

 


 


Crd

Unicode

ပလတ်စတစ်ဘူးနဲ့ ထုတ်ထားတဲ့ထမင်းကို ရေနဲ့အတူရောစားနေတဲ့ ဓာတ်ပုံကြောင့် ကြည့်မြင်နေရသူတွေကို မျက်ရည်ကျစေတဲ့ ဆောက်လုပ်ရေးလုပ်သား

 

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများစွာက ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်မျိုးစုံလုပ်ရန် အထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငှားရမ်းကြပါတယ် ။ ဒါပေမယ့် ဒီရွှေ့ပြောင်းအလုပ်သမားအများစုက ဆင်းရဲတဲ့အခြေအနေတွေမှာရှိနေပြီး နိုင်ငံခြားမှာ ခတ်ခဲတဲ့အလုပ်လုပ်ကိုင်ပြီး အိမ်လွမ်းခြင်းနဲ့ အထီးကျန်ခြင်းတို့ကို ရင်ဆိုင်ရတဲ့အပြင် သူတို့အတော်များများက ကောင်းစွာ မစားရပါဘူး ။ ဝမ်းနည်းစရာကောင်းတာက ထိုလုပ်သားအများစုဟာ သူတို့ရဲ့ငွေအများစုကို အိမ်သို့ ပို့ပေးလေ့ရှိပြီး၊ သူတို့အတွက် အနည်းငယ်သာ ကျန်ရှိခဲ့တာကြောင့် အစားအစာတွေ လုံလောက်စွာ မစားရတာလည်းရှိပါတယ် ။

 

ပိုဆိုးတာက သူတို့ရဲ့ ဇာတိမြေမှ မိသားစုဟာ ငွေကိုလွယ်လွယ်ကူကူသုံးပြီး၊ ယခုသူတို့ချမ်းသာလာခဲ့တယ်လို့ တွေးကာ ထိုလုပ်သားတွေက မိသားစုဝင်ငွေအတွက် အနစ်နာခံခဲ့ရတာကို သူတို့ကမသိကြပါဘူး ။ မလေးရှားနိုင်ငံမှာ အမည်မသိအမျိုးသားတစ်ဦးက အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးရဲ့ ဓာတ်ပုံကို ရိုက်ပြီစ ဝေမျှခဲ့ပါတယ် ။ ထိုလူဟာ ဆောက်လုပ်ရေး အလုပ်သမားဖြစ်ပေမဲ့ ရိုးရိုးဆန်နဲ့ ရေကိုသာ စားနေခဲ့တာပါ ။ အလုပ်သမားက ထမင်းဖြူကို ပလတ်စတစ်ဘူးထဲထည့်ပြီး ဘာဟင်းမှတောင်မပါဘူး ၊ ရိုးရိုးထမင်းနဲ့ ရေပဲစားနေတာကို ထင်ရှားစွာမြင်ရပါတယ် ။ ဒီအဖြစ်လေးကို မြင်ရတော့ အရမ်းဝမ်းနည်းမိပါတယ် ။

Crd