Life style

ကြာရွင္းစားရိတ္ မေပးနိုင္လို႔ သီခ်င္းဆိုၿပီး ဆပ္ခဲ့ရတဲ့ အေမရိကန္နိုင္ငံရဲ႕ ဂႏၱ၀င္အဆိုေတာ္ တစ္ဦး

Written by admm

ကြာရွင္းစားရိတ္ မေပးနိုင္လို႔ သီခ်င္းဆိုၿပီး ဆပ္ခဲ့ရတဲ့ အေမရိကန္နိုင္ငံရဲ႕ ဂႏၱ၀င္အဆိုေတာ္ တစ္ဦး

 

 

ဒီတစ္ခါမွာေတာ့ထူးထူးျခားျခားကြာရွင္းမႈေတြထဲကတစ္ခုျဖစ္တဲ့အထူးတကာအထူးဆန္းဆုံးကြာရွင္းမႈတစ္ခုအေၾကာင္းကိုေျပာျပမွာပဲျဖစ္ပါတယ္ေနာ္။အေမရိကန္အဆိုေတာ္မာဗင္ေဂးဟာဂီတလုပ္ငန္းနဲ႕ဝင္ေငြအမ်ားရရွိသူတစ္ဦးျဖစ္ေပမယ့္လည္းအသုံးအျဖဳန္းႀကီးသူတစ္ဦးျဖစ္တာေၾကာင့္ အၿမဲ ေႂကြးထူေနေလ့ရွိပါတယ္။မာဗင္ေဂးဟာ ၁၉၇၅ ခုႏွစ္မွာ ဇနီးျဖစ္သူ အန္နာေဂၚဒီႏွင့္ ကြာရွင္းျပတ္စဲခဲ့ၿပီး တရား႐ုံးကေန ဆုံးျဖတ္တဲ့ ကြာရွင္းေလ်ာ္ေၾကးကို ဇနီးသည္ကိုေပးေလ်ာ္ရမွာပဲျဖစ္ပါတယ္။

 

 

မာဗင္ေဂးဟာလင္မယားကြာရွင္းခ်ိန္မွာဇနီးေဟာင္းကိုေပးေလ်ာ္ဖို႔ေငြေၾကးမရွိတာေၾကာင့္ဇနီးေမာင္ႏွံေဟာင္းႏွစ္ဦးနဲ႕ေရွ႕ေနမ်ားဟာသေဘာတူညီခ်က္တစ္ရပ္ကိုျပဳလုပ္ခဲ့ရပါတယ္။စာခ်ဳပ္အရမာဗင္ေဂးကကြာရွင္းေလ်ာ္ေၾကးအျဖစ္နဲ႕သီခ်င္းအယ္လ္ဘမ္တစ္ခ်ပ္ထုတ္ေပးရမွာပဲျဖစ္ပါတယ္။ အဲ့ဒီသီခ်င္းအယ္လ္ဘမ္ရဲ႕ မူပိုင္ခြင့္ အားလုံးကို ဇနီးေဟာင္းအန္နာေဂၚဒီကိုေပးဖို႔သေဘာတူညီခဲ့ၿပီး မာဗင္ေဂးရဲ႕ နာမည္ေက်ာ္ သီခ်င္းအယ္လ္ဘမ္ Here, My Dear ဟာထြက္ရွိလာခဲ့ပါတယ္။

 

 

 

မာဗင္ေဂးဟာဇနီးေဟာင္းအားေပးေလ်ာ္ရမယ့္သီခ်င္းအယ္လ္ဘမ္ကိုညံ့ဖ်င္းစြာထုတ္လုပ္လိမ့္မယ္လို႔ေကာလဟလမ်ားလည္းထြက္ေပၚခဲ့ပါေသးတယ္။ မာဗင္ေဂးဟာ ထိုေအျခကို ဂ႐ုတစ္စိုက္မစီမံဘဲ ထုတ္ေဝဖို႔ စဥ္းစားခဲ့မိေၾကာင္းဝန္ခံခဲ့ေပမယ့္ မိမိပရိတ္ သတ္ေတြအတြက္ အေကာင္းဆုံးအားထုတ္ဖို႔ဆုံးျဖတ္ခဲ့ေၾကာင္းဖြင့္ဟဝန္ခံခဲ့ပါတယ္။ေတးသီခ်င္းေတြဟာလည္းခံစားမႈအျပည့္ပါရွိခဲ့ၿပီးေတာ့သူရွင္သန္ေနသည့္ သက္တမ္းတစ္ေလ်ာက္ ေသြးသားေတြခန္းေျခာက္တဲ့အထိ သီဆိုခဲ့ပါေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ကြာရွင္းျပတ္စဲမႈ ေလ်ာ္ေၾကးအတြက္ သီဆိုခဲ့တဲ့ သီခ်င္းေခြ အယ္လ္ဘမ္ဟာ အလြန္ေအာင္ျမင္ခဲ့ၿပီး မာဗင္ေဂးအား ေဝဖန္ခဲ့သူမ်ား ကပင္ Here, My Dear ဟာ မာဗင္ေဂးရဲ႕ အေကာင္းဆုံးအေခြျဖစ္ေၾကာင္းခ်ီးမြမ္းခဲ့ၾကပါတယ္။

