ဒါက ၂၀၁၅ တုန်းက အဒမ် ကောင်မလေးရှာခဲ့တဲ့နည်းပါ။ အလုပ်ဖြစ်ခဲ့လား၊ မဖြစ်ခဲ့လားမသိပေမဲ့ ရုတ်တရက်ဆိုသလို ၂၀၂၁ မှာတော့ ကံကောင်းခြင်းတွေက အဒမ်ဆီရောက်လာခဲ့ပါပြီ။

အဒမ်ဟာ အက်ဇတာဆိုတဲ့မိန်းကလေးနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့အပြင် လာမယ့်အောက်တိုဘာလထဲမှာ လက်ပါထပ်တော့မှာဖြစ်ပါတယ်။ တခုရွိတာက အက်ဇတာနဲ့အဒမ်က အီးမေးလ်မှာ လာပြောလို့ကြိုက်တာမဟုတ်ပါဘူး။ ကိုဗစ်လော့ဒေါင်းတွေပြီးလို့ ပါတီတွေလုပ်ချိန်မှာတွေ့ခဲ့တာပါ။

ဆိုင်းဘုတ်ကိုင်ပြီးရှာတာက အလုပ်မဖြစ်ခဲ့ဘူးလည်းဆိုရမှာပေါ့။ ဒါပေမဲ့ ဘဒိုတွေအားတက်ဖို့အကြောင်းလည်းရှိပါသေးတယ်။ အဒမ်တယောက်ကောင်မလေးမရှိဘဲနေခဲ့ရတာက တကယ်တော့ ခြောက်နှစ်မကပါဘူး။ ၂၀၁၃ ခုနှစ်မှာ သူနဲ့၂နှစ်တောင်တွဲလာခဲ့တဲ့ကောင်မလေးက လမ်းခွဲသွားလို့ကျန်ရစ်ဖြစ်နေခဲ့တာပါထည့်တွက်ရင် ၈နှစ်တောင် အက်ဖ်အေဖြစ်နေခဲ့တာဖြစ်ပါတယ်။ စိတ်အားငယ်မယ်ကြံတိုင်း အဒမ်ရဲ့အခုဖြစ်ရပ်လေးနဲ့ မိုတီယူဖို့တိက်တွန်းလိုက်ပါတယ်။

Crd

About the author

admm