မည္းနက္လြန္းတဲ့အသားအေရာင္ေၾကာင့္ ကမာၻ႔အသားအမည္းဆုံးေမာ္ဒယ္အျဖစ္ သတ္မွတ္ခံထားရတဲ့ မိန္းကေလးတစ္ဦး

မည္းနက္လြန္းတဲ့အသားအေရာင္ေၾကာင့္ ကမာၻ႔အသားအမည္းဆုံးေမာ္ဒယ္အျဖစ္ သတ္မွတ္ခံထားရတဲ့ မိန္းကေလးတစ္ဦး

 

 

South Sudanese ႏိုင္ငံႏွင့္မ်ိဳး႐ိုးဆက္ႏြယ္တဲ့ Nyakim အမည္ရွိအမ်ိဳးသမီးတစ္ဦးကို Ethiopia ႏိုင္ငံမွာ ေမြးဖြားခဲ့ပါတယ္။ပဋိပကၡမ်ားေၾကာင့္ မၾကာခဏေ႐ြ႕ေျပာင္းသြားလာျခင္းက Nyakim ရဲ႕ကေလးဘဝအမွတ္တရအျဖစ္သာ က်န္ရွိေနခဲ့ရပါတယ္။Nyakim ဟာ သူမဆယ္ေက်ာ္သက္အ႐ြယ္မွာ အေမရိကန္ႏိုင္ငံ Minnesota ျပည္နယ္ Minneapolisၿမိဳ႕သို႔ေျပာင္းေ႐ႊ႕လာခဲ့ၿပီး အထက္တန္းႏွင့္ေကာလိပ္ကိုဆက္လက္တက္ေရာက္သင္ယူခဲ့ပါတယ္။လူမ်ားစြာႏွင့္မတူဘဲ Nyakim ဟာ ပုံမွန္မဟုတ္တဲ့ေတာက္ပလြန္းတဲ့အနက္ေရာင္အသားအေရကို ပိုင္ဆိုင္ထားပါတယ္။

 

 

လူျဖဴအုပ္ၾကားမွာ ရွိေနတတ္တဲ့ သူမဟာ အၿမဲထင္ရွားေနေပမယ့္ သူမရဲ႕ျပင္းထန္တဲ့ကြဲျပားျခားနားမႈနဲ႔ပတ္သက္ၿပီး သူမ ဟာ မရွက္ခဲ့သလို လုံးဝကို ယုံၾကည္မႈရွိေနခဲ့ၿပီး သူမရဲ႕အမည္းေရာင္အသားအေရကို သေဘာက်ေနခဲ့ပါတယ္။သူမဟာ Taxi စီးေနစဥ္ ဒ႐ိုင္ဘာက သူမအား မင္းကို ေဒၚလာ ၁၀,၀၀၀ ေပးခဲ့ရင္ မင္းအသားအေရကို ဓာတုပစၥည္းနဲ႔ျဖဴေအာင္လုပ္မွာလား လို႔ အေမးခံခဲ့ရဖူးပါတယ္။

 

 

ထို႔ေနာက္ Nyakim က ရယ္လိုက္ၿပီး ဘာလို႔အႀကံေပးတာလဲလို႔ေမးေတာ့ ဒ႐ိုင္ဘာက ပိုမိုေပါ့ပါးတဲ့အသားအေရအေရာင္က သူမအား ပိုမိုၾလယၠဴတဲ့ ဘဝ၊ဆက္ဆံေရးေတြကို ပိုရရွိေစၿပီး အလုပ္အကိုင္အခြင့္အလမ္းရွာရာမွာလည္း အကူအညီေပးလိမ့္မယ္လို႔ သူမအား ေျဖၾကားခဲ့ပါတယ္။ထို႔ေနာက္ ျဖဴေဖြးတဲ့အသားအေရက ဘဝကို ပိုမိုလြယ္ကူေစႏိုင္တယ္ ဒါမဲ့ ခက္ခဲတဲ့လမ္းကိုဘဲ ကြၽန္မေလွ်ာက္ခ်င္တယ္ လို႔ Nyakim က ျပတ္သားစြာ ျပန္ေျပာလိုက္ပါတယ္။

 

 

