ကမၻာ့ဒုတိယအရွည္ဆုံးခရီးသြားခဲ့သူ လင္းနို႔ေလး အိုလံပစ္ဘြဲ႕မရခင္မွာပဲ ေၾကာင္ကိုက္ခံရလို႔ ေသဆုံး

ကမၻာ့ဒုတိယအရွည္ဆုံးခရီးသြားခဲ့သူ လင္းနို႔ေလး အိုလံပစ္ဘြဲ႕မရခင္မွာပဲ ေၾကာင္ကိုက္ခံရလို႔ ေသဆုံး

 

 

လင္းနို႔ေတြဟာ ကမၻာပတ္ခရီးသြားေနတယ္ဆိုတာကို သက္ေသျပတဲ့ ပေရာဂ်က္ေတြကို ယူေကနိုင္ငံမွာ လုပ္ေဆာင္ေနခဲ့တာၾကာပါၿပီ။ ၿဗိတိန္နိုင္ငံမွာပဲေတြ႕ရတဲ့လင္းနို႔ငွက္ေတြရဲ႕လည္ပတ္ပုံ၊ မ်ိဳးပြားပုံေတြကို စနစ္တက် သုေတသနစာတမ္းေတြရဖို႔ နိုင္ငံေတာ္အဆင့္လုပ္ခဲ့ရတာျဖစ္ပါတယ္။

၂၀၁၄ခုႏွစ္မွာ လင္းနို႔အမ်ိဳးအစား Nathusius pipistrelle ပေရာဂ်က္ကိုစတင္ခဲ့ပါတယ္။ နက္သူစီယက္ေတြ ကမၻာပတ္နိုင္တာကိုသိခဲ့ၿပီးေနာက္မွာ သူတို႔ဘယ္အထိေရာက္နိုင္လဲကိုသိရဖို႔ ေျခရာခံခဲ့ပါတယ္။ အေကာင္ေလးေတြမွာ ေျခရာခံလက္စြပ္ကြင္းေလးေတြတပ္ဆင္ၿပီးေတာ့ပါ။

 

 

လန္ဒန္တိရစ္ဆာန္႐ုံလို႔နာမည္ပါတဲ့ လက္စြပ္ေလးေတြကို အေကာင္ေလးေတြမွာတပ္ဆင္ေပးလိုက္ပါတယ္။ လန္ဒန္ကေန လင္းနို႔ေတြကိုလႊတ္ေပးလိုက္ၿပီး၊ ကမၻာတဝန္းဘယ္အထိကို ခရီးဆက္နိုင္လဲကို သတင္းစြင့္ပါတယ္။ လြယ္မယ္လို႔မထင္လိုက္ပါနဲ႕။ ႏွစ္နဲ႕ခ်ီၾကာလို႔ပါ။

၂၀၁၆မွာ လန္ဒန္ကေန လႊတ္လိုက္တဲ့ နက္သူစီယက္တေကာင္ကို ႐ုရွားမွာေတြ႕ခဲ့ပါတယ္။ ႐ုရွားနိုင္ငံ၊ Pskovေဒသ၊ မိုလ္ဂ်ီနိုဆိုတဲ့ေနရာက ႐ြာေလးတ႐ြာမွာပါ။ ၅ ႏွစ္ေတာင္ပ်ံသန္းလာတဲ့လင္းနို႔ေလးကိုေတြ႕လိုက္ရတာကလည္း ေၾကာက္ခုတ္တာခံထားရလို႔ပါပဲ။

 

 

နယ္ခံတေယာက္က လင္းနို႔ေလးကို ကုသေပးဖို႔ႀကိဳးစားေနရင္း အခ်ိန္မမီခဲ့ပါဘူး။ လက္စြပ္ေလးကိုေတြ႕တဲ့အတြက္ အေၾကာင္းၾကားရာကေန ယူေကက ပေရာဂ်က္ဌာနဆီကို ျပန္သတင္းေရာက္ခဲ့တာျဖစ္ပါတယ္။ နက္သူစီယက္သမိုင္းမွာ ဒုတိယေျမာက္အေဝးဆုံးသြားနိုင္တဲ့လင္းနို႔ပါပဲ။

 

 

လန္ဒန္ကေန နက္သူစီယက္ကိုေတြ႕တဲ့ေနရာအထိဆိုရင္ မိုင္ေပါင္း ၁၂၅၄ မိုင္ရွိပါတယ္။ ဒါဟာ ၇နှစ်တာ ပေရာဂ်က္အတြင္း ဒုတိယေျမာက္မိုင္အရွည္ဆုံးကမၻာပတ္ခဲ့တဲ့ လင္းနို႔ျဖစ္လို႔ အိုလံပစ္လို႔ဘြဲ႕ေပးခဲ့ပါတယ္။ စိတ္မေကာင္းစရာက အိုလံပစ္ဟာဘြဲ႕ရတာကိုလည္း လက္မခံလိုက္ရပါဘူး။

 

 

အေကာင္အ႐ြယ္အစား လူႀကီးလက္မတခုစာ၊ အေလးခ်ိန္ ၈ကီလိုဂရမ္ရွိတဲ့ အိုလံပစ္ရဲ႕အထက္မွာေတာ့ မိုင္ေပါင္း ၁၃၈၁မိုင္သြားထားနိုင္တဲ့ တေကာင္ရွိပါေသးတယ္။ သူကၿဗိတိန္ပေရာဂ်က္ကမဟုတ္ပါဘူး။ လက္တီဗာနိုင္ငံကေန စပိန္ထိ ၁၃၈၁မိုင္သြားထားနိုင္ခဲ့တဲ့ နက္သူစီယက္ပါပဲ။ သူ႕ကိုလည္း အိုလံပစ္ဘြဲေပးထားၿပီး၊ ၂၀၁၉ခုႏွစ္မွာစံခ်ိန္တင္ထားခဲ့တယ္လို႔မွတ္တမ္းရွိပါတယ္။

