Life style


Written by admm


 

 



 

 



 

 

ကောင်လေးသည် ပိုက်ဆံသာ အများကြီးထည့်ပေးပြီး မိခင်ဖြစ်သူ နေမကောင်းဖြစ်နေချိန်မှာပင် လူကိုယ်တိုင် တစ်ခါမှလာမတွေ့ပဲ သက်သာမည့်ဆေးတွေကို ထည့်ပေးခြင်းဖြင့် တစ်နှစ်တစ်ခါလေးတောင် လာမလည်ခဲ့ပေ။


 

 


Crd

Unicode

လတိုင်းပိုက်ဆံသာပို့ပေးပြီး လူကိုယ်တိုင်ကျတစ်ခါမှအိမ်ပြန်မလာခဲ့သော သားလေးကို လွမ်းတဲ့စိတ်ကြောင့် ထမင်းလက်ဆုံစားနေသည့် ပန်းချီကားလေးဆွဲပြီး စောင့်ခဲ့သော မိခင်အိုကြီး

မိဘတိုင်းသည် အသက်ကြီးလာသည့်အခါ သူတို့သားသမီးလေးတွေကို အနားမွာ ရှိစေချင်ပြီး နွေးထွေးကြင်နာမှုလေးတွေ ရချင်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၉၀နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားလေးတစ်ယောက်ရှိကာ ကျေးလက်ဒေသတွင် နေထိုင်ရင်း သားဖြစ်သူကို ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားပေးခဲ့သည်။

သားဖြစ်သူလည်း အရွယ်ရောက်လာပြီး ပညာတတ်ကြီးလည်း ဖြစ်သည့်အခါ မဖွံ့မဖြိုးဖြစ်နေသောကျေးလက်ဒေသတွင် မနေချင်တော့ပဲ မိခင်နှင့်ခွဲကာ မြို့တက်ပြီး အလုပ်လုပ်ကိုင်ခဲ့သည်။

ကောင်လေးသည် အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်သည့်အတွက် နောက်ဆုံးတွင် ကိုယ်ပိုင်စီးပွားရေးနှင့် အောင်မြင်ခဲ့ပြီး မိခင်ဖြစ်သူဆီကိုလည်း လစဉ်ပိုက်ဆံများစွာ ထည့်ပေးခဲ့သည်။

ကောင်လေးသည် ပိုက္ဆံသာ အများကြီးထည့်ပေးပြီး မိခင်ဖြစ်သူ နေမကောင်းဖြစ်နေချိန်မှာပင် လူကိုယ်တိုင် တစ်ခါမှလာမတွေ့ပဲ သက်သာမည့်ဆေးတွေကို ထည့်ပေးခြင်းဖြင့် တစ်နှစ်တစ်ခါလေးတောင် လာမလည်ခဲ့ပေ။

မိခင်ဖြစ်သူသည် ဘယ်တော့များပြန်လာမလဲဆိုပြီး သားဖြစ်သူကို လက်ချိုးရေကာ နံရံတွင် ထမင်းလက်ဆုံစားနေသည့် ပန်းချီကားလေးအား ဆွဲရင်း စောင့်မျှော်နေခဲ့ရှာသည်။

နောက်ဆုံး သားမိုက်သည် မိခင်ဖြစ်သူ ဆုံးပါးသြားမွသာ ရောက်လာခဲ့ပြီး မိခင်ဧ။်အိတ်ကပ်ထဲတွင် အကြွေစေ့လေးအချို့သာ တွေ့ရှိခဲ့ရပြီး အံ့အားသင့်ခဲ့ရာ မိခင်အိုကြီးသည် သားဖြစ်သူ လစဉ်ပို့တဲ့ငွေအားလုံးကို ရပ်ရွာထဲတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်ကို သိရှိပြီးနောက် နောင်တများစွာနှင့် ငိုကြွေးခဲ့သည်။

Crd

About the author

admm