NEWS

အရက္ေသာက္ခ်င္လာေအာင္ ဘားကျမဴစြယ္ခဲ့တာလို႔ ဆိုၿပီး ဘားကို တရားစြဲခဲ့တဲ့အမ်ိဳးသား ၊ ေဒၚလာ ၅.၅ သန္း အႏိုင္ရ

Written by admm

အရက္ေသာက္ခ်င္လာေအာင္ ဘားကျမဴစြယ္ခဲ့တာလို႔ ဆိုၿပီး ဘားကို တရားစြဲခဲ့တဲ့အမ်ိဳးသား ၊ ေဒၚလာ ၅.၅ သန္း အႏိုင္ရ

 

 

ဆိုင္ထဲမွာမူးလာလို႔ တေယာက္နဲ႕တေယာက္ခ်ၾကရင္ ဘယ္သဴႀကဲႀကဲ ကိုယ့္ကိစၥကိုယ္ရွင္းရမွာပါ။ ဆိုင္ရွင္နဲ႕အေနသာႀကီးျဖစ္သလို ပြဲၿပီးသြားရင္ အပ်က္အစီးဖိုးေလ်ာ္ေၾကးကို ေအးေဆးေတာင္းလို႔ရပါတယ္။ ဒါေပမဲ့ ဒန္နီရယ္ေရာ ဆိုတဲ့အမ်ိဳးသားကေတာ့ သူမ်ားနဲ႕မတူခဲ့ပါဘူး။

၂၀၁၉၊ ေမလ၂၁ရက္ေန႕မွာ ဒန္နီရယ္ေရာဟာ မ်က္ႏွာမွာဖူးေယာင္ေနေအာင္ ထိုးႀကိတ္ခံရပါတယ္။ လာဖိုဂါတာဆိုတဲ့ မကၠဆီကန္နာမည္ႀကီးဘားတခုရဲ႕အထြက္ ကားပါကင္ေပါက္ဝမွာ ေရာဘတ္ဟင္နရစ္ခ္ဆန္ဆိုတဲ့ အမ်ိဳးသားက ႀကိတ္ခဲ့တာျဖစ္ပါတယ္။

 

 

ဘာအေၾကာင္းနဲ႕ထိုးႀကိတ္ခဲ့လဲမသိေပမဲ့ ဒန္နီရယ္ေရာဟာ အမူးလြန္ေနခဲ့ပုံေပၚပါတယ္။ စုတ္ပ်က္ေနေအာင္အထိုးခံရတဲ့အျပင္ ၾကမ္းနဲ႕ပါပြတ္ဆြဲခံရတာေၾကာင့္သူအခုလိုျဖစ္ရတဲ့အေပၚ နာမည္ႀကီး ဉပေဒအက်ိဳးေဆာင္လုပ္ငန္းတခုကို ငွားလိုက္ၿပီး၊ ဘားကို တရားစြဲဖို႔ ျပင္လိုက္ပါတယ္။

 

 

အခုလိုထိုးခံရတာ အရက္ေသာက္ခ်င္ေအာင္ဘားကျမဴစြယ္ခဲ့လို႔ဆိုၿပီးေတာ့ပါ။ ၾကားရတာနည္းနည္းဆန္းေပမဲ့ ၂၀၂၁ခုႏွစ္၊ ဩဂုတႅ ၁၂ရက္ေန႕မွာ ဒန္နီရယ္ေရာဟာ ေလ်ာ္ေၾကးေငြ ေဒၚလာ ၅.၅သန္းကို ငါးရစ္ခြဲနဲ႕ရေစအမိန႔္ကိုလက္ခံရၿပီး၊ တရားနိုင္ခဲ့ပါတယ္။

 

 

နိုင္ခဲ့ရတဲ့အေၾကာင္းက လာဖိုဂါတာဘားရဲ႕ ဘာတနာဟာ ဒန္နီရယ္နဲ႕ ေရာဘတ္ဟင္နစ္ခ္ဆန္ ႏွစ္ေယာက္လုံးကို ေရွ႕ဆင့္ေနာက္ဆင့္ အရက္ေရာင္းခဲ့တာေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ျဖစ္ပါတယ္။ ဘာတနာရဲ႕အျပစ္အတြက္ ပိုင္ရွင္ကတာဝန္ယူေလ်ာ္ေၾကးေပးရမွာပါ။

 

 

လာဖိုဂါတာဟာ နာမည္ႀကီးမကၠဆီကိုဘားတခုျဖစ္ၿပီး၊ ဆိုင္ခြဲေတြအမ်ားအျပားကမၻာအႏွံ႕ဖြင့္လွစ္ထားပါတယ္။ ပုံမွန္ဆိုေဖာက္သည္ကို တေယာက္ခ်င္းစီရွယ္စပ္ေပးရမွာျဖစ္ေပမဲ့ အတူတူအရက္စပ္ေပးလိုက္တာက ကားပါကင္မွာႏွစ္ေယာက္သြားဆုံေအာင္ အခြင့္အေရးဖန္တီးေပးလိုက္သလိုျဖစ္သြားလို႔ပါ။

 

 