Crd

Unicode

ကွာရှင်းစားရိတ် မပေးနိုင်လို့ သီချင်းဆိုပြီး ဆပ်ခဲ့ရတဲ့ အမေရိကန်နိုင်ငံရဲ့ ဂန္တ၀င်အဆိုတော် တစ်ဦး

ဒီတစ်ခါမှာတော့ထူးထူးခြားခြားကွာရှင်းမှုတွေထဲကတစ်ခုဖြစ်တဲ့အထူးတကာအထူးဆန်းဆုံးကွာရှင်းမှုတစ်ခုအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်နော်။အမေရိကန်အဆိုတော်မာဗင်ဂေးဟာဂီတလုပ်ငန်းနဲ့ဝင်ငွေအများရရှိသူတစ်ဦးဖြစ်ပေမယ့်လည်းအသုံးအဖြုန်းကြီးသူတစ်ဦးဖြစ်တာကြောင့် အမြဲ ကြွေးထူနေလေ့ရှိပါတယ်။မာဗင်ဂေးဟာ ၁၉၇၅ ခုနှစ်မှာ ဇနီးဖြစ်သူ အန်နာဂေါ်ဒီနှင့် ကွာရှင်းပြတ်စဲခဲ့ပြီး တရားရုံးကနေ ဆုံးဖြတ်တဲ့ ကွာရှင်းလျော်ကြေးကို ဇနီးသည်ကိုပေးလျော်ရမှာပဲဖြစ်ပါတယ်။

မာဗင်ဂေးဟာလင်မယားကွာရှင်းချိန်မှာဇနီးဟောင်းကိုပေးလျော်ဖို့ငွေကြေးမရှိတာကြောင့်ဇနီးမောင်နှံဟောင်းနှစ်ဦးနဲ့ရှေ့နေများဟာသဘောတူညီချက်တစ်ရပ်ကိုပြုလုပ်ခဲ့ရပါတယ်။စာချုပ်အရမာဗင်ဂေးကကွာရှင်းလျော်ကြေးအဖြစ်နဲ့သီချင်းအယ်လ်ဘမ်တစ်ချပ်ထုတ်ပေးရမှာပဲဖြစ်ပါတယ်။ အဲ့ဒီသီချင်းအယ်လ်ဘမ်ရဲ့ မူပိုင်ခွင့် အားလုံးကို ဇနီးဟောင်းအန်နာဂေါ်ဒီကိုပေးဖို့သဘောတူညီခဲ့ပြီး မာဗင်ဂေးရဲ့ နာမည်ကျော် သီချင်းအယ်လ်ဘမ် Here, My Dear ဟာထွက်ရှိလာခဲ့ပါတယ်။

မာဗင်ဂေးဟာဇနီးဟောင်းအားပေးလျော်ရမယ့်သီချင်းအယ်လ်ဘမ်ကိုညံ့ဖျင်းစွာထုတ်လုပ်လိမ့်မယ်လို့ကောလဟလများလည်းထွက်ပေါ်ခဲ့ပါသေးတယ်။ မာဗင်ဂေးဟာ ထိုအေခြကို ဂရုတစ်စိုက်မစီမံဘဲ ထုတ်ဝေဖို့ စဉ်းစားခဲ့မိကြောင်းဝန်ခံခဲ့ပေမယ့် မိမိပရိတ် သတ်တွေအတွက် အကောင်းဆုံးအားထုတ်ဖို့ဆုံးဖြတ်ခဲ့ကြောင်းဖွင့်ဟဝန်ခံခဲ့ပါတယ်။တေးသီချင်းတွေဟာလည်းခံစားမှုအပြည့်ပါရှိခဲ့ပြီးတော့သူရှင်သန်နေသည့် သက်တမ်းတစ်လျောက် သွေးသားတွေခန်းခြောက်တဲ့အထိ သီဆိုခဲ့ပါကြောင်း ပြောဆိုခဲ့ပါတယ်။ ကွာရှင်းပြတ်စဲမှု လျော်ကြေးအတွက် သီဆိုခဲ့တဲ့ သီချင်းခွေ အယ်လ်ဘမ်ဟာ အလွန်အောင်မြင်ခဲ့ပြီး မာဗင်ဂေးအား ဝေဖန်ခဲ့သူများ ကပင် Here, My Dear ဟာ မာဗင်ဂေးရဲ့ အကောင်းဆုံးအခွေဖြစ်ကြောင်းချီးမွမ်းခဲ့ကြပါတယ်။

Crd

About the author

admm