ထီေပါက္ခဲ့တဲ့အေၾကာင္းကို ၁၀ႏွစ္ၾကာ လွ်ို႔ဝွက္ထားခဲ့တဲ့ လင္မယား၊ လူ ၃၀ကို ဘဝေျပာင္းေပးခဲ့

ထီေပါက္ခဲ့တဲ့အေၾကာင္းကို ၁၀ႏွစ္ၾကာ လွ်ို႔ဝွက္ထားခဲ့တဲ့ လင္မယား၊ လူ ၃၀ကို ဘဝေျပာင္းေပးခဲ့

 

 

မန္စီးတီးအသင္းအမာခံပရိသတ္ လင္မယားႏွစ္ဦးဟာ လြန္ခဲ့တဲ့ ၁၀ႏွစ္က သူတို႔ထီဆုႀကီးေပါက္ခဲ့တာကို လွ်ို႔ဝွက္ထားခဲ့ၿပီး၊ သန္းႂကြယ္သူေဌးဘဝကို လူမသိသူမသိခံယူခဲ့ပါတယ္။ သားေတြ၊ သမီးေတြသိလာမွသာ ထီေပါက္ခဲ့ေၾကာင္းဝန္ခံခဲ့လို႔ လက္ရွိဆိုရွယ္မီဒီယာမွာ ခ်ီးက်ဴးခံေနရပါတယ္။

ရွာ႐ြန္နဲ႕ နဂ္ယၼက္သာဆိုတဲ့ လင္မယားဟာ ၂၀၁၀ခုႏွစ္မွာ ေပါင္ ၁၂.၄သန္းတန္ဖိုးရွိတဲ့ ထီဆုႀကီးေပါက္ခဲ့ပါတယ္။ အဲဒီကာလတုန္းကအေနအထားနဲ႕တြက္ရင္ ခ်က္ခ်င္းကို သန္းႂကြယ္သူေဌးအျဖစ္ ထိပ္တန္းစာရင္းဝင္နိုင္သူေတြျဖစ္ေပမဲ့ ထီေပါက္ခဲ့တဲ့အေၾကာင္းကို လွ်ို႔ဝွက္ဖို႔ဆုံးျဖတ္လိုက္ပါတယ္။

 

 

နာမည္မႀကီးခ်င္တာနဲ႕ နဂိုကတည္းက သာမန္ဝန္ထမ္းေတြျဖစ္တာေၾကာင့္ ဟိတ္ဟန္မလုပ္ခဲ့ပါဘူး။ အဲဒီအစား ထီေပါက္တဲ့အထဲက ပိုက္ဆံေတြကို သူငယ္ခ်င္း၊ အဆင္မေျပတဲ့ မိသားစုဝင္ေတြကို ဝန္ထမ္းဘဝကလြတ္ဖို႔ ခ်က္လက္မွတ္ေတြေရးေပးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

 

 

အေယာက္ ၃၀တိတိ ခ်က္လက္မွတ္တေစာင္စီေရးေပးခဲ့ကာ ဝန္ထမ္းဘဝကေန အိမ္ပိုင္ယာပိုင္ျဖစ္လာဖို႔ကူညီေပးနိုင္ခဲ့ပါတယ္။ နည္းနည္းလိုသူ နည္းနည္း၊ မ္ားမ္ားလိုသူမ္ားမ္ား ကူညီခဲ့ၿပီး၊ ထီေပါက္တယ္လို႔လည္း မေျပာခဲ့ပါဘူး။ သူငယ္ခ်င္းေတြကေတာ့ ရိပ္မိေနပါတယ္။

 

 

ထီေပါက္တုန္းက သားတေယာက္ပဲရွိေသးေပမဲ့ ၂၀၂၁အေရာက္မွာ သားသမီးသုံးေယာက္ရွိလာခဲ့တဲ့ လင္မယားဟာ ကေလးေတြရဲ႕ထက္ျမက္မႈေၾကာင့္ ထီေပါက္တာေပၚသြားခဲ့ပါတယ္။ သူတို႔မိဘေတြဟာ သန္းႂကြယ္သူေဌးေတြျဖစ္ၿပီး၊ မန္ခ်က္စတာၿမိဳ႕မွာ လူကုံထံစာရင္းဝင္ဆိုတာကို အင္တာနက္ကေနသိသြားခဲ့တာပါ။

 

 

အင္တာနက္ထုံစံအတိုင္း နာမည္ႀကီးသြားခ်ိန္မွာ ရွာ႐ြန္တို႔လင္မယားက ဝန္ခံခဲ့ၿပီး၊ မန္စီးတီးအသင္းနဲ႕ဓာတ္ပုံေတြရိုက္ဖူးေၾကာင္းပါ ေျပာျပခဲ့ပါတယ္။ အခုလိုထီဆုႀကီးေပါက္ၿပီး လူေတြကို ကူညီခဲ့တာေတာင္ ႏွစ္ေတြအၾကာႀကီး လွ်ို႔ဝွက္ထားနိုင္တာကလည္း နာမည္မႀကီးခ်င္တာေၾကာင့္လို႔ သိရပါတယ္။