လူအမ်ားရဲ႕ေဝဖန္သံမ်ားၾကားမွပင္ Nyakim က သူမအတြက္ သူမရဲ႕အသားမည္းမည္းေလးက အလြန္ဆြဲေဆာင္မႈရွိေစတယ္လို႔ အၿမဲခံစားရေၾကာင္း ဆိုခဲ့ပါတယ္။ထူးျခားတဲ့အသားအေရကိုပိုင္ဆိုင္ထားတဲ့အျပင္ Nyakim ဟာ အရပ္လည္းျမင့္သလို အခ်ိဳးအစားက်တဲ့႐ုပ္ရည္ေၾကာင့္ ပါရမီရွင္တစ္ဦးလိုျဖစ္ေနၿပီး သူမကို အေမွာင္ဘုရင္မ လို႔လည္း လူသိမ်ားပါတယ္။

 

 

အနက္ေရာင္ဟာ ရဲရင့္တဲ့အေရာင္၊အလြန္လွပၿပီး အၾလႏၠို အဖိုးတန္ပါတယ္ ၊အေမရိကန္စံႏႈန္းေတြက အာဖရိကေတြရဲ႕ႏွလုံးသားကို မထိခိုက္ေစပါနဲ႔ လို႔ Nyakim က ေၾကျငာခဲ့ပါေသးတယ္။Nyakim ဟာ ခြဲျခားဆက္ဆံျခင္းကို ဆန႔္က်င္တိုက္ခိုက္ရာမွာ ဦးေဆာင္သူတစ္ဦးျဖစ္လာခဲ့ၿပီး သူမဟာ လူမည္းအသိုင္းအဝိုင္းမွလူမ်ားစြာအား မိမိကိုယ္ကိုယုံၾကည္မႈရွိေစရန္ လႈံ႕ေဆာ္ေပးခဲ့ပါတယ္။သူမအသက္ ၂၇ ႏွစ္မွာ သူမရဲ႕ Instagram account ဟာ followerေပါင္း ၉၃၇,၀၀၀ အထိရွိၿပီး ပါရမီရွိတဲ့ေမာ္ဒယ္တစ္ဦးအျဖစ္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။

 

 

Nyakim ဟာ သူမရဲ႕ပုံမွန္မဟုတ္တဲ့ဆြဲေဆာင္မႈရွိတဲ့အလွတရားေၾကာင့္ Like ေပါင္းေသာင္းခ်ီကို အၿမဲရရွိပါတယ္။Celebrity How ရဲ႕အဆိုအရ Nyakim ရဲ႕ပိုင္ဆိုင္မႈက Fashion Nova, Calvin Klein, Aldo ႏွင့္ Cosmopolitan ကဲ့သို႔ေသာကုမၸဏီမ်ားရဲ႕ brand ambassador ႏွင့္ ေမာ္ဒယ္စာခ်ဳပ္မ်ားမွ ေဒၚလာ ၄ သန္းခန႔္အထိ ဝင္ေငြရွိေၾကာင္း သိရပါတယ္။

Crd

Unicode

မည်းနက်လွန်းတဲ့အသားအရောင်ကြောင့် ကမ္ဘာ့အသားအမည်းဆုံးမော်ဒယ်အဖြစ် သတ်မှတ်ခံထားရတဲ့ မိန်းကလေးတစ်ဦး

 

 

South Sudanese နိုင်ငံနှင့်မျိုးရိုးဆက်နွယ်တဲ့ Nyakim အမည်ရှိအမျိုးသမီးတစ်ဦးကို Ethiopia နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ပဋိပက္ခများကြောင့် မကြာခဏရွေ့ပြောင်းသွားလာခြင်းက Nyakim ရဲ့ကလေးဘဝအမှတ်တရအဖြစ်သာ ကျန်ရှိနေခဲ့ရပါတယ်။Nyakim ဟာ သူမဆယ်ကျော်သက်အရွယ်မှာ အမေရိကန်နိုင်ငံ Minnesota ပြည်နယ် Minneapolisမြို့သို့ပြောင်းရွှေ့လာခဲ့ပြီး အထက်တန်းနှင့်ကောလိပ်ကိုဆက်လက်တက်ရောက်သင်ယူခဲ့ပါတယ်။လူများစွာနှင့်မတူဘဲ Nyakim ဟာ ပုံမှန်မဟုတ်တဲ့တောက်ပလွန်းတဲ့အနက်ရောင်အသားအရေကို ပိုင်ဆိုင်ထားပါတယ်။

 

 

