NEWS

ဂ်ပန္လူမ်ိဳးေတြရဲ့ မွတ္တိုင္တစ္ခု (သို႔) ကမၻာေက်ာ္ေရေအာက္ကားလမ္း TOKYO BAY AQUA LINE

Written by admm

ဂ်ပန္လူမ်ိဳးေတြရဲ့ မွတ္တိုင္တစ္ခု (သို႔) ကမၻာေက်ာ္ေရေအာက္ကားလမ္း TOKYO BAY AQUA LINE

 

 

ဒီေနရာကေတာ့ ဂ်ပန္နိုင္ငံတိုက်ိဳပင္လယ္ေအာ္မွာ ရွိတဲ့ Tokyo Bay Aqua Line ဆိုတဲ့ကားလမ္းတစ္ခုျဖစ္ပါတယ္။ Trans-Tokyo Bay Highway လို႔လည္း

 

လူသိမ်ားပါတယ္။ဒီလမ္းဟာ aqua တံတား နဲ႔ ေရေအာက္တူးေျမာင္းကို ေပါင္းစပ္တည္ေဆာက္ထားတာျဖစ္ပါတယ္။ Kawasaki ၿမိဳ႕ႏွင့္ Kisarazu ၿမိဳ႕တို႔ကို

 

ဆက္သြယ္ထားတဲ့လမ္းျဖစ္ၿပီး အရွည္ ၉မိုင္ရွိပါတယ္။Kisarazu ၿမိဳ႕ဘက္ျခမ္း ၃မိုင္ ကို တံတားထိုးထားၿပီး Kawasaki ၿမိဳ႕ ဘက္ျခမ္း ၆မိုင္ကို ေတာ့ ပင္လယ္ေ

 

ရေအာက္ ေျမႀကီးကို ဥမင္လွိုင္ေခါင္းတူးကာ ဆက္သြယ္ထားျခင္းျဖစ္ပါတယ္။တံတားတစ္ဆက္တည္းထိုးရင္ ရပါလၽွက္နဲ႔ မထိုးပဲ ဥမင္ေဖာက္တဲ့အေၾကာင္း

 

ကေတာ့ ပင္လယ္ကူးသေဘၤာေတြလြတ္လပ္စြာ သြားလာနိုင္ေအာင္လို႔ပါတဲ့။၁၉၈၈ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၉၇ ခုႏွစ္မွာ ဖြင့္လွစ္နိုင္ခဲ့တဲ့အတြက္

 

စုစုေပါင္း ေဆာက္လုပ္ခ်ိန္ ၉ႏွစ္ယူၿပီးတည္ေဆာက္ခဲ့ရပါတယ္။ကုန္က်စရိတ္အေနနဲ႔ အေမရိကန္ေဒၚလာ ၁၁.၂ ဘီလ်ံ ကုန္က်ခဲ့ပါတယ္။ တံတားနဲ႔ ဥမင္လွိုင္

 

ေခါင္းဆုံရာေနရာမွာေတာ့ လူလုပ္ကၽြန္းေလးတစ္ခုကို ထည့္သြင္းဖန္တီးထားပါတယ္။ဒီလမ္းကိုျဖတ္သန္းသူေတြ ခရီးတစ္ေထာက္နားရင္း ပင္လယ္ျပင္ရႈ႔ခင္း

 

ေတြကိုၾကည့္ကာ အပန္းေျဖေစဖို႔ျဖစ္ပါတယ္။ ဒီကၽြန္းေလးေပၚမွာ ကားရပ္နားတဲ့ေနရာ နဲ႔ အတူ ငါးထပ္အေဆာက္အဦးတစ္ခုရွိပါတယ္။ဒီေနရာကိုေတာ့

 

Umihotaru(ပင္လယ္ပိုးစုန္းၾကဴး) လို႔ေခၚၿပီး စားေသာက္ခန္းမ ၊ ဂိမ္းကစားတဲ့ေနရာေတြ ၊ အမွတ္တရစတိုင္းဆိုင္ နဲ႔ ပန္းၿခံေတြပါရွိပါတယ္။Tokyo Bay Aqua

 

Line ျဖစ္ေပၚလာပုံသမိုင္းနဲ႔ တည္ေဆာက္ခဲ့ပုံအေၾကာင္းကို ဒီေနရာမွာ ျပတိုက္အေနနဲ႔ ျပသထားပါေသးတယ္။တံတားကိုျဖတ္ ခရီးတစ္ေထာက္နားၿပီးရင္ေတာ့

 

ဥပင္လွိုဏ္ေခါင္းထဲကို ျဖတ္ရမွာပါ။ ပင္လယ္ေရေအာက္ေျမႀကီးကို တူးထားတာျဖစ္လို႔ အႏၲရာယ္ျဖစ္မွာ အသက္ရႈက်ပ္မွာေတြကို ပူဖို႔မလိုေအာင္ျပဳလုပ္ေပး

