NEWS

ကိုယ့္ကိုကိုက္တဲ့ ေႁမြကိုျပန္ကိုက္ရင္ အသက္႐ွင္တယ္ဆိုလို႔ ျပန္ကိုက္ခဲ့တဲ့ အမ်ိဳးသား

Written by admm

ကိုယ့္ကိုကိုက္တဲ့ ေႁမြကိုျပန္ကိုက္ရင္ အသက္႐ွင္တယ္ဆိုလို႔ ျပန္ကိုက္ခဲ့တဲ့ အမ်ိဳးသား

 

 

အိႏၵိယနိုင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ သူ႕ကို ေႁမြက ကိုက္ခဲ့တာေၾကာင့္ အဲဒီေႁမြကို ျပန္ကိုက္ခဲ့ပါတယ္။ သူတို႔ အရပ္ထဲမွာေတာ့ ကိုက္တဲ့ေႁမြကို ျပန္ကိုက္နိုင္ရင္ ပိုးထိလူနာ အသက္ရွင္တယ္ဆိုတဲ့ ယုံတမ္းစကားကလည္း ရွိထားတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အဆိုပါ အမ်ိဳးသားက ေျပာတဲ့အတိုင္း တေသြမတိမ္း လိုက္လုပ္ခဲ့တာပါ။

အမ်ိဳးသားရဲ႕အမည္ကေတာ့ Kishore Badra (ကစ္ရွိုရီ ဘာဒရာ)ျဖစ္ပါတယ္။ သူဟာ အသက္(၄၅)ႏွစ္ျဖစ္ၿပီး၊ ဥဒိႆျပည္နယ္၊ Jaipur ခရိုင္၊ Gambharipatia (ဂမၻဟာရီပါတီယာ) အမည္ရ ေက်း႐ြာေလးမွာ ေနထိုင္သူပါ။ သူဟာ ေခါင္းမာသူတစ္ေယာက္ျဖစ္ၿပီး အဆိပ္ျပင္း ငန္းေတာ္က်ားေႁမြအကိုက္ခံရတယ္ဆိုတာ သိေပမယ့္ ေဆး႐ုံမသြာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

 

 

ဘာဒရာဟာ သူပိုင္ဆိုင္တဲ့ ေကာက္ပဲသီးႏွံခင္းကို သြားၾကည့္ၿပီး အိမ္အျပန္မွာ ငန္းေတာ္က်ားက ေျခေထာက္ကို မိမိရရ ကိုက္ခဲခဲ့တာျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၁၁)ရက္ ဗုဒၶဟူးေန႕ ညေနေမွာင္စပ်ိဳးခ်ိန္က ျဖစ္ခဲ့တာပါ။ သူဟာ ကိုက္သြားတဲ့ေႁမြကို လက္ခ်ည္းဗလာသက္သက္နဲ႕ မိေအာင္ ဖမ္းနိုင္ခဲ့ပါတယ္။

အဲဒီေနာက္ ကာယကံရွင္ ငန္းေတာ္က်ားေႁမြကို အပိုင္းပိုင္းျဖစ္ေအာင္ ျပန္ကိုက္ခဲ့တာပါ။ ဒီလို လုပ္ျခင္းအားျဖင့္ ေႁမြကို တန္ျပန္လက္စားေခ်နိဳင္ၿပီျဖစ္လို႔ သူ႕အေနနဲ႕ ေသမယ္ဆိုရင္ေတာင္ ေသေပ်ာ္ၿပီလို႔ ေျပာပါတယ္။ ေႁမြကို မေသမခ်င္း ျပန္ကိုက္ခဲ့ၿပီးေနာက္၊ သူလည္း ေႁမြဆိပ္သင့္ၿပီး မလႈပ္နိုင္မယွက္နိုင္ ျဖစ္ခဲ့ေပမယ့္ အံ့အားသင့္ဖြယ္ရာ အသက္ရွင္ခဲ့ပါတယ္။

 

 

