Life style

အမ်ိဳးသမီးစစ္သည္ေတြကို အပ်ိဳရည္စစ္မစစ္ စမ္းသပ္မႈအေလ့အထကို စြန႔္လႊတ္ေတာမယ့္ အင္ဒိုနီးရွားစစ္တပ္

Written by admm

အမ်ိဳးသမီးစစ္သည္ေတြကို အပ်ိဳရည္စစ္မစစ္ စမ္းသပ္မႈအေလ့အထကို စြန႔္လႊတ္ေတာမယ့္ အင္ဒိုနီးရွားစစ္တပ္

 

 

အင္ဒိုနီးရွားေရတပ္နဲ႕ ေလတပ္တို အမႈတာဝန္ ထမ္းေဆာင္မယ့္ အမ်ိဳးသမီးေတြကို အပ်ိဳရည္ စစ္ေဆးစမ္းသပ္တဲ့ အေလ့ အက်င့္ေတြကို စြန႔္လႊတ္ဖို ေနာက္ထပ္ ဖိအား အသစ္ေတြနဲ႕ ရင္ဆိုင္ေနရပါတယ္။ အင္ဒိုနီးရွား စစ္တပ္က ဆယ္စုႏွစ္ ေပါင္းမ်ားစြာရွိလာခဲ့တဲ့ ဒီအေလ့ အက်င့္ကို စြန႔္လႊတ္ဖို ေၾကညာခဲ့တဲ့ေနာက္ အခုလိုဖိအားေတြနဲ႕ရင္ဆိုင္ေနရတယ္လို Brisbane Times ကဆိုပါတယ္။

ဒီလို လုပ္ထုံးလုပ္နည္းေတြကို အဆုံးသတ္ဖိုအတြက္ အင္ဒိုနီးရွားလုံၿခဳံေရးတပ္ဖြဲေတြဟာ ဖိအားမ်ားစြာနဲ႕လည္း ရင္ဆိုင္ခဲ့ရပါတယ္။ အခုလိုမ်ိဳး စမ္းသပ္စစ္ ေဆးမႈဟာ အေကာင္းဆုံးေသာ သူေတြကို ေ႐ြးခ်ယ္တဲ့ နည္းလမ္း တစ္ခုျဖစ္တယ္လို ခုခံကာကြယ္ေျပာဆိုခဲ့ ၾကပါတယ္။

 

 

အခုအခါမွာ ရဲတပ္ဖြဲက two fingers test နည္းလမ္းကို ရပ္တန႔္ပစ္ခဲ့တာျဖစ္ၿပီး ဒီလိုျပဳလုပ္တဲ့အေပၚမွာ စစ္တပ္ဌာနခြဲတစ္ခုက လိုက္လံလုပ္ေဆာင္ ေနခဲတာျဖစ္ပါတယ္။ အမ်ိဳးသမီးေတြအတြက္ က်န္းမာေရး စစ္ေဆးမႈမွာ အမ်ိဳးသားစစ္သားေတြကို စစ္ေဆးမႈနဲ႕ တူူညီရပါမယ္ လို အင္ဒိုနီးရွား စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Andika Perkasa က ၿပီးခဲ့တဲ့ လအတြင္းက စစ္တပ္အရာရွိေတြနဲ႕ ေတြ႕ဆုံခဲ့မႈမွာ ေျပာၾကားခဲ့ပါတယ္။

တပ္သားသစ္စုေဆာင္းေရးရည္႐ြယ္ခ်က္နဲ႕ မသက္ဆိုင္တဲ့ က်န္းမာေရး စစ္ေဆးမႈေတြကို မလုပ္ေဆာင္ေတာ့ဘူး လိုလည္း သူက ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။စစ္တပ္အရာရွိေတြရဲ႕ ၫႊန္ၾကားခ်က္အေပၚ လူ႕အခြင့္အေရး ေစာင့္ၾကည့္သူေတြက ႀကိဳဆိုခဲ့ၾကၿပီး သူတိုဟာ ၂၀၁၄ခုႏွစ္က အင္ဒိုနီးရွားစစ္တပ္ရဲ႕ အခုလိုမ်ိဳးစမ္းသပ္စစ္ေဆးေနမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ ထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