Crd

Unicode

ကမ္ဘာ့ဒုတိယအရှည်ဆုံးခရီးသွားခဲ့သူ လင်းနို့လေး အိုလံပစ်ဘွဲ့မရခင်မှာပဲ ကြောင်ကိုက်ခံရလို့ သေဆုံး

လင်းနို့တွေဟာ ကမ္ဘာပတ်ခရီးသွားနေတယ်ဆိုတာကို သက်သေပြတဲ့ ပရောဂျက်တွေကို ယူကေနိုင်ငံမှာ လုပ်ဆောင်နေခဲ့တာကြာပါပြီ။ ဗြိတိန်နိုင်ငံမှာပဲတွေ့ရတဲ့လင်းနို့ငှက်တွေရဲ့လည်ပတ်ပုံ၊ မျိုးပွားပုံတွေကို စနစ်တကျ သုတေသနစာတမ်းတွေရဖို့ နိုင်ငံတော်အဆင့်လုပ်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၄ခုနှစ်မှာ လင်းနို့အမျိုးအစား Nathusius pipistrelle ပရောဂျက်ကိုစတင်ခဲ့ပါတယ်။ နက်သူစီယက်တွေ ကမ္ဘာပတ်နိုင်တာကိုသိခဲ့ပြီးနောက်မှာ သူတို့ဘယ်အထိရောက်နိုင်လဲကိုသိရဖို့ ခြေရာခံခဲ့ပါတယ်။ အကောင်လေးတွေမှာ ခြေရာခံလက်စွပ်ကွင်းလေးတွေတပ်ဆင်ပြီးတော့ပါ။

လန်ဒန်တိရစ္ဆာန်ရုံလို့နာမည်ပါတဲ့ လက်စွပ်လေးတွေကို အကောင်လေးတွေမှာတပ်ဆင်ပေးလိုက်ပါတယ်။ လန်ဒန်ကနေ လင်းနို့တွေကိုလွှတ်ပေးလိုက်ပြီး၊ ကမ္ဘာတဝန်းဘယ်အထိကို ခရီးဆက်နိုင်လဲကို သတင်းစွင့်ပါတယ်။ လွယ်မယ်လို့မထင်လိုက်ပါနဲ့။ နှစ်နဲ့ချီကြာလို့ပါ။

၂၀၁၆မှာ လန်ဒန်ကနေ လွှတ်လိုက်တဲ့ နက်သူစီယက်တကောင်ကို ရုရှားမှာတွေ့ခဲ့ပါတယ်။ ရုရှားနိုင်ငံ၊ Pskovဒေသ၊ မိုလ်ဂျီနိုဆိုတဲ့နေရာက ရွာလေးတရွာမှာပါ။ ၅ နှစ်တောင်ပျံသန်းလာတဲ့လင်းနို့လေးကိုတွေ့လိုက်ရတာကလည်း ကြောက်ခုတ်တာခံထားရလို့ပါပဲ။

နယ်ခံတယောက်က လင်းနို့လေးကို ကုသပေးဖို့ကြိုးစားနေရင်း အချိန်မမီခဲ့ပါဘူး။ လက်စွပ်လေးကိုတွေ့တဲ့အတွက် အကြောင်းကြားရာကနေ ယူကေက ပရောဂျက်ဌာနဆီကို ပြန်သတင်းရောက်ခဲ့တာဖြစ်ပါတယ်။ နက်သူစီယက်သမိုင်းမှာ ဒုတိယမြောက်အဝေးဆုံးသွားနိုင်တဲ့လင်းနို့ပါပဲ။

လန်ဒန်ကနေ နက်သူစီယက်ကိုတွေ့တဲ့နေရာအထိဆိုရင် မိုင်ပေါင်း ၁၂၅၄ မိုင်ရှိပါတယ်။ ဒါဟာ ၇နှဈတာ ပရောဂျက်အတွင်း ဒုတိယမြောက်မိုင်အရှည်ဆုံးကမ္ဘာပတ်ခဲ့တဲ့ လင်းနို့ဖြစ်လို့ အိုလံပစ်လို့ဘွဲ့ပေးခဲ့ပါတယ်။ စိတ်မကောင်းစရာက အိုလံပစ်ဟာဘွဲ့ရတာကိုလည်း လက်မခံလိုက်ရပါဘူး။

အကောင်အရွယ်အစား လူကြီးလက်မတခုစာ၊ အလေးချိန် ၈ကီလိုဂရမ်ရှိတဲ့ အိုလံပစ်ရဲ့အထက်မှာတော့ မိုင်ပေါင်း ၁၃၈၁မိုင်သွားထားနိုင်တဲ့ တကောင်ရှိပါသေးတယ်။ သူကဗြိတိန်ပရောဂျက်ကမဟုတ်ပါဘူး။ လက်တီဗာနိုင်ငံကနေ စပိန်ထိ ၁၃၈၁မိုင်သွားထားနိုင်ခဲ့တဲ့ နက်သူစီယက်ပါပဲ။ သူ့ကိုလည်း အိုလံပစ်ဘွဲပေးထားပြီး၊ ၂၀၁၉ခုနှစ်မှာစံချိန်တင်ထားခဲ့တယ်လို့မှတ်တမ်းရှိပါတယ်။

Crd