

 

 


 

 


 

 


Crd

Unicode

တစ်သက်လုံး မိန်းမမရတော့ဘူးဟု ထင်ထားခဲ့သော်လည်း ချစ်သူကောင်မလေးနှင့် တရားရုံးတွင် လက်မှတ်ထိုးပြီး မိန်းမအမှန်တကယ်ရခဲ့လို့ အပျော်လွန်ကာ ငိုကြွေးနေခဲ့သည့် ကောင်လေး

 

 

အချို့လူငယ်များဟာ ဖွင့်မပြောရဲခြင်း အားငယ်နေခြင်းတို့ကြောင့် ချစ်သူရည်းစားမရဘဲ တစ်ကိုယ်တည်းနေထိုင်နေရပါတယ်။လူတိုင်းဟာ အချစ်ကို ခံစားနိုင်ကြသော်လည်း ချစ်မြတ်နိုးမှုကတော့ လူတိုင်းမရခဲ့တာဖြစ်ပါတယ်။

 

 

ယခုတွင်တော့ ဗီယက်နမ်မှ ကောင်လေးတစ်ဦးဟာ သူ့ကို ချစ်လာမည့်သူ ရှိလာလိမ့်မည်မဟုတ်ဘူးဟု ထင်မှတ်ထားခဲ့ပုံရပါတယ်။သို့သော်လည်း ကံတရားများကြောင့် အချစ်စစ်နှင့် ချစ်ရမည့်ကောင်မလေးဟာ သူ့အတွက်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

 

ထို့ကြောင့် ချစ်သူကောင်မလေးရခဲ့ပြီး တရားရုံးတွင် လက်မှတ်ထိုးကာ လက်ထပ်နိုင်ခဲ့သောအခါ အပျော်လွန်သွားခဲ့ပါတယ်။ကောင်လေးဟာ တရားရုံးထဲက ထွက်လာသည်နှင့် ပျော်ရွင်မှုကို ဟန်မဆောင်နိုင်တော့ဘဲ ငိုချလိုက်တာဖြစ်ပါတယ်။

Crd