 

 

ဒီစစ္ေဆးမႈမွာေတာ့ ဆရာဝန္ တစ္ဦးပါဝင္ၿပီး အမ်ိဳးသမီးေတြရဲ႕ လိင္ အဂၤါအတြင္းကို လက္ေခ်ာင္းထည့္သြင္းကာ လိင္စိတ္တက္ႂကြမႈအပိုင္းကို စဥ္းစားဆုံးျဖတ္တာျဖစ္ပါတယ္။ WHO ကေတာ့ အပ်ိဳအျမႇေးပါးရွိျခင္းမရွိျခင္းဟာ သိပၸံနည္းက်အားျဖင့္ ဘာအက်ိဳးေက်းဇူးမွ မရွိဘူးလို ဆိုထားပါတယ္။

ဒါေပမယ့္လည္း ေရတပ္ကေတာ့ ဒီစစ္ေဆးမႈေတြကို ဆက္လက္ျပဳလုပ္ေနဆဲျဖစ္ၿပီး လူရဲ႕ အမူအက်င့္သေဘာထားကို အကဲျဖတ္တဲ့ အင္တာဗ်ဴးေတြလည္း လုပ္ေနဆဲျဖစ္ပါတယ္။ ဟုတ္ပါတယ္၊ ကြၽန္ေတာ္တို ဒီလိုလုပ္ေနဆဲပါ၊ အမ်ိဳးသမီးစစ္သားေတြအတြက္ သားအိမ္ေခါင္းကင္ဆာ စစ္ေဆးမႈလိုလည္း ေခၚပါတယ္၊ အမ်ိဳးသားေတြကိုလည္း ကာလသားေရာဂါနဲ႕ ဆက္စပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ပါတယ္ လို ေရတပ္ေျပာဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ႀကီး Julius Widjojono က ေျပာၾကားခဲ့ပါတယ္။

 

 

ေလတပ္ေျပာဆိုခြင့္ရသူ Marshal Indan Gilang ကလည္း အပ်ိဳရည္စစ္ေဆးမႈကို ဆက္လုပ္သြားမယ္လို ဆိုခဲ့ၿပီး သတ္မွတ္ခ်က္ေတြနဲ႕ ျပည့္စုံၿပီး က်န္းမာတဲ့အရာရွိတစ္ဦးရရွိဖို ႀကိဳးစားေနတာျဖစ္တယ္ လို ရွင္းျပပါတယ္။ လူ႕အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲေတြကေတာ့ အင္ဒိုနီးရွားမွာ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို တြန္းအားေပးရန္အတြက္ နိုင္ငံတကာစစ္ေဆးဘက္ဆိုင္ရာေကာ္မတီရဲ႕ ၾသစေၾတးလ်ကိဳယ္စားလွယ္နဲ႕အတူ နိုင္ငံတကာမွာ မဲဆြယ္စည္း႐ုံးခဲ့ၾကပါတယ္ ။

Crd

Unicode

အမျိုးသမီးစစ်သည်တွေကို အပျိုရည်စစ်မစစ် စမ်းသပ်မှုအလေ့အထကို စွန့်လွှတ်တောမယ့် အင်ဒိုနီးရှားစစ်တပ်

အင်ဒိုနီးရှားရေတပ်နဲ့ လေတပ်တို အမှုတာဝန် ထမ်းဆောင်မယ့် အမျိုးသမီးတွေကို အပျိုရည် စစ်ဆေးစမ်းသပ်တဲ့ အလေ့ အကျင့်တွေကို စွန့်လွှတ်ဖို နောက်ထပ် ဖိအား အသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အင်ဒိုနီးရှား စစ်တပ်က ဆယ်စုနှစ် ပေါင်းများစွာရှိလာခဲ့တဲ့ ဒီအလေ့ အကျင့်ကို စွန့်လွှတ်ဖို ကြေညာခဲ့တဲ့နောက် အခုလိုဖိအားတွေနဲ့ရင်ဆိုင်နေရတယ်လို Brisbane Times ကဆိုပါတယ်။