လူဖြူအုပ်ကြားမှာ ရှိနေတတ်တဲ့ သူမဟာ အမြဲထင်ရှားနေပေမယ့် သူမရဲ့ပြင်းထန်တဲ့ကွဲပြားခြားနားမှုနဲ့ပတ်သက်ပြီး သူမ ဟာ မရှက်ခဲ့သလို လုံးဝကို ယုံကြည်မှုရှိနေခဲ့ပြီး သူမရဲ့အမည်းရောင်အသားအရေကို သဘောကျနေခဲ့ပါတယ်။သူမဟာ Taxi စီးနေစဉ် ဒရိုင်ဘာက သူမအား မင်းကို ဒေါ်လာ ၁၀,၀၀၀ ပေးခဲ့ရင် မင်းအသားအရေကို ဓာတုပစ္စည်းနဲ့ဖြူအောင်လုပ်မှာလား လို့ အမေးခံခဲ့ရဖူးပါတယ်။

 

 

ထို့နောက် Nyakim က ရယ်လိုက်ပြီး ဘာလို့အကြံပေးတာလဲလို့မေးတော့ ဒရိုင်ဘာက ပိုမိုပေါ့ပါးတဲ့အသားအရေအရောင်က သူမအား ပိုမိုလြယ္ကူတဲ့ ဘဝ၊ဆက်ဆံရေးတွေကို ပိုရရှိစေပြီး အလုပ်အကိုင်အခွင့်အလမ်းရှာရာမှာလည်း အကူအညီပေးလိမ့်မယ်လို့ သူမအား ဖြေကြားခဲ့ပါတယ်။ထို့နောက် ဖြူဖွေးတဲ့အသားအရေက ဘဝကို ပိုမိုလွယ်ကူစေနိုင်တယ် ဒါမဲ့ ခက်ခဲတဲ့လမ်းကိုဘဲ ကျွန်မလျှောက်ချင်တယ် လို့ Nyakim က ပြတ်သားစွာ ပြန်ပြောလိုက်ပါတယ်။

 

 

လူအများရဲ့ဝေဖန်သံများကြားမှပင် Nyakim က သူမအတွက် သူမရဲ့အသားမည်းမည်းလေးက အလွန်ဆွဲဆောင်မှုရှိစေတယ်လို့ အမြဲခံစားရကြောင်း ဆိုခဲ့ပါတယ်။ထူးခြားတဲ့အသားအရေကိုပိုင်ဆိုင်ထားတဲ့အပြင် Nyakim ဟာ အရပ်လည်းမြင့်သလို အချိုးအစားကျတဲ့ရုပ်ရည်ကြောင့် ပါရမီရှင်တစ်ဦးလိုဖြစ်နေပြီး သူမကို အမှောင်ဘုရင်မ လို့လည်း လူသိများပါတယ်။

 

 

အနက်ရောင်ဟာ ရဲရင့်တဲ့အရောင်၊အလွန်လှပပြီး အလြန္ကို အဖိုးတန်ပါတယ် ၊အမေရိကန်စံနှုန်းတွေက အာဖရိကတွေရဲ့နှလုံးသားကို မထိခိုက်စေပါနဲ့ လို့ Nyakim က ကြေငြာခဲ့ပါသေးတယ်။Nyakim ဟာ ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့ပြီး သူမဟာ လူမည်းအသိုင်းအဝိုင်းမှလူများစွာအား မိမိကိုယ်ကိုယုံကြည်မှုရှိစေရန် လှုံ့ဆော်ပေးခဲ့ပါတယ်။သူမအသက် ၂၇ နှစ်မှာ သူမရဲ့ Instagram account ဟာ followerပေါင်း ၉၃၇,၀၀၀ အထိရှိပြီး ပါရမီရှိတဲ့မော်ဒယ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

 

 

Nyakim ဟာ သူမရဲ့ပုံမှန်မဟုတ်တဲ့ဆွဲဆောင်မှုရှိတဲ့အလှတရားကြောင့် Like ပေါင်းသောင်းချီကို အမြဲရရှိပါတယ်။Celebrity How ရဲ့အဆိုအရ Nyakim ရဲ့ပိုင်ဆိုင်မှုက Fashion Nova, Calvin Klein, Aldo နှင့် Cosmopolitan ကဲ့သို့သောကုမ္ပဏီများရဲ့ brand ambassador နှင့် မော်ဒယ်စာချုပ်များမှ ဒေါ်လာ ၄ သန်းခန့်အထိ ဝင်ငွေရှိကြောင်း သိရပါတယ်။

Crd