

 

 


 

 


 

 

 

 


Crd

Unicode

သူမပြောတဲ့စကားလေးတွေနားထောင်ရင်း သူမရဲ့လက်ပေါ်မှာပဲ မိခင်ကြီးကွယ်လွန်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာနဲ့ရင်ဖွင့်လာတဲ့ မေပန်းချီ

 

 

လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါတတိယလှိုင်းနဲ့ပတ်သတ်ပြီးတော့ကူးစက်ပျံ့နှံမှုတွေဟာများပြားလျက်ရှိနေပါတယ်။
အောက်ဆီဂျင်မလုံလောက်မှုတွေကြောင့်အသက်ပေါင်းများစွာကိုဆုံးရှုံးနေရပါတယ်၊ပရဟိတအသင်းများကလဲအောက်ဆီဂျင်အလွယ်တကူရရှိနိုင်ဖို့ကိုအစွမ်းကုန်ကြိုးစားပေးနေကြပါတယ်။

 

 

ကိုဗစ်ကူးစက်ခံရထားတဲ့သူတွေထဲမှာဆိုရင်သရုပ်ဆောင်မေပန်းချီနဲ့သူမရဲ့မိခင်ကြီးလဲပါဝင်ပါတယ်၊ပြီးခဲ့တဲ့ရက်တွေတုန်းကလဲမေပန်းချီကသူမရဲ့မိခင်ကြီးကိုပြုစုရင်းမိခင်ကြီးရဲ့ကျန်းမာရေးအခြေအနေတွေကိုသူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလေ့ရှိပါတယ်၊အခုတစ်ခါမှာလဲသူမရဲ့ယနေ့မှာပဲ မိခင်ကြီးကွယ်လွန်ကြောင်းကိုဝမ်းနည်းစွာပြောပြလာပါတယ်။
သူမစကားလေးနားထောင်ပြီး အခုပဲကျွန်မအမေကြီးအပြီးအနားယူသွားပါပြီ အိပ်ပျော်သွားပါပြီဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ စိတ်မကောင်းစွနဲ့ပဲတင်ထားတာ ဖြစ်ပါတယ်။ကောင်းရာမွန်ရာရောက်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။

 

 

ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးလည်း လက်ရှိအခြေဆိုးတွေကနေ အမြန်ဆုံးကျော်ဖြတ်နိုင်သူများဖြစ်ကြပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့အမြန်ဆုံး နေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။

Crd