Life style

တစ္ခုတည္းရွိတဲ့ face mask ျဖင့္ သမီးျဖစ္သူအား ေသခ်ာစြာ ဂ႐ုတစိုက္ေလးတပ္ေပးေနခဲ့တဲ့ လမ္းေပၚရွိဆင္းရဲႏြမ္းပါးတဲ့ဖခင္တစ္ဦး

Written by admm

တစ္ခုတည္းရွိတဲ့ face mask ျဖင့္ သမီးျဖစ္သူအား ေသခ်ာစြာ ဂ႐ုတစိုက္ေလးတပ္ေပးေနခဲ့တဲ့ လမ္းေပၚရွိဆင္းရဲႏြမ္းပါးတဲ့ဖခင္တစ္ဦး

 

 

ကူးစက္ေရာဂါဟာ တစ္ကမၻာလုံးနီးပါးကိုလႊမ္းမိုးလာတာႏွင့္အမွ် Mask မ်ားတပ္ျခင္း၊လက္ကိုစနစ္တက်ေဆးေၾကာျခင္း ႏွင့္ လက္သန႔္ေဆးရည္သုံးျခင္းတို႔ရဲ႕အေရးႀကီးပုံကို လူတိုင္းလိုလိုက သေဘာေပါက္လာခဲ့ၾကပါတယ္။ေရာဂါပိုးမ်ားမ၀င္နိုင္ေအာင္ အျပင္ထြက္တိုင္း လူတိုင္းက အသက္ရႈလမ္းေၾကာင္းမ်ားျဖစ္တဲ့ႏွာေခါင္းႏွင့္ပါးစပ္တို႔ကို ဖုံးအုပ္ထားဖို႔လိုအပ္တာေၾကာင့္ Face Mask မ်ားရွားပါးလာမႈက ကမၻာတစ္ဝွမ္းလုံးမွာျဖစ္ေပၚလာေနၿပီး Face Mask မ်ားကိုလည္း ပုံမွန္ေစ်းထက္ မ်ားစြာေစ်းတင္ကာ ေရာင္းခ်လာၾကပါတယ္။၎က အခ်ိဳ႕ေသာလူမ်ားအတြက္ ျပႆနာမရွိနိုင္ေပမဲ့ အမွိုက္ေကာက္ၿပီး အသက္ေမြးဖို႔နဲ႕ရွင္သန္ဖို႔ႀကိဳးစားေနတဲ့လူတစ္ေယာက္က အျခားသူေတြလို face mask တစ္ခုဝယ္တပ္ဖို႔ ဆိုတာ မလြယ္ကူမွန္းကို ကြၽန္ေတာ္တို႔အားလုံးက အေသအခ်ာကို သိေနနိုင္ပါတယ္။

 

 

ခုလည္း ဖိလစ္ပိုင္နိုင္ငံ မနီလာၿမိဳ႕ရွိလမ္းမႀကီးတစ္ေနရာမွာ အမ်ိဳးသားတစ္ဦးဟာ ေသေစနိုင္တဲ့ဗိုင္းရပ္စ္ပ်ံ့ႏွံ႕မႈအႏၱရာယ္ၾကားမွ မိမိကိုယ္ကိုကာကြယ္ရန္ face mask ကို သူတပ္ထားရမယ့္အစား ဒီေရာဂါႀကီးရဲ႕ကူးစက္မႈမွလုံၿခဳံေစရန္ သူ႕ရဲ႕သမီးျဖစ္သူအား သူကိုယ္တိုင္ အေသအခ်ာေလးတပ္ေပးေနခဲ့တဲ့ဓာတ္ပုံတစ္ပုံဟာ ျမင္သူတိုင္းကို အလြန္နာက်င္သြားေစခဲ့ပါတယ္။ ဒီမနက္ပဲ ေဆး႐ုံကိုသြားတဲ့လမ္းမွာ ဒီလူက သူ႕သမီးကို face mask ေလးတပ္ေပးေနတာကို ငါ ေတြ႕လိုက္ရတယ္ ၊ ဒါက အလြန္နာက်င္စရာျမင္ကြင္းတစ္ခုျဖစ္ခဲ့ရတယ္ ၊ အစိုးရေတြအေနနဲ႕ ဒီလူေတြအတြက္ သင့္ေတာ္တဲ့အေလးေပးမႈေတြကို ျပဳလုပ္ေပးသင့္တယ္ လို႔ ေရးသားခဲ့ၿပီး ထိုဓာတ္ပုံႏွင့္အတူ Twitter အသုံးျပဳသူတစ္ဦးျဖစ္တဲ့ @ceegreen14 က သူ႕ account မွာထို႔ကဲ့သို႔ ျပန္လည္ေဝမွ်ေပးခဲ့တာပါ။

 

 

