Life style
Written by admm
Crd
Unicode
ပုံကြည့်လိုက်သည်နှင့် အလုပ်တစ်ခါတည်းရအောင်ဆိုပြီး အလှဆုံးသော ပို့စ်ပေးနည်းလေးနဲ့ အလုပ်လျှောက်ခဲ့သော အမျိုးသား
လူမှန်ရင် အလုပ်တစ်ခုတော့ ရှိရပြီး အလုပ်များသည်လည်း တဖြည်းဖြည်းရှားပါးလာကာ အလုအယှက် လျှောက်ကြရသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်လျှောက်ခဲ့ရာ Cvဖောင်နှင့် တစ်လက်မအရွယ်အစားရှိ ဓာတ်ပုံလေးနှင့်အတူ ရလိုရငြားအလုပ်လျှောက်ခဲ့သည်။
အမျိုးသားဧ။် အလုပ်လျှောက်ပုံ ထူးခြားချက်မှာ ဓာတ်ပုံတွင် ရင့်ကျက်တည်ငြိမ်သော ပုံစံမျိုးမဟုတ်ပဲ အများနှင့်မတူသည့် ပိုစ့်ပေးနည်းအသစ်နှင့်အတူ ဖောင်တွင် ကပ်ပါပေးခဲ့သည်။
ထို့အတူ လိုအပ်သည့် ကိုယ်ရေးရာဇဝင်အား ဖြည့်ခိုင်းသည့် ဖောင်တွင်လည်း အသက်အရွယ်နေရာတွင် မောင်နှမသုံးယောက်ရှိသည့်အနက် သူသည်အကြီးသားဖြစ်ပြီး အချောဆုံးဖြစ်သည်ဆိုပြီး ဖြည့်ခဲ့သည်။
ထို့နောက် ဖုန်းနံပါတ်နေရာတွင် သူကိုင်သော ဖုန်းအမျိုးအစား Samsungကို ထည့်ခဲ့ပြီး မွေးဖွားရာ ဇာတိတွင် ဆေးရုံဟုဖြည့်စွက်ပြီးနောက် ကျန်းမာရေးနှင့်ပက်သက်ပြီး ရောဂါရှိမရှိ နေရာတွင် သီချင်းစာသားအား ထည့်ရေးခဲ့ခြင်းဖြင့် ဖောင်ကိုစစ်ဆေးသူများမှာ မရယ်ပဲမနေနိုင်ဖြစ်ခဲ့ကြသည်။
Crd
About the author
admm