 

ထားပါတယ္။ထိမ္းခ်ဳပ္ေရးစခန္းကေန တူးေျမာင္းထဲက ေလေတြကို အျမဲသန႔္စင္ေပးေနၿပီး ဖုန္းလိုင္း ၊ အင္တာနက္လိုင္းနဲ႔ မီးအလင္းေတြကိုလည္း ျပတ္

 

ေတာက္မသြားေအာင္ ၂၄နာရီေဆာင္ရြက္လၽွက္ရွိပါတယ္။အႏၲရာယ္တစ္ခုခုျဖစ္တာနဲ႔ ခ်က္ခ်င္းထြက္နိုင္ေအာင္ အေရးေပၚထြက္ေပါက္ေတြကိုထားရွိၿပီး ကယ္

 

ဆယ္ေရးဝန္ထမ္းေတြကလည္း အဆင္သင့္ရွိေနပါတယ္။ဥမင္ထဲမွာပဲ ပုံမွန္သြားေနတဲ့ လမ္းမရယ္ အေရးေပၚကယ္ဆယ္ဖို႔အတြက္လမ္းရယ္ဆိုၿပီး ႏွစ္ထပ္လမ္း

 

ကိုေဆာက္လုပ္ထားတာျဖစ္ပါတယ္။ ၉ မိုင္အရွည္ရွိတဲ့ ဒီလမ္းက တံတား နဲ႔ ဥမင္တို႔ကိုျဖတ္သန္းခ်ိန္ဟာ ပ်မ္းမၽွအားျဖင့္ ၁၅ မိနစ္ခန႔္ၾကာျမင့္မွာျဖစ္ပါတယ္။

 

ဒီလမ္းမရွိခင္ကဆိုရင္ေတာ့ Kawasaki ၿမိဳ႕ကေန Kisarazu ၿမိဳ႕ကိုေရာက္ဖို႔ ၁နာရီခြဲၾကာျမင့္ခဲ့ပါတယ္။ေန႔စဥ္နဲ႔အမၽွ ကားႀကီးကားေသး ေျမာက္မ်ားစြာဟာ ဒီ

 

လမ္းကိုျဖတ္သန္းၿပီးေတာ့ Yokohama ဘူတာ ၊ Haneda ေလဆိပ္ ၊ Tokyo ဘူတာ နဲ႔ အဓိက စက္မႈဇုန္ေတြျဖစ္တဲ့ Chiba ခရိုင္ နဲ႔ Kanagawa ခရိုင္က စက္မႈ

 

ဇုန္ေတြဆီကို သြားလာလၽွက္ရွိပါတယ္။ဒီကမၻာေက်ာ္လမ္းဟာ ဂ်ပန္လူမ်ိဳးေတြရဲ့ မွတ္တိုင္တစ္ခုျဖစ္သလို ဂ်ပန္တို႔ရဲ့နည္းပညာျမင့္မားမႈ နဲ႔ ႀကိဳးစားအားထုတ္မႈ

 

တို႔ကို ကမၻာကေလးစားခဲ့ရတဲ့လမ္းဆိုရင္လည္း မမွားပါဘူး။

 

Credit

 

Unicode

 

ဒီနေရာကတော့ ဂျပန်နိုင်ငံတိုကျိုပင်လယ်အော်မှာ ရှိတဲ့ Tokyo Bay Aqua Line ဆိုတဲ့ကားလမ်းတစ်ခုဖြစ်ပါတယ်။ Trans-Tokyo Bay Highway လို့လည်း

 

လူသိများပါတယ်။ဒီလမ်းဟာ aqua တံတား နဲ့ ရေအောက်တူးမြောင်းကို ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ Kawasaki မြို့နှင့် Kisarazu မြို့တို့ကို

 

ဆက်သွယ်ထားတဲ့လမ်းဖြစ်ပြီး အရှည် ၉မိုင်ရှိပါတယ်။Kisarazu မြို့ဘက်ခြမ်း ၃မိုင် ကို တံတားထိုးထားပြီး Kawasaki မြို့ ဘက်ခြမ်း ၆မိုင်ကို တော့ ပင်လယ်

 

ရေအောက် မြေကြီးကို ဥမင်လှိုင်ခေါင်းတူးကာ ဆက်သွယ်ထားခြင်းဖြစ်ပါတယ်။တံတားတစ်ဆက်တည်းထိုးရင် ရပါလျှက်နဲ့ မထိုးပဲ ဥမင်ဖောက်တဲ့အ

 

ကြောင်းကတော့ ပင်လယ်ကူးသင်္ဘောတွေလွတ်လပ်စွာ သွားလာနိုင်အောင်လို့ပါတဲ့။၁၉၈၈ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့

 

တဲ့အတွက် စုစုပေါင်း ဆောက်လုပ်ချိန် ၉နှစ်ယူပြီးတည်ဆောက်ခဲ့ရပါတယ်။ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလျံ ကုန်ကျခဲ့ပါတယ်။