ဘာဒရာက အဲဒီညက ကြၽန္ေတာ့္ေျခေထာက္ကို မီးစနဲ႕ထိုးလိုက္သလို ပူသြားတယ္ ကြၽန္ေတာ္လည္း လက္ႏွိပ္ဓာတ္မီးနဲ႕ ဟိုဟိုသည္သည္ ထိုးၾကည့္ေတာ့ အဆိပ္ျပင္းငန္းေတာ္က်ားႀကီးတစ္ေကာင္ကို ေတြ႕တယ္ ဒါနဲ႕ လက္နဲ႕ဖမ္းၿပီး လက္စားေခ်တဲ့အေနနဲ႕ အပိုင္းပိုင္းျဖစ္ေအာင္ ျပန္ကိုက္လိုက္တာ ဒီေႁမြလည္း ေနရာမွာ ပြဲခ်င္းပဲလို႔ ေျပာပါတယ္။

သူဟာ အပိုင္းပိုင္းျပတ္ေနတဲ့ ေႁမြေသကို အိမ္အထိ ယူလာၿပီး ဇနီးထံ ျပခဲ့ပါတယ္။ ဇနီးသည္ကလည္း အိမ္နီးနားခ်င္းေတြကို ေအာ္ဟစ္အကူအညီ ေတာင္းခဲ့ပါတယ္။ အားလုံးက ေဆး႐ုံပို႔ဖို႔ ျပင္ဆင္ၾကေပမယ့္ ဘာဒရာေကတာ့ ေဆး႐ုံမသြားနိုင္ဘူး၊ မသြားခ်င္ဘူးလို႔ ေျပာပါတယ္။ အျခားသတင္းတစ္ရပ္မွာေတာ့ ဘာဒရာကို ေႁမြေပြးကိုက္ခံရတာလို႔ ေဖာ္ျပထားၿပီး၊

 

 

သတင္းေတာ္ေတာ္မ်ားမ်ားမွာေတာ့ Krait snake (ငန္းေတာ္က်ား)က ကိုက္ခဲ့တာလို႔ ဆိုပါတယ္။ အားလုံး သိထားသင့္တာက အဆိပ္ျပင္းသတၱဝါေတြ ကိုက္ခံရလွ်င္ ေဆး႐ုံေဆးခန္း သြားေရာက္ၿပီး ကုသမႈ ခံယူသင့္ပါတယ္။ ဘာဒရာ အသက္မေသတာကေတာ့ ကံေကာင္းလို႔သာ ျဖစ္နိုင္ၿပီး၊ အျခားတစ္ဖက္မွာလည္း ေႁမြဆိပ္က ေသြးထဲ ေအာင္ျမင္စြာ မေရာက္ရွိခဲ့လို႔သာ ျဖစ္နိုင္တယ္လို႔ သုံးသပ္ရပါတယ္။

Crd

Unicode

ကိုယ့်ကိုကိုက်တဲ့ မြွေကိုပြန်ကိုက်ရင် အသက်ရှင်တယ်ဆိုလို့ ပြန်ကိုက်ခဲ့တဲ့ အမျိုးသား

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ့ကို မြွေက ကိုက်ခဲ့တာကြောင့် အဲဒီမြွေကို ပြန်ကိုက်ခဲ့ပါတယ်။ သူတို့ အရပ်ထဲမှာတော့ ကိုက်တဲ့မြွေကို ပြန်ကိုက်နိုင်ရင် ပိုးထိလူနာ အသက်ရှင်တယ်ဆိုတဲ့ ယုံတမ်းစကားကလည်း ရှိထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဆိုပါ အမျိုးသားက ပြောတဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်ခဲ့တာပါ။