ဒီလို လုပ်ထုံးလုပ်နည်းတွေကို အဆုံးသတ်ဖိုအတွက် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲတွေဟာ ဖိအားများစွာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အခုလိုမျိုး စမ်းသပ်စစ် ဆေးမှုဟာ အကောင်းဆုံးသော သူတွေကို ရွေးချယ်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်လို ခုခံကာကွယ်ပြောဆိုခဲ့ ကြပါတယ်။

အခုအခါမှာ ရဲတပ်ဖွဲက two fingers test နည်းလမ်းကို ရပ်တန့်ပစ်ခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်တဲ့အပေါ်မှာ စစ်တပ်ဌာနခွဲတစ်ခုက လိုက်လံလုပ်ဆောင် နေခဲတာဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် ကျန်းမာရေး စစ်ဆေးမှုမှာ အမျိုးသားစစ်သားတွေကို စစ်ဆေးမှုနဲ့ တူူညီရပါမယ် လို အင်ဒိုနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Andika Perkasa က ပြီးခဲ့တဲ့ လအတွင်းက စစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုမှာ ပြောကြားခဲ့ပါတယ်။

တပ်သားသစ်စုဆောင်းရေးရည်ရွယ်ချက်နဲ့ မသက်ဆိုင်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို မလုပ်ဆောင်တော့ဘူး လိုလည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။စစ်တပ်အရာရှိတွေရဲ့ ညွှန်ကြားချက်အပေါ် လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ကြိုဆိုခဲ့ကြပြီး သူတိုဟာ ၂၀၁၄ခုနှစ်က အင်ဒိုနီးရှားစစ်တပ်ရဲ့ အခုလိုမျိုးစမ်းသပ်စစ်ဆေးနေမှုကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ ဆရာဝန် တစ်ဦးပါဝင်ပြီး အမျိုးသမီးတွေရဲ့ လိင် အင်္ဂါအတွင်းကို လက်ချောင်းထည့်သွင်းကာ လိင်စိတ်တက်ကြွမှုအပိုင်းကို စဉ်းစားဆုံးဖြတ်တာဖြစ်ပါတယ်။ WHO ကတော့ အပျိုအမြှေးပါးရှိခြင်းမရှိခြင်းဟာ သိပ္ပံနည်းကျအားဖြင့် ဘာအကျိုးကျေးဇူးမှ မရှိဘူးလို ဆိုထားပါတယ်။

ဒါပေမယ့်လည်း ရေတပ်ကတော့ ဒီစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး လူရဲ့ အမူအကျင့်သဘောထားကို အကဲဖြတ်တဲ့ အင်တာဗျူးတွေလည်း လုပ်နေဆဲဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို ဒီလိုလုပ်နေဆဲပါ၊ အမျိုးသမီးစစ်သားတွေအတွက် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုလိုလည်း ခေါ်ပါတယ်၊ အမျိုးသားတွေကိုလည်း ကာလသားရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပါတယ် လို ရေတပ်ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Julius Widjojono က ပြောကြားခဲ့ပါတယ်။

လေတပ်ပြောဆိုခွင့်ရသူ Marshal Indan Gilang ကလည်း အပျိုရည်စစ်ဆေးမှုကို ဆက်လုပ်သွားမယ်လို ဆိုခဲ့ပြီး သတ်မှတ်ချက်တွေနဲ့ ပြည့်စုံပြီး ကျန်းမာတဲ့အရာရှိတစ်ဦးရရှိဖို ကြိုးစားနေတာဖြစ်တယ် လို ရှင်းပြပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲတွေကတော့ အင်ဒိုနီးရှားမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို တွန်းအားပေးရန်အတွက် နိုင်ငံတကာစစ်ဆေးဘက်ဆိုင်ရာကော်မတီရဲ့ သြစတြေးလျကိုယ်စားလှယ်နဲ့အတူ နိုင်ငံတကာမှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ် ။

Crd

About the author

admm