Life style

ေ႐ႊမွတ္ၿပီး ကိုက္ေနတဲ့ကစားသမားေတြကို သတိေပးလိုက္တဲ့ တိုက်ိဳအိုလံပစ္

Written by admm

ေ႐ႊမွတ္ၿပီး ကိုက္ေနတဲ့ကစားသမားေတြကို သတိေပးလိုက္တဲ့ တိုက်ိဳအိုလံပစ္

အိုလံပစ္ၿပိဳင္ပြဲမွာဆုရတဲ့ကစားသမားေတြဟာ သူတို႔ရဲ႕ေ႐ႊတံဆိပ္ကို ဂုဏ္ယူစြာနဲ႕ကိုက္တတ္ၾကပါတယ္။ ဒီလိုျဖစ္ရတဲ့အေၾကာင္းက အိုလံပစ္ၿပိဳင္ပြဲအေဟာင္းေတြမွာ ကစားသမားေတြက ရတဲ့တံဆိပ္ဟာ ေ႐ႊစစ္မစစ္သိေအာင္ကိုက္ရင္းကေန တျဖည္းျဖည္းနဲ႕ ပို႔စ္ေပးတဲ့ပုံစံတခုလို႔ျဖစ္လာခဲ့တာပါ။

ေနာက္ပိုင္းမွာေတာ့ ဆုရတာကိုေအာင္ပြဲခံျပတဲ့ဟန္ျဖစ္လာၿပီး၊ လက္ရွိတိုက်ိဳအိုလံပစ္က ကစားသမားေတြအထိပါလႊမ္းမိုးေနပါတယ္။ ဒါေပမဲ့ အိုလံပစ္ေကာ္မတီကေတာ့ ဒီလိုမယူဆပါဘူး။ ဆုကို ပါးစပ္နဲ႕ကိုက္ေနတဲ့ ကစားသမားေတြကို အခုလိုမ်ိဳး သတိေပးစာထုတ္လိုက္ပါတယ္။

တိုက်ိဳအိုလံပစ္မွာသုံးေနတဲ့တံဆိပ္ေတြဟာ ကိုက္စားလို႔မရဖူးဆိုတာကို ကြၽန္ေတာ္တို႔တရားဝင္အသိေပးလိုပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေ႐ႊ၊ ေငြ၊ ေၾကးသုံးခုလုံးဟာ ဂ်ပန္ျပည္သူေတြလႉဒါန္းတဲ့လွ်ပ္စစ္ပစၥည္းအေဟာင္းေတြကေနရတဲ့ သတၳဳေတြနဲ႕လုပ္ထားတာပါ

ဒါေၾကာင့္ ဆုေတြကို ကိုကၥရာမလိုပါဘူး။ (ေသဘာက ေ႐ႊမဟုတ္ဘူးလို႔ ဆိုလိုတာပါ) ဒါေပမဲ့လည္း ေျပာမရဘဲကိုက္ေနမွာ ကြၽန္ေတာ္တို႔သိေနပါတယ္။ ဆိုၿပီး အိုလံပစ္ရဲ႕တရားဝင္တြစ္တာ စာမ်က္ႏွာမွာ ေကာ္မတီက ဟာသဆန္ဆန္ေရးေပးခဲ့ပါတယ္။

အိုလံပစ္ေကာ္မတီက ေျပာထားသလိုပဲ အတုမွန္းသိလည္း ႀကိဳးစားရလာတဲ့ဆုကို ကစားသမားတိုင္းကိုက္ေနဆဲပါပဲ။ ထူးခြၽန္မွရမွာျဖစ္တဲ့အတြက္ ပရိသတ္ေတြဆိုလည္း ကိုက္မွာျဖစ္သလို ေ႐ႊဟုတ္ဟုတ္မဟုတ္ဟုတ္ ေပ်ာ္လို႔ကို ကိုက္ေနမွာမလို႔ပါပဲ။

Crd

Unicode

ရွှေမှတ်ပြီး ကိုက်နေတဲ့ကစားသမားတွေကို သတိပေးလိုက်တဲ့ တိုကျိုအိုလံပစ်

အိုလံပစ်ပြိုင်ပွဲမှာဆုရတဲ့ကစားသမားတွေဟာ သူတို့ရဲ့ရွှေတံဆိပ်ကို ဂုဏ်ယူစွာနဲ့ကိုက်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းက အိုလံပစ်ပြိုင်ပွဲအဟောင်းတွေမှာ ကစားသမားတွေက ရတဲ့တံဆိပ်ဟာ ရွှေစစ်မစစ်သိအောင်ကိုက်ရင်းကနေ တဖြည်းဖြည်းနဲ့ ပို့စ်ပေးတဲ့ပုံစံတခုလို့ဖြစ်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဆုရတာကိုအောင်ပွဲခံပြတဲ့ဟန်ဖြစ်လာပြီး၊ လက်ရှိတိုကျိုအိုလံပစ်က ကစားသမားတွေအထိပါလွှမ်းမိုးနေပါတယ်။ ဒါပေမဲ့ အိုလံပစ်ကော်မတီကတော့ ဒီလိုမယူဆပါဘူး။ ဆုကို ပါးစပ်နဲ့ကိုက်နေတဲ့ ကစားသမားတွေကို အခုလိုမျိုး သတိပေးစာထုတ်လိုက်ပါတယ်။

တိုကျိုအိုလံပစ်မှာသုံးနေတဲ့တံဆိပ်တွေဟာ ကိုက်စားလို့မရဖူးဆိုတာကို ကျွန်တော်တို့တရားဝင်အသိပေးလိုပါတယ်။ ကျွန်တော်တို့ရဲ့ ရွှေ၊ ငွေ၊ ကြေးသုံးခုလုံးဟာ ဂျပန်ပြည်သူတွေလှူဒါန်းတဲ့လျှပ်စစ်ပစ္စည်းအဟောင်းတွေကနေရတဲ့ သတၳုတွေနဲ့လုပ်ထားတာပါ

ဒါကြောင့် ဆုတွေကို ကိုက္စရာမလိုပါဘူး။ (သေဘာက ရွှေမဟုတ်ဘူးလို့ ဆိုလိုတာပါ) ဒါပေမဲ့လည်း ပြောမရဘဲကိုက်နေမှာ ကျွန်တော်တို့သိနေပါတယ်။ ဆိုပြီး အိုလံပစ်ရဲ့တရားဝင်တွစ်တာ စာမျက်နှာမှာ ကော်မတီက ဟာသဆန်ဆန်ရေးပေးခဲ့ပါတယ်။

အိုလံပစ်ကော်မတီက ပြောထားသလိုပဲ အတုမှန်းသိလည်း ကြိုးစားရလာတဲ့ဆုကို ကစားသမားတိုင်းကိုက်နေဆဲပါပဲ။ ထူးချွန်မှရမှာဖြစ်တဲ့အတွက် ပရိသတ်တွေဆိုလည်း ကိုက်မှာဖြစ်သလို ရွှေဟုတ်ဟုတ်မဟုတ်ဟုတ် ပျော်လို့ကို ကိုက်နေမှာမလို့ပါပဲ။

Crd

About the author

admm