Crd

Unicode

ထီပေါက်ခဲ့တဲ့အကြောင်းကို ၁၀နှစ်ကြာ လျှို့ဝှက်ထားခဲ့တဲ့ လင်မယား၊ လူ ၃၀ကို ဘဝပြောင်းပေးခဲ့

မန်စီးတီးအသင်းအမာခံပရိသတ် လင်မယားနှစ်ဦးဟာ လွန်ခဲ့တဲ့ ၁၀နှစ်က သူတို့ထီဆုကြီးပေါက်ခဲ့တာကို လျှို့ဝှက်ထားခဲ့ပြီး၊ သန်းကြွယ်သူဌေးဘဝကို လူမသိသူမသိခံယူခဲ့ပါတယ်။ သားတွေ၊ သမီးတွေသိလာမှသာ ထီပေါက်ခဲ့ကြောင်းဝန်ခံခဲ့လို့ လက်ရှိဆိုရှယ်မီဒီယာမှာ ချီးကျူးခံနေရပါတယ်။

ရှာရွန်နဲ့ နဂ်ယ္မက္သာဆိုတဲ့ လင်မယားဟာ ၂၀၁၀ခုနှစ်မှာ ပေါင် ၁၂.၄သန်းတန်ဖိုးရှိတဲ့ ထီဆုကြီးပေါက်ခဲ့ပါတယ်။ အဲဒီကာလတုန်းကအနေအထားနဲ့တွက်ရင် ချက်ချင်းကို သန်းကြွယ်သူဌေးအဖြစ် ထိပ်တန်းစာရင်းဝင်နိုင်သူတွေဖြစ်ပေမဲ့ ထီပေါက်ခဲ့တဲ့အကြောင်းကို လျှို့ဝှက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

နာမည်မကြီးချင်တာနဲ့ နဂိုကတည်းက သာမန်ဝန်ထမ်းတွေဖြစ်တာကြောင့် ဟိတ်ဟန်မလုပ်ခဲ့ပါဘူး။ အဲဒီအစား ထီပေါက်တဲ့အထဲက ပိုက်ဆံတွေကို သူငယ်ချင်း၊ အဆင်မပြေတဲ့ မိသားစုဝင်တွေကို ဝန်ထမ်းဘဝကလွတ်ဖို့ ချက်လက်မှတ်တွေရေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အယောက် ၃၀တိတိ ချက်လက်မှတ်တစောင်စီရေးပေးခဲ့ကာ ဝန်ထမ်းဘဝကနေ အိမ်ပိုင်ယာပိုင်ဖြစ်လာဖို့ကူညီပေးနိုင်ခဲ့ပါတယ်။ နည်းနည်းလိုသူ နည်းနည်း၊ မ်ားမ်ားလိုသူမ်ားမ်ား ကူညီခဲ့ပြီး၊ ထီပေါက်တယ်လို့လည်း မပြောခဲ့ပါဘူး။ သူငယ်ချင်းတွေကတော့ ရိပ်မိနေပါတယ်။

ထီပေါက်တုန်းက သားတယောက်ပဲရှိသေးပေမဲ့ ၂၀၂၁အရောက်မှာ သားသမီးသုံးယောက်ရှိလာခဲ့တဲ့ လင်မယားဟာ ကလေးတွေရဲ့ထက်မြက်မှုကြောင့် ထီပေါက်တာပေါ်သွားခဲ့ပါတယ်။ သူတို့မိဘတွေဟာ သန်းကြွယ်သူဌေးတွေဖြစ်ပြီး၊ မန်ချက်စတာမြို့မှာ လူကုံထံစာရင်းဝင်ဆိုတာကို အင်တာနက်ကနေသိသွားခဲ့တာပါ။

အင်တာနက်ထုံစံအတိုင်း နာမည်ကြီးသွားချိန်မှာ ရှာရွန်တို့လင်မယားက ဝန်ခံခဲ့ပြီး၊ မန်စီးတီးအသင်းနဲ့ဓာတ်ပုံတွေရိုက်ဖူးကြောင်းပါ ပြောပြခဲ့ပါတယ်။ အခုလိုထီဆုကြီးပေါက်ပြီး လူတွေကို ကူညီခဲ့တာတောင် နှစ်တွေအကြာကြီး လျှို့ဝှက်ထားနိုင်တာကလည်း နာမည်မကြီးချင်တာကြောင့်လို့ သိရပါတယ်။

Crd