Amazing
Written by admm
Crd
Unicode
ရုပ်အဆိုးဆုံးအမျိုးသားပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီးနောက် နာမည်ကျော် ပေါ့စတားတစ်ဦး ဖြစ်လာခဲ့သူ
ထူးဆန်းတဲ့ မျက်နှာဖွဲ့စည်းမှုပုံစံမျိုးကို ပိုင်ဆိုင်ထားပြီး၊ယုဂန်ဒါနိုင်ငံရဲ့ ရုပ်အ ဆိုးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံထားရသူ Godfrey Baguma ဟာနာမည်ကျော်ပေါ့စတားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရုပ်အဆိုးဆုံးအမျိုးသားပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် နာမည်ကြီးလာခဲ့ပြီး၊နောက်ပိုင်းမှာတော့ ဂီတလိုင်းဘက်ကို ကူးပြောင်းခဲ့ကာ၊အောင်မြင်တဲ့ ပေါ့စတား တစ်ယောက်ဖြစ် လာခဲ့တာပါ။
ထူးဆန်းတဲ့မျက်နှာကိုပိုင်ဆိုင်ထားတယ်ဆိုပေမယ့်လည်း အိမ်မက်တွေကို မစွန့်လွှတ်ခဲ့သူ Godfrey Baguma ဟာ အလွန်ရှားပါးတဲ့ Fibrodysplasia ဆိုတဲ့ တစ်ရှူးနဲ့ပတ်သက်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာ ပါ။ဒီရောဂါဟာ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းအစုကို ပွုပွငျပွောငျးလဲမှုတှွေ ဖစ်ပေါ်စေပြီး၊ fibrous tissue (ကြွက်သား၊အရွတ်)တွေကို တိုးတက်မှု မရှိပဲထိုင်သွားတာ(သို့)ပျက်စီးသွားတာတွေဖြစ်စေနိုင်ပါတယ်။ဆရာဝန်နဲ့ပြပြီး ကုသမှုတွေခံယူတာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ကျန်းမာရေး အခြေအနေ ကို ထိန်းထားပေးနိုင်ပေမယ့်လည်း ၊ကလေးတွေထံ ရောဂါ လက်ဆင့်ကမ်းမှာ ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
အသက်(၄၇)နှစ်အရွယ် Godfrey Baguma ဟာ ကေလး(၈)ယောက် အဖေဖြစ်ပြီး၊ဇနီးနှစ်ယောက်ရှိပါတယ်။ပထမဇနီးကတော့ တစ်ခြားယောက်ျား တစ်ယောက် နဲ့ဖောက်ပြန်နေတာကြောင့် ကွာရှင်းခဲ့ပါ တယ်။ ငွေကြောင့် သူ့ကိုလက်ထပ်ခဲ့ပြီး၊နောက်ပိုင်းမှာတော့တခြားယောက်ျား တစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားခဲ့တာပါ။
နောက်ပိုင်း မှာတော့လက်ရှိဇနီး Namanda နဲ့ဆုံတွေ့ခဲ့ကာ၊အမျိုးသမီးရဲ့ မိဘဆွေမျိုးတွေ သိရင် ခြဲမွာစိုး တာကြောင့် ကလေးမရခင်အထိ တိတ် တိတ်လေး (၄)နှစ်လောက် အတူနေပေါင်းသင်းခဲ့ပါတယ်။ကိုယ်ဝန်(၆) လလောက်မှာတော့ သူ့ကိုထားခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ဒါပေမယ့် လည်း နှစ်လလောက် အကြာ မှာတော့ ပြန်လာခဲ့ကာ၊လက်ရှိအချိန်ထိတော့ သူတို့ရဲ့ အိမ်ထောင်ရေး တည်မြဲနေပါတယ်။
Crd
About the author
admm