၎ပုံရိပ္ဟာ တကယ္လည္း လူအမ်ားရဲ႕ႏွလုံးသားကို နာက်င္ေစခဲ့ပါတယ္။ဖိလစ္ပိုင္ netizen မ်ားက အဆိုပါသားအဖတို႔ကို ေတြ႕ရွိခဲ့တဲ့ေနရာလိပ္စာကို ေမးျမန္းခဲ့ၾကသလို ၎ပုံရိပ္ႏွင့္ပတ္သက္ၿပီး ၎တို႔ရဲ႕အစိုးရအား ယခုလိုကာလမွာ လမ္းေပၚရွိဆင္းရဲႏြမ္းပါးသူတို႔အား တစ္ခုခုစီစဥ္ေပးဖို႔အတြက္လည္း ေတာင္းဆိုေနခဲ့ၾကရပါတယ္။

Crd

Unicode

တစ်ခုတည်းရှိတဲ့ face mask ဖြင့် သမီးဖြစ်သူအား သေချာစွာ ဂရုတစိုက်လေးတပ်ပေးနေခဲ့တဲ့ လမ်းပေါ်ရှိဆင်းရဲနွမ်းပါးတဲ့ဖခင်တစ်ဦး

ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးနီးပါးကိုလွှမ်းမိုးလာတာနှင့်အမျှ Mask များတပ်ခြင်း၊လက်ကိုစနစ်တကျဆေးကြောခြင်း နှင့် လက်သန့်ဆေးရည်သုံးခြင်းတို့ရဲ့အရေးကြီးပုံကို လူတိုင်းလိုလိုက သဘောပေါက်လာခဲ့ကြပါတယ်။ရောဂါပိုးများမ၀င်နိုင်အောင် အပြင်ထွက်တိုင်း လူတိုင်းက အသက်ရှုလမ်းကြောင်းများဖြစ်တဲ့နှာခေါင်းနှင့်ပါးစပ်တို့ကို ဖုံးအုပ်ထားဖို့လိုအပ်တာကြောင့် Face Mask များရှားပါးလာမှုက ကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်ပေါ်လာနေပြီး Face Mask များကိုလည်း ပုံမှန်စျေးထက် များစွာစျေးတင်ကာ ရောင်းချလာကြပါတယ်။၎င်းက အချို့သောလူများအတွက် ပြဿနာမရှိနိုင်ပေမဲ့ အမှိုက်ကောက်ပြီး အသက်မွေးဖို့နဲ့ရှင်သန်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်က အခြားသူတွေလို face mask တစ်ခုဝယ်တပ်ဖို့ ဆိုတာ မလွယ်ကူမှန်းကို ကျွန်တော်တို့အားလုံးက အသေအချာကို သိနေနိုင်ပါတယ်။

ခုလည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိလမ်းမကြီးတစ်နေရာမှာ အမျိုးသားတစ်ဦးဟာ သေစေနိုင်တဲ့ဗိုင်းရပ်စ်ပျံ့နှံ့မှုအန္တရာယ်ကြားမှ မိမိကိုယ်ကိုကာကွယ်ရန် face mask ကို သူတပ်ထားရမယ့်အစား ဒီရောဂါကြီးရဲ့ကူးစက်မှုမှလုံခြုံစေရန် သူ့ရဲ့သမီးဖြစ်သူအား သူကိုယ်တိုင် အသေအချာလေးတပ်ပေးနေခဲ့တဲ့ဓာတ်ပုံတစ်ပုံဟာ မြင်သူတိုင်းကို အလွန်နာကျင်သွားစေခဲ့ပါတယ်။ ဒီမနက်ပဲ ဆေးရုံကိုသွားတဲ့လမ်းမှာ ဒီလူက သူ့သမီးကို face mask လေးတပ်ပေးနေတာကို ငါ တွေ့လိုက်ရတယ် ၊ ဒါက အလွန်နာကျင်စရာမြင်ကွင်းတစ်ခုဖြစ်ခဲ့ရတယ် ၊ အစိုးရတွေအနေနဲ့ ဒီလူတွေအတွက် သင့်တော်တဲ့အလေးပေးမှုတွေကို ပြုလုပ်ပေးသင့်တယ် လို့ ရေးသားခဲ့ပြီး ထိုဓာတ်ပုံနှင့်အတူ Twitter အသုံးပြုသူတစ်ဦးဖြစ်တဲ့ @ceegreen14 က သူ့ account မှာထို့ကဲ့သို့ ပြန်လည်ဝေမျှပေးခဲ့တာပါ။

၎င်းပုံရိပ်ဟာ တကယ်လည်း လူအများရဲ့နှလုံးသားကို နာကျင်စေခဲ့ပါတယ်။ဖိလစ်ပိုင် netizen များက အဆိုပါသားအဖတို့ကို တွေ့ရှိခဲ့တဲ့နေရာလိပ်စာကို မေးမြန်းခဲ့ကြသလို ၎င်းပုံရိပ်နှင့်ပတ်သက်ပြီး ၎င်းတို့ရဲ့အစိုးရအား ယခုလိုကာလမှာ လမ်းပေါ်ရှိဆင်းရဲနွမ်းပါးသူတို့အား တစ်ခုခုစီစဉ်ပေးဖို့အတွက်လည်း တောင်းဆိုနေခဲ့ကြရပါတယ်။

Crd

About the author

admm