အမျိုးသားရဲ့အမည်ကတော့ Kishore Badra (ကစ်ရှိုရီ ဘာဒရာ)ဖြစ်ပါတယ်။ သူဟာ အသက်(၄၅)နှစ်ဖြစ်ပြီး၊ ဥဒိဿပြည်နယ်၊ Jaipur ခရိုင်၊ Gambharipatia (ဂမ္ဘဟာရီပါတီယာ) အမည်ရ ကျေးရွာလေးမှာ နေထိုင်သူပါ။ သူဟာ ခေါင်းမာသူတစ်ယောက်ဖြစ်ပြီး အဆိပ်ပြင်း ငန်းတော်ကျားမြွေအကိုက်ခံရတယ်ဆိုတာ သိပေမယ့် ဆေးရုံမသွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘာဒရာဟာ သူပိုင်ဆိုင်တဲ့ ကောက်ပဲသီးနှံခင်းကို သွားကြည့်ပြီး အိမ်အပြန်မှာ ငန်းတော်ကျားက ခြေထောက်ကို မိမိရရ ကိုက်ခဲခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၁)ရက် ဗုဒ္ဓဟူးနေ့ ညနေမှောင်စပျိုးချိန်က ဖြစ်ခဲ့တာပါ။ သူဟာ ကိုက်သွားတဲ့မြွေကို လက်ချည်းဗလာသက်သက်နဲ့ မိအောင် ဖမ်းနိုင်ခဲ့ပါတယ်။

အဲဒီနောက် ကာယကံရှင် ငန်းတော်ကျားမြွေကို အပိုင်းပိုင်းဖြစ်အောင် ပြန်ကိုက်ခဲ့တာပါ။ ဒီလို လုပ်ခြင်းအားဖြင့် မြွေကို တန်ပြန်လက်စားချေနိုင်ပြီဖြစ်လို့ သူ့အနေနဲ့ သေမယ်ဆိုရင်တောင် သေပျော်ပြီလို့ ပြောပါတယ်။ မြွေကို မသေမချင်း ပြန်ကိုက်ခဲ့ပြီးနောက်၊ သူလည်း မြွေဆိပ်သင့်ပြီး မလှုပ်နိုင်မယှက်နိုင် ဖြစ်ခဲ့ပေမယ့် အံ့အားသင့်ဖွယ်ရာ အသက်ရှင်ခဲ့ပါတယ်။

ဘာဒရာက အဲဒီညက ကျွန်တော့်ခြေထောက်ကို မီးစနဲ့ထိုးလိုက်သလို ပူသွားတယ် ကျွန်တော်လည်း လက်နှိပ်ဓာတ်မီးနဲ့ ဟိုဟိုသည်သည် ထိုးကြည့်တော့ အဆိပ်ပြင်းငန်းတော်ကျားကြီးတစ်ကောင်ကို တွေ့တယ် ဒါနဲ့ လက်နဲ့ဖမ်းပြီး လက်စားချေတဲ့အနေနဲ့ အပိုင်းပိုင်းဖြစ်အောင် ပြန်ကိုက်လိုက်တာ ဒီမြွေလည်း နေရာမှာ ပွဲချင်းပဲလို့ ပြောပါတယ်။

သူဟာ အပိုင်းပိုင်းပြတ်နေတဲ့ မြွေသေကို အိမ်အထိ ယူလာပြီး ဇနီးထံ ပြခဲ့ပါတယ်။ ဇနီးသည်ကလည်း အိမ်နီးနားချင်းတွေကို အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ အားလုံးက ဆေးရုံပို့ဖို့ ပြင်ဆင်ကြပေမယ့် ဘာဒရာကေတာ့ ဆေးရုံမသွားနိုင်ဘူး၊ မသွားချင်ဘူးလို့ ပြောပါတယ်။ အခြားသတင်းတစ်ရပ်မှာတော့ ဘာဒရာကို မြွေပွေးကိုက်ခံရတာလို့ ဖော်ပြထားပြီး၊

သတင်းတော်တော်များများမှာတော့ Krait snake (ငန်းတော်ကျား)က ကိုက်ခဲ့တာလို့ ဆိုပါတယ်။ အားလုံး သိထားသင့်တာက အဆိပ်ပြင်းသတ္တဝါတွေ ကိုက်ခံရလျှင် ဆေးရုံဆေးခန်း သွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဘာဒရာ အသက်မသေတာကတော့ ကံကောင်းလို့သာ ဖြစ်နိုင်ပြီး၊ အခြားတစ်ဖက်မှာလည်း မြွေဆိပ်က သွေးထဲ အောင်မြင်စွာ မရောက်ရှိခဲ့လို့သာ ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

Crd

About the author

admm