အဲဒီအခ်က္ကိုကိုင္ၿပီး၊ ဘားကအတင္းေရာင္းလို႔ ေသာက္ခဲ့ရ၊ အဲဒီေကနမြမူး၊ အတူတူဆုံ၊ အထိုးခံရဆိုတဲ့အဆင့္အဆင့္နဲ႕ တရားစြဲနိုင္ခဲ့တာျဖစ္ပါတယ္။ ပိုဆိုးၾသားတဲ့အခ္ကၠ ထိုးႀကိတ္ခံရထားရတဲ့ ဒန္နီရယ္ေရာကို ဘားဆိုင္ဖက္က လူနာတင္ကားလည္းမေခၚေပးခဲ့တာေၾကာင့္လို႔ သိရပါတယ္။

Crd

Unicode

အရက်သောက်ချင်လာအောင် ဘားကမြူစွယ်ခဲ့တာလို့ ဆိုပြီး ဘားကို တရားစွဲခဲ့တဲ့အမျိုးသား ၊ ဒေါ်လာ ၅.၅ သန်း အနိုင်ရ

ဆိုင်ထဲမှာမူးလာလို့ တယောက်နဲ့တယောက်ချကြရင် ဘယ္သူကြဲကြဲ ကိုယ့်ကိစ္စကိုယ်ရှင်းရမှာပါ။ ဆိုင်ရှင်နဲ့အနေသာကြီးဖြစ်သလို ပွဲပြီးသွားရင် အပျက်အစီးဖိုးလျော်ကြေးကို အေးဆေးတောင်းလို့ရပါတယ်။ ဒါပေမဲ့ ဒန်နီရယ်ရော ဆိုတဲ့အမျိုးသားကတော့ သူများနဲ့မတူခဲ့ပါဘူး။

၂၀၁၉၊ မေလ၂၁ရက်နေ့မှာ ဒန်နီရယ်ရောဟာ မျက်နှာမှာဖူးယောင်နေအောင် ထိုးကြိတ်ခံရပါတယ်။ လာဖိုဂါတာဆိုတဲ့ မက္ကဆီကန်နာမည်ကြီးဘားတခုရဲ့အထွက် ကားပါကင်ပေါက်ဝမှာ ရောဘတ်ဟင်နရစ်ခ်ဆန်ဆိုတဲ့ အမျိုးသားက ကြိတ်ခဲ့တာဖြစ်ပါတယ်။

ဘာအကြောင်းနဲ့ထိုးကြိတ်ခဲ့လဲမသိပေမဲ့ ဒန်နီရယ်ရောဟာ အမူးလွန်နေခဲ့ပုံပေါ်ပါတယ်။ စုတ်ပျက်နေအောင်အထိုးခံရတဲ့အပြင် ကြမ်းနဲ့ပါပွတ်ဆွဲခံရတာကြောင့်သူအခုလိုဖြစ်ရတဲ့အပေါ် နာမည်ကြီး ဉပဒေအကျိုးဆောင်လုပ်ငန်းတခုကို ငှားလိုက်ပြီး၊ ဘားကို တရားစွဲဖို့ ပြင်လိုက်ပါတယ်။

အခုလိုထိုးခံရတာ အရက်သောက်ချင်အောင်ဘားကမြူစွယ်ခဲ့လို့ဆိုပြီးတော့ပါ။ ကြားရတာနည်းနည်းဆန်းပေမဲ့ ၂၀၂၁ခုနှစ်၊ ဩဂုတ္လ ၁၂ရက်နေ့မှာ ဒန်နီရယ်ရောဟာ လျော်ကြေးငွေ ဒေါ်လာ ၅.၅သန်းကို ငါးရစ်ခွဲနဲ့ရစေအမိန့်ကိုလက်ခံရပြီး၊ တရားနိုင်ခဲ့ပါတယ်။

နိုင်ခဲ့ရတဲ့အကြောင်းက လာဖိုဂါတာဘားရဲ့ ဘာတနာဟာ ဒန်နီရယ်နဲ့ ရောဘတ်ဟင်နစ်ခ်ဆန် နှစ်ယောက်လုံးကို ရှေ့ဆင့်နောက်ဆင့် အရက်ရောင်းခဲ့တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဘာတနာရဲ့အပြစ်အတွက် ပိုင်ရှင်ကတာဝန်ယူလျော်ကြေးပေးရမှာပါ။

လာဖိုဂါတာဟာ နာမည်ကြီးမက္ကဆီကိုဘားတခုဖြစ်ပြီး၊ ဆိုင်ခွဲတွေအများအပြားကမ်ဘာအနှံ့ဖွင့်လှစ်ထားပါတယ်။ ပုံမှန်ဆိုဖောက်သည်ကို တယောက်ချင်းစီရှယ်စပ်ပေးရမှာဖြစ်ပေမဲ့ အတူတူအရက်စပ်ပေးလိုက်တာက ကားပါကင်မှာနှစ်ယောက်သွားဆုံအောင် အခွင့်အရေးဖန်တီးပေးလိုက်သလိုဖြစ်သွားလို့ပါ။

အဲဒီအချက်ကိုကိုင်ပြီး၊ ဘားကအတင်းရောင်းလို့ သောက်ခဲ့ရ၊ အဲဒီကေနမွမူး၊ အတူတူဆုံ၊ အထိုးခံရဆိုတဲ့အဆင့်အဆင့်နဲ့ တရားစွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ပိုဆိုးသြားတဲ့အခ်က္က ထိုးကြိတ်ခံရထားရတဲ့ ဒန်နီရယ်ရောကို ဘားဆိုင်ဖက်က လူနာတင်ကားလည်းမခေါ်ပေးခဲ့တာကြောင့်လို့ သိရပါတယ်။

Crd

About the author

admm