Crd
Unicode
အထက်တန်းကျောင်းသားဘဝမှာ စ နောက်ရင်း လက်ထပ်စာချုပ်လုပ်ခဲ့ကြပြီး လက်တွေ့မှာလည်း တကယ်လက်ထပ်ခဲ့ကြတဲ့ sweet ဖြစ်လွန်းတဲ့ချစ်သူစုံတွဲ
Bianca Taega အမည်ရှိအမျိုးသမီးဟာ အဖွားဖြစ်သူက သူမအဖေရဲ့အခန်းကိုသန့်ရှင်းရေးလုပ်နေပေးနေစဉ် သူမအဖေရဲ့ပိုင်ဆိုင်မှုတွေကြားမှ လက်ထပ်စာချုပ်ကို တွေ့ခဲ့ရပြီးနောက် သူမရဲ့မိဘတွေရဲ့ချစ်စရာကောင်းတဲ့ဇာတ်လမ်းကို Twitter မွာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ Bianca က AC Fair 1989 : လက်ထပ်လက်မှတ် လက်ထပ်စာချုပ် ၊ ကျွန်မရဲ့မိဘတွေက သူတို့တကယ်လက်မထပ်ခင်ကတည်းက လက်ထပ်စာချုပ်တောင်ရှိနေပြီ HaHaa လို့ တင်ပေးခဲ့ပါတယ်။မိဘတွေရဲ့အချင်းချင်းလှောင်ပြောင်ပြီးလက်ထပ်ခဲ့ခြင်းက တကယ့်အစစ်အမှန်လက်ထပ်ခြင်းအဖြစ်ပြောင်းလဲရခဲ့တာပါ။တကယ်တမ်း သူတို့ဟာ ၎င်းအဖြစ်အပျက်ပြီးနောက်မှာ လမ်းခွဲခဲ့ကြပြီး ၃နှစ်ခွဲလောက်အထိ မတွေ့ရတော့ပါဘူး။
Bianca က သူမရဲ့မိဘများဟာ မူလတန်းကတည်းက တစ်ကျောင်းတည်းအတူတူတက်ခဲ့ကြပြီး ၁၉၈၅ ခုနှစ်မှာ သူတို့က ၇ တန်းကျောင်းသားတွေအဖြစ် အချင်းချင်းတရားဝင်တွေ့ဆုံခဲ့ကြတယ်လို့ ပြောပြထားပါတယ်။
နောက်ပိုင်းတော့ သူမရဲ့အမေဖြစ်သူဟာ ဖိလစ်ပိုင်နိုင်ငံ Makati City မြို့ရှိ Assumption College ကျောင်းသို့သွားခဲ့ပြီး သူမရဲ့အဖေဖြစ်သူက အခြားမတူညီတဲ့ကျောင်းသို့တက်နေစဉ်မှာ ၎င်းတို့နှစ်ဦးဟာ သူငယ်ချင်းများအဖြစ် ဆက်လက်ကာအဆက်အသွယ်ရှိနေခဲ့ကြပါတယ်။
ကျွန်မရဲ့အဖေက အထက်တန်းဒုတိယနှစ်မှာကတည်းက အေမ့ကို ကြိတ် crush နေခဲ့တာ၊ ဒါကြောင့် သူတို့က ၁၉၈၈ ဒီဇင်ဘာ ၁၇ ရက် တတိယတန်းနှစ်မှာ ချစ်သူရည်းစားတွေဖြစ်သွားခဲ့ကြတယ်။
ဒါကြောင့် သူတို့က ၁၉၈၉ ခုနှစ် AC Fair ရဲ့အလှောင်အပြောင်မင်္ဂလာဆောင်ပွဲမှာ လက်မှတ်ထိုးဖို့အတူတကွရှိနေခဲ့ကြတာပါ ၊ အဲ့တုန်းက အေမက အထကျတနျးစတုတၳနှဈပဲရှိအုံးမှာပေါ့ ဟု Bianca က မိဘများရဲ့အချစ်ဇာတ်လမ်းကို အသေးစိတ်ပြန်ပြောပြနေခဲ့ပါတယ်။သူတို့ဟာ ကောလိပ်စတက်တဲ့အထိ ချစ်သူစုံတွဲဖြစ်နေခဲ့ကြပေမဲ့ သူတို့နှစ်ဦးဟာ ကောလိပ်တတိယနှစ်မှာဘဲ လမ်းခွဲလိုက်ကြပါတယ်။
ဟုတ်တယ် အဲ့တုန်းက ကျွန်မမိဘတွေက လမ်းခွဲခဲ့ကြသေးတယ်၊သူတို့ သုံးနှစ်လောက်အတူတူမရှိနေခဲ့ဘူး၊ဒါမဲ့ သူတို့အတူမရှိနေပေမဲ့ အေဖက အမေ့မွေးနေ့တို့ ၊ခရစ္စမတ်ရောက်တိုင်းမှာ အေမ့ကို နှုတ်ဆက်ခေါ်တုန်းပါဘဲ၊ နောက်ဆုံးသူတို့က ဘွဲ့ရပြီး အလုပ်တွေလုပ်လာတဲ့အချိန်မှာ ပြန်ဆုံခဲ့ကြတယ်။
အဲ့တာက ၁၉၉၄ ခုနှစ် ဇူလိုင်လောက်ကဖြစ်မယ် ၊ စက်တင်ဘာလမှာတော့ သူတို့နှစ်ဦးက ပြန်ပြီးအတူတူရှိခဲ့ကြတယ်၊အဲ့ဒီနောက်ပိုင်းမှာတော့ အေဖက အေမ့ကို သူ့ကိုလက်ထပ်ပေးဖို့ နေ့တိုင်း ပြောတော့တာဘဲ လို့ Bianca က ထပ်မံပြောပြခဲ့ပါတယ်။ထို့နောက် အဆိုပါစုံတြဲဟာ ၎င်းတို့ အထက်တန်းနှစ်မှာ စတင်ပြီးသမီးရည်းစားဖြစ်ခဲ့တဲ့နေ့နဲ့တူတဲ့ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။
လက်ရှိမှာတော့ ၎င်းတို့စုံတွဲဟာ ၎င်းတို့ရဲ့အိမ်ထောင်သက် ၂၂နှစ်အကြာမှာ သားသမီး၃ယောက်ရှိပါတယ်။ထို့အပြင် ၎င်းတို့စုံတွဲဟာ အထက်တန်းကျောင်းသားဘဝက စနောက်ရင်း လက်ထပ်စာချုပ်လုပ်ထားခဲ့တဲ့အကြောင်းကို မေ့နေခဲ့ကြပြီး ဒီချစ်စရာကောင်းတဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းက အင်တာနက်ပေါ်မှာ လူသိများလာတော့မှာကိုလည်း မသိနေခဲ့ကြပါဘူး။ဘယ်လောက်ချစ်ဖို့ကောင်းလိုက်တဲ့ love story လေးပါလားဗျာ။
Crd