

 


 


Crd

Unicode

ကမ္ဘာပေါ်မှာချစ်စရာအကောင်းဆုံးသူနာပြုလို့ လူသိများပြီး Tiktok ကြယ်ပွင့်ဖြစ်လာခဲ့တဲ့ ချစ်စရာဆင်ငယ်လေး

Pang Umboon လို့ နာမည်ပေးထားတဲ့ ဆင်မလေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးသူနာပြုဆရာမ ဆိုပြီး လူသိများနေကြပါတယ် ။ Pang Umboon ဟာ အသိဥာဏ်ရှိတဲ့ ဆင်ကလေးတစ်ကောင်ဖြစ်ပြီး netizens များစွာရဲ့ နှလုံးသားကို ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ် ။ Pang Umboon ဟာ သူမရဲ့ အရင်းနှီးဆုံးလူသားဖြစ်တဲ့ Phi Phai နဲ့ အမြဲ တွယ်ကပ်နေပါတယ် ။ Pang Umboon ဟာ အဝတ်အစားတွေနဲ့ အမြဲချစ်စရာကောင်းနေတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လူသိများလာခဲ့ပါတယ် ။

 

ဆင်မလေးဟာ နေမကောင်းဖြစ် သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်း Phu Phai ကို ပြုစုပေးနဲ့တဲ့ Clip ကို ပိုင်ရှင်ဖြစ်သူက @aumboon116 ဆိုတဲ့ Tiktok အကောင့်မှာ တင်ခဲ့ပါတယ် ။ ဆင်မလေးဟာ သူနာပြု ဝတ်စုံ ဝတ်ဆင်ပြီး လူနာရဲ့ အခြေအနေကို အလေးအနက် ကြည့်ရှုပေးနေတဲ့ ပုံစံကြောင့် လျင်မြန်စွာပျံ့နှံ့သွားပြီး နောက်ဆုံးမှာ Pang Umboon ကို Aum Boon ဆိုတဲ့ နာမည်နဲ့ လူသိများလာခဲ့ပါတယ် ။ သူမရဲ့ ဗီဒီယိုကို ၁ ရက်တည်းမှာဘဲ ကြည့်ရှုသူ ၈ သိန်းကျော်ရှိလာခဲ့ပါတယ် ။ မှတ်ချက်တွေက Aum Boon ဟာ ချစ်စရာကောင်းပြီး ကြင်နာမှုနဲ့ ဂရုစိုက်မှုတို့ကို သိတက်တဲ့ ပါးနပ်လွန်းတဲ့ ဆင်လေးဘဲလို့ မှတ်ချက်ပေးနေကြပါတယ် ။

Crd