 

တံတားနဲ့ ဥမင်လှိုင်ခေါင်းဆုံရာနေရာမှာတော့ လူလုပ်ကျွန်းလေးတစ်ခုကို ထည့်သွင်းဖန်တီးထားပါတယ်။ဒီလမ်းကိုဖြတ်သန်းသူတွေ ခရီးတစ်ထောက်နား

 

ရင်း ပင်လယ်ပြင်ရှု့ခင်းတွေကိုကြည့်ကာ အပန်းဖြေစေဖို့ဖြစ်ပါတယ်။ ဒီကျွန်းလေးပေါ်မှာ ကားရပ်နားတဲ့နေရာ နဲ့ အတူ ငါးထပ်အဆောက်အဦးတစ်ခုရှိပါ

 

တယ်။ဒီနေရာကိုတော့ Umihotaru(ပင်လယ်ပိုးစုန်းကြူး) လို့ခေါ်ပြီး စားသောက်ခန်းမ ၊ ဂိမ်းကစားတဲ့နေရာတွေ ၊ အမှတ်တရစတိုင်းဆိုင် နဲ့ ပန်းခြံတွေပါရှိပါ

 

တယ်။Tokyo Bay Aqua Line ဖြစ်ပေါ်လာပုံသမိုင်းနဲ့ တည်ဆောက်ခဲ့ပုံအကြောင်းကို ဒီနေရာမှာ ပြတိုက်အနေနဲ့ ပြသထားပါသေးတယ်။တံတားကိုဖြတ် ခရီး

 

တစ်ထောက်နားပြီးရင်တော့ ဥပင်လှိုဏ်ခေါင်းထဲကို ဖြတ်ရမှာပါ။ ပင်လယ်ရေအောက်မြေကြီးကို တူးထားတာဖြစ်လို့ အန္တရာယ်ဖြစ်မှာ အသက်ရှုကျပ်မှာ

 

တွေကို ပူဖို့မလိုအောင်ပြုလုပ်ပေးထားပါတယ်။ထိမ်းချုပ်ရေးစခန်းကနေ တူးမြောင်းထဲက လေတွေကို အမြဲသန့်စင်ပေးနေပြီး ဖုန်းလိုင်း ၊ အင်တာနက်လိုင်းနဲ့

 

မီးအလင်းတွေကိုလည်း ပြတ်တောက်မသွားအောင် ၂၄နာရီဆောင်ရွက်လျှက်ရှိပါတယ်။အန္တရာယ်တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းထွက်နိုင်အောင် အရေး

 

ပေါ်ထွက်ပေါက်တွေကိုထားရှိပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေကလည်း အဆင်သင့်ရှိနေပါတယ်။ဥမင်ထဲမှာပဲ ပုံမှန်သွားနေတဲ့ လမ်းမရယ် အရေးပေါ်

 

ကယ်ဆယ်ဖို့အတွက်လမ်းရယ်ဆိုပြီး နှစ်ထပ်လမ်းကိုဆောက်လုပ်ထားတာဖြစ်ပါတယ်။၉ မိုင်အရှည်ရှိတဲ့ ဒီလမ်းက တံတား နဲ့ ဥမင်တို့ကိုဖြတ်သန်းချိန်ဟာ

 

ပျမ်းမျှအားဖြင့် ၁၅ မိနစ်ခန့်ကြာမြင့်မှာဖြစ်ပါတယ်။ဒီလမ်းမရှိခင်ကဆိုရင်တော့ Kawasaki မြို့ကနေ Kisarazu မြို့ကိုရောက်ဖို့ ၁နာရီခွဲကြာမြင့်ခဲ့ပါတယ်။

 

နေ့စဉ်နဲ့အမျှ ကားကြီးကားသေး မြောက်များစွာဟာ ဒီလမ်းကိုဖြတ်သန်းပြီးတော့ Yokohama ဘူတာ ၊ Haneda လေဆိပ် ၊ Tokyo ဘူတာ နဲ့ အဓိက စက်မှု

 

ဇုန်တွေဖြစ်တဲ့ Chiba ခရိုင် နဲ့ Kanagawa ခရိုင်က စက်မှုဇုန်တွေဆီကို သွားလာလျှက်ရှိပါတယ်။ဒီကမ္ဘာကျော်လမ်းဟာ ဂျပန်လူမျိုးတွေရဲ့ မှတ်တိုင်တစ်ခု

 

ဖြစ်သလို ဂျပန်တို့ရဲ့နည်းပညာမြင့်မားမှု နဲ့ ကြိုးစားအားထုတ်မှုတို့ကို ကမ္ဘာကလေးစားခဲ့ရတဲ့လမ်းဆိုရင်လည်း မမှားပါဘူး။

 

 

Credit